6 ႏွစ္ေလာက္တြဲခဲ့တဲ့ ခ်စ္သူမိန္းကေလးရဲ႕ လက္ထပ္မဂၤလာပြဲမွာ ဝမ္းနည္းပက္လက္ ငိုေႂကြးခဲ့တဲ့ေကာင္ေလး(႐ုပ္သံ)

Zawgyi ျဖင့္ဖတ္ရန္

6 ႏွစ္ေလာက္တြဲခဲ့တဲ့ ခ်စ္သူမိန္းကေလးရဲ႕ လက္ထပ္မဂၤလာပြဲမွာ ဝမ္းနည္းပက္လက္ ငိုေႂကြးခဲ့တဲ့ေကာင္ေလး(႐ုပ္သံ)

Vedioေအာက္ဆံုးတြင္ပါဝင္သည္။

အခ်ိန္အေတာ္ၾကာ ကိုယ္နဲ႔တြဲခဲ့တဲ့ ခ်စ္သူမိန္းကေလးက အျခားတစ္ေယာက္နဲ႔ လက္ထပ္သြားမယ္ဆိုရင္ ဘယ္လိုခံစားရမလဲဆိုတာ ခန္႔မွန္းၾကည့္တာနဲ႔တင္ ဘယ္လိုေၾကကြဲစရာေကာင္းလဲ ကိုယ္ခ်င္းစာမိမွာပါ။ကံမေကာင္းစြာနဲ႔ပဲ အင္ဒိုနီးရွားႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ အဆိုပါျဖစ္ရပ္မ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

Aswar Anas အမည္ရွိတဲ့အမ်ိဳးသား နဲ႔ Asni အမည္ရွိတဲ့အမ်ိဳးသမီးတို႔ဟာ သူတို႔ရဲ႕ ခ်စ္သူသက္တမ္း 6 ႏွစ္လုံးလုံး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနခဲ့ၾကပါတယ္။သို႔ေပမဲ့လည္း တိက်လြန္းတဲ့အေၾကာင္းျပခ်က္အခ်ိဳ႕ေတြေၾကာင့္ မိန္းကေလးဟာ အျခားအမ်ိဳးသားတစ္ဦးႏွင့္ လက္ထပ္သြားခဲ့ရပါတယ္ ။ Aswar ဟာ ရွိသမွ်ခြန္အားေတြအားလုံနဲ႔ Asni ရဲ႕ မဂၤလာပြဲကိုေရာက္သြားခဲ့ပါတယ္။

ဝမ္းနည္းစြာနဲ႔ပဲ တစ္ဘဝလုံးနဲ႔ရင္းၿပီးခ်စ္ခဲ့ရတဲ့မိန္းကေလးမွာ အျခားအမ်ိဳးသားတစ္ဦးနဲ႔အတူရွိေနတာကိုျမင္ခဲ့ရေတာ့ Aswar ဟာ ခ်က္ခ်င္းကိုပဲ ငိုေႂကြးခဲ့ပါေတာ့တယ္။သတို႔သားႏွင့္သတို႔သမီးတို႔ရဲ႕မဂၤလာအိပ္ခန္းထဲမွာ Aswar ေအာ္ဟစ္ငိုေႂကြးေနခဲ့တဲ့ Video ကို Facebook ေပၚမွာေဝမွ်သြားခဲ့ၾကပါတယ္။

ၾကမ္းျပင္ေပၚမွာထိုင္ခ်ကာ မ်က္ႏွာကိုကာထားၿပီးငိုေႂကြးေနခဲ့တဲ့ Aswar ဟာအသက္ရႈလို႔မရေလာက္ေတာ့တဲ့အထိ ငိုေႂကြးေနခဲ့တာပါ။ မိသားစုဝင္မ်ားကေတာ့ Aswar ကိုေခ်ာ့ေမာ့ကာ အခန္းအျပင္သို႔ေခၚထုတ္သြားခဲ့ၾကၿပီး စိတ္တည္ၿငိမ္သြားေအာင္ ႀကိဳးစားေဖ်ာင္းဖ်ေပးခဲ့ၾကပါတယ္။

သတို႔သမီးမွာလည္း Aswar ငိုေႂကြးေနခဲ့တာကိုျမင္ေတာ့ ဘယ္လိုမွမခံစားႏိုင္ေတာ့ဘဲ အတူငိုေႂကြးေနခဲ့ပါတယ္။ Aswar ႏွင့္ Asni တို႔ဟာ ကိုးကြယ္သည့္ဘာသာ မတူၾကတဲ့အတြက္အတူ လက္ထပ္ေပါင္းသင္ဖို႔ မျဖစ္ႏိုင္ေတာ့လို႔ ျဖစ္ေၾကာင္း အတြင္းသိတစ္ဦက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အျခားအေၾကာင္းအရာတစ္ခုကေတာ့ Aswar ဟာ Asni ကိုလက္ထပ္ရန္သူမ၏မိသားစုဝင္ေတြဆီမွာ

တင္ေတာင္းဖို႔ ေနာက္က်ခဲ့တဲ့အတြက္ အျခားအမ်ိဳးသားတစ္ေယာက္က Aswar ၏ေနရာကို ဝင္ယူခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။ အဆိုပါ Video ကိုၾကည့္ရႈၿပီးေနာက္ လူအမ်ားဟာ ဝမ္းနည္းေၾကကြဲခဲ့ၾကၿပီးAswar ကိုေရွ႕ဆက္ေလွ်ာက္မယ့္ဘဝအတြက္ သင့္ေတာ္မယ့္ လက္တြဲေဖာ္တစ္ေယာက္ ရရွိရန္လည္း ဆုေတာင္းေပးခဲ့ၾကပါတယ္ …။ ။

Credit Mckzone Daily

Unicode ျဖင့္ဖတ္ရန္

6 နှစ်လောက်တွဲခဲ့တဲ့ ချစ်သူမိန်းကလေးရဲ့ လက်ထပ်မင်္ဂလာပွဲမှာ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တဲ့ကောင်လေး(ရုပ်သံ)

Vedioအောက်ဆုံးတွင်ပါဝင်သည်။

အချိန်အတော်ကြာ ကိုယ်နဲ့တွဲခဲ့တဲ့ ချစ်သူမိန်းကလေးက အခြားတစ်ယောက်နဲ့ လက်ထပ်သွားမယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ ခန့်မှန်းကြည့်တာနဲ့တင် ဘယ်လိုကြေကွဲစရာကောင်းလဲ ကိုယ်ချင်းစာမိမှာပါ။ကံမကောင်းစွာနဲ့ပဲ အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ အဆိုပါဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Aswar Anas အမည်ရှိတဲ့အမျိုးသား နဲ့ Asni အမည်ရှိတဲ့အမျိုးသမီးတို့ဟာ သူတို့ရဲ့ ချစ်သူသက်တမ်း 6 နှစ်လုံးလုံး ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြပါတယ်။သို့ပေမဲ့လည်း တိကျလွန်းတဲ့အကြောင်းပြချက်အချို့တွေကြောင့် မိန်းကလေးဟာ အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်သွားခဲ့ရပါတယ် ။ Aswar ဟာ ရှိသမျှခွန်အားတွေအားလုံနဲ့ Asni ရဲ့ မင်္ဂလာပွဲကိုရောက်သွားခဲ့ပါတယ်။

ဝမ်းနည်းစွာနဲ့ပဲ တစ်ဘဝလုံးနဲ့ရင်းပြီးချစ်ခဲ့ရတဲ့မိန်းကလေးမှာ အခြားအမျိုးသားတစ်ဦးနဲ့အတူရှိနေတာကိုမြင်ခဲ့ရတော့ Aswar ဟာ ချက်ချင်းကိုပဲ ငိုကြွေးခဲ့ပါတော့တယ်။သတို့သားနှင့်သတို့သမီးတို့ရဲ့မင်္ဂလာအိပ်ခန်းထဲမှာ Aswar အော်ဟစ်ငိုကြွေးနေခဲ့တဲ့ Video ကို Facebook ပေါ်မှာဝေမျှသွားခဲ့ကြပါတယ်။

ကြမ်းပြင်ပေါ်မှာထိုင်ချကာ မျက်နှာကိုကာထားပြီးငိုကြွေးနေခဲ့တဲ့ Aswar ဟာအသက်ရှုလို့မရလောက်တော့တဲ့အထိ ငိုကြွေးနေခဲ့တာပါ။ မိသားစုဝင်များကတော့ Aswar ကိုချော့မော့ကာ အခန်းအပြင်သို့ခေါ်ထုတ်သွားခဲ့ကြပြီး စိတ်တည်ငြိမ်သွားအောင် ကြိုးစားဖျောင်းဖျပေးခဲ့ကြပါတယ်။

သတို့သမီးမှာလည်း Aswar ငိုကြွေးနေခဲ့တာကိုမြင်တော့ ဘယ်လိုမှမခံစားနိုင်တော့ဘဲ အတူငိုကြွေးနေခဲ့ပါတယ်။ Aswar နှင့် Asni တို့ဟာ ကိုးကွယ်သည့်ဘာသာ မတူကြတဲ့အတွက်အတူ လက်ထပ်ပေါင်းသင်ဖို့ မဖြစ်နိုင်တော့လို့ ဖြစ်ကြောင်း အတွင်းသိတစ်ဦက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခြားအကြောင်းအရာတစ်ခုကတော့ Aswar ဟာ Asni ကိုလက်ထပ်ရန်သူမ၏မိသားစုဝင်တွေဆီမှာ

တင်တောင်းဖို့ နောက်ကျခဲ့တဲ့အတွက် အခြားအမျိုးသားတစ်ယောက်က Aswar ၏နေရာကို ဝင်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။ အဆိုပါ Video ကိုကြည့်ရှုပြီးနောက် လူအများဟာ ဝမ်းနည်းကြေကွဲခဲ့ကြပြီးAswar ကိုရှေ့ဆက်လျှောက်မယ့်ဘဝအတွက် သင့်တော်မယ့် လက်တွဲဖော်တစ်ယောက် ရရှိရန်လည်း ဆုတောင်းပေးခဲ့ကြပါတယ် …။ ။

Credit Mckzone Daily

Leave a Reply

Your email address will not be published. Required fields are marked *