တရားစြဲဆိုခံရသည့္ မဲ႐ုံတာဝန္က် ဆရာဆရာမမ်ားဘက္မွ ျမန္မာနိုင္ငံေရွ႕ေနမ်ားကြန္ရက္ ကူညီေပးမည္

Zawgyi ျဖင့္ဖတ္ရန္

တရားစြဲဆိုခံရသည့္ မဲ႐ုံတာဝန္က် ဆရာဆရာမမ်ားဘက္မွ ျမန္မာနိုင္ငံေရွ႕ေနမ်ားကြန္ရက္ ကူညီေပးမည္

ရန္ကုန္၊၂၀၂၀၊ဒီဇင္ဘာ၃ရက္

မဲ႐ုံတာဝန္က် ဆရာဆရာမမ်ားအား တရားစြဲဆိုသည့္အမွုမ်ားတြင္ ျမန္မာနိုင္ငံေရွ႕ေနမ်ားကြန္ရက္က အခမဲ့လိုက္ပါကူညီေဆာင္ရြက္မ်ားမည္ဟု ကြန္ရက္မွ အတြင္းေရးမွူး ဦးေရာဘတ္စန္းေအာင္က ေျပာသည္။

” ကၽြန္ေတာ္တို့ကေတာ့ လိုအပ္တဲ့အတိုင္းအတာအထိ ကူညီေပးသြားမယ္။ ဘယ္မွာေတာ့ တရားစြဲခံရတယ္ဆိုတာ ကၽြန္ေတာ္တို့စီ တင္ျပအကူအညီေတာင္းလာမယ္ဆိုရင္ ကြန္ရက္ဘက္ကလည္း ေရွ႕ေနေတြ အလွည့္က်နဲ႔ ေဆာင္ရြက္ေပးသြားမွာပါ “ဟု ဦးေရာဘတ္စန္းေအာင္က ေျပာသည္။

ေရြးေကာက္ပြဲတြင္ ေအာင္ျမင္သူႏွင့္ မေအာင္ျမင္သူတို့အၾကား အျငင္းပြားမွုကို ေရြးေကာက္ပြဲေကာ္မရွင္သို့သာ အဆုံးအျဖတ္ခံယူရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါကူးစက္ခံရသည္အထိ ျဖစ္ခဲ့ရေသာ ဆရာ၊ဆရာမအေပါင္းကို တရားဥပေဒေၾကာင္းအရ ေဆာင္ရြက္လာေၾကာင္း ၾကားသိရ၍ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ အမွုစြဲဆိုမွုမ်ား ထပ္မံမျပဳလုပ္ပဲ စြဲဆိျဳပီးသားအမွုမ်ားကို ျပန္လည္႐ုပ္သိမ္းသင့္ေၾကာင္း ျမန္မာနိုင္ငံေရွ႕ေနမ်ားကြန္ရက္က ယေန႔(ဒီဇင္ဘာ ၃ရက္)တြင္ သေဘာထားထုတ္ျပန္ခဲ့သည္။

မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ့နယ္၊ ေပ်ာ္ကုန္းအုပ္စု မဲ႐ုံတာဝန္က် မူလတန္းေက်ာင္းအုပ္ဆရာမႀကီးအား ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္က ေရြးေကာက္ပြဲဥပေဒပုဒ္မ ၆၁(က) ျဖင့္တရားစြဲဆိုထားသည့္ အမွုတြင္လည္း ျမန္မာနိုင္ငံေရွ႕ေနမ်ားကြန္ရက္မွ ေရွ႕ေန ဦးသိန္းသန္းဦးက လိုက္ပါကူညီေနေၾကာင္း သိရသည္။

Myanmar Harp/မင္းေမာင္

Unicode ျဖင့္ဖတ္ရန္

တရားစွဲဆိုခံရသည့် မဲရုံတာဝန်ကျ ဆရာဆရာမများဘက်မှ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ကူညီပေးမည်

ရန်ကုန်၊၂၀၂၀၊ဒီဇင်ဘာ၃ရက်

မဲရုံတာဝန်ကျ ဆရာဆရာမများအား တရားစွဲဆိုသည့်အမှုများတွင် မြန်မာနိုင်ငံရှေ့နေများကွန်ရက်က အခမဲ့လိုက်ပါကူညီဆောင်ရွက်များမည်ဟု ကွန်ရက်မှ အတွင်းရေးမှူး ဦးရောဘတ်စန်းအောင်က ပြောသည်။

” ကျွန်တော်တို့ကတော့ လိုအပ်တဲ့အတိုင်းအတာအထိ ကူညီပေးသွားမယ်။ ဘယ်မှာတော့ တရားစွဲခံရတယ်ဆိုတာ ကျွန်တော်တို့စီ တင်ပြအကူအညီတောင်းလာမယ်ဆိုရင် ကွန်ရက်ဘက်ကလည်း ရှေ့နေတွေ အလှည့်ကျနဲ့ ဆောင်ရွက်ပေးသွားမှာပါ “ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ရွေးကောက်ပွဲတွင် အောင်မြင်သူနှင့် မအောင်မြင်သူတို့အကြား အငြင်းပွားမှုကို ရွေးကောက်ပွဲကော်မရှင်သို့သာ အဆုံးအဖြတ်ခံယူရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကူးစက်ခံရသည်အထိ ဖြစ်ခဲ့ရသော ဆရာ၊ဆရာမအပေါင်းကို တရားဥပဒေကြောင်းအရ ဆောင်ရွက်လာကြောင်း ကြားသိရ၍ စိတ်မကောင်းဖြစ်ရကြောင်း၊ အမှုစွဲဆိုမှုများ ထပ်မံမပြုလုပ်ပဲ စွဲဆိြုပီးသားအမှုများကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ယနေ့(ဒီဇင်ဘာ ၃ရက်)တွင် သဘောထားထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ကုန်းအုပ်စု မဲရုံတာဝန်ကျ မူလတန်းကျောင်းအုပ်ဆရာမကြီးအား ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၁(က) ဖြင့်တရားစွဲဆိုထားသည့် အမှုတွင်လည်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးသိန်းသန်းဦးက လိုက်ပါကူညီနေကြောင်း သိရသည်။

Myanmar Harp/မင်းမောင်

Leave a Reply

Your email address will not be published. Required fields are marked *