မြန်မာ့စပါးအုံးအောင်လအန်ဆန်းကတော့ ဗစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ လေ့ကျင့်ခန်းတွေ အပြင်းအထန်ပြုလုပ်နေပြီဗျာ (ရုပ်သံ)

လက်လွတ်လိုက်ရတဲ့ ဗစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ အောင်လအန်ဆန် ရဲ့ ဗီဒီယို

မြန်မာ့ဂုဏ်ဆောင်ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ အောင်လအန်ဆန် ဟာ ၂၀၁၉ နှစ်ကနေစတင်ပြီး Onechampionship ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကောင်းတွေကို အနိုင်ယူ ယှဉ်ထိုးသတ်နိုင်တာကြောင့် Onechampionshipရဲ့ အကောင်းဆုံး ဖိုက်တာကစားသမား စာရင်းမှာပါဝင်ခဲ့သူပဲဖြစ်ပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမအချီမှာ နောက်ကျောချုပ်ကွက်နဲ့ အောင်လအန်ဆန်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။ အောင်လအန်ဆန်က ရှုံးနိမ့်ခဲ့ရတဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမယ်ဆိုတဲ့ အကြောင်းကိုလည်း မြန်မာ့ပရိသတ်တွေ ကတိပေးထားခဲ့ပါတယ်။

ယခုမှာလည်း အောင်လအန်ဆန်က သူ့ရဲ့ လူမှူကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေအတွက် ဗီဒီယိုတစ်ခု တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့အတွက် အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်နိုင်အောင်ပြင်းပြင်းထန်ထန် နဲ့ လေ့ကျင့်ပြင်ဆင်နေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ကဲ…ပရိသတ်တွေလည်း အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေတဲ့ အောင်လအန်ဆန်ကို အားပေးစကားပြောပေးခဲ့ပါဦးနော်..။

Unicode

လက်လွတ်လိုက်ရတဲ့ ဗစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ အောင်လအန်ဆန် ရဲ့ ဗီဒီယို

မြန်မာ့ဂုဏ်ဆောင်ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ အောင်လအန်ဆန် ဟာ ၂၀၁၉ နှစ်ကနေစတင်ပြီး Onechampionship ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကောင်းတွေကို အနိုင်ယူ ယှဉ်ထိုးသတ်နိုင်တာကြောင့် Onechampionshipရဲ့ အကောင်းဆုံး ဖိုက်တာကစားသမား စာရင်းမှာပါဝင်ခဲ့သူပဲဖြစ်ပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမအချီမှာ နောက်ကျောချုပ်ကွက်နဲ့ အောင်လအန်ဆန်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။ အောင်လအန်ဆန်က ရှုံးနိမ့်ခဲ့ရတဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမယ်ဆိုတဲ့ အကြောင်းကိုလည်း မြန်မာ့ပရိသတ်တွေ ကတိပေးထားခဲ့ပါတယ်။

ယခုမှာလည်း အောင်လအန်ဆန်က သူ့ရဲ့ လူမှူကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေအတွက် ဗီဒီယိုတစ်ခု တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့အတွက် အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်နိုင်အောင်ပြင်းပြင်းထန်ထန် နဲ့ လေ့ကျင့်ပြင်ဆင်နေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ကဲ…ပရိသတ်တွေလည်း အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေတဲ့ အောင်လအန်ဆန်ကို အားပေးစကားပြောပေးခဲ့ပါဦးနော်.

 

Leave a Reply

Your email address will not be published. Required fields are marked *