အတည္စစ္ေဆးအေရးယူေနတာမို႔ မလိုအပ္ပဲ မထြက္ၾကပါနဲ႔ေနာ္

Zawgyi ျဖင့္ဖတ္ရန္

အတည္စစ္ေဆးအေရးယူေနတာမို႔ မလိုအပ္ပဲ မထြက္ၾကပါနဲ႔ေနာ္

ေစ်းဦးေပါက္ခဲ့ပါပီ ရွက္တာ ဟီးဟီး။အေမေနမေကာင္းေနလို႔ မုန႔္ထြက္ဝယ္ေပးတာေစ်းဝယ္ကဒ္က ကေလးေတြသြားၾကတာနဲ႔မင္းသီဟတင္ပဲေလ မနက္အေစာပဲဆို ထြက္လာတာ။၈၆ ဂိတ္ကလႊတ္ေပးတယ္ေညာင္ပင္ေစ်းေထာင့္ဂိတ္ကထပ္စစ္တာအေတာ္အဆူခံရပါတယ္လုံးဝခြင့္မျပဳေၾကာင္းစည္းကမ္းခ်က္ထုတ္ျပန္ထားေၾကာင္းနားလည္ေပးေစလိုေၾကာင္းျဖင့္၅၀၀၀ ေဆာင္ရတယ္

ကိုယ့္ရပ္ေက်းဥကၠဌကိုလည္း လွမ္းဆက္တယ္။ဥကၠဌက ဟာဗ်ာ မၾကဴေဆြလားတဲ့ ရွက္တာႀကီး အမ်ားႀကီးတန္းစီေနပါတယ္ ဓာတ္ပုံေတြလည္းရိုက္ပါတယ္။ေတာ္ေသး ကိုယ္မပါလို႔ တကယ္စစ္ေနတာပါေနာ္ တခ်ိဳ႕ဂိတ္ေတြ ၅၀၀၀ တခ်ိဳ႕ဂိတ္ေတြ ၁၀၀၀၀ ပါ။တဂိတ္ေက်ာ္ပီး ေနာက္တဂိတ္မလြတ္ပါဘူးထပ္ေဆာင္ရမွာပါ။

ၿမိဳ႕နယ္ေက်ာ္ကဒ္ေတြမရေသးရင္ ေက်ာ္လို႔လုံးဝမရပါဂ်ဴးတို႔ေအာင္စံကေန ခ်မ္းေအးအကူး၂၆ မွာ ထပ္စစ္ပါတယ္။သြားမရပါ ျပန္လႊတ္ပါတယ္မန္းတေလးပါဗ်။အတည္စစ္ေဆးအေရးယူေနတာမို႔။မလိုအပ္ပဲ မထြက္ၾကပါနဲ႔ေနာ္။အေမကေတာ့ ေဟာ္ေတာ္မမိၾကဴ ဆိုင္လည္းမသြားေလနဲ႔ ဘယ္မွမထြက္ေလနဲ႔တဲ့

kyu kyu swe

Unicode ျဖင့္ဖတ္ရန္

အတည်စစ်ဆေးအရေးယူနေတာမို့ မလိုအပ်ပဲ မထွက်ကြပါနဲ့နော်

ဈေးဦးပေါက်ခဲ့ပါပီ ရှက်တာ ဟီးဟီး။အမေနေမကောင်းနေလို့ မုန့်ထွက်ဝယ်ပေးတာဈေးဝယ်ကဒ်က ကလေးတွေသွားကြတာနဲ့မင်းသီဟတင်ပဲလေ မနက်အစောပဲဆို ထွက်လာတာ။၈၆ ဂိတ်ကလွှတ်ပေးတယ်ညောင်ပင်ဈေးထောင့်ဂိတ်ကထပ်စစ်တာအတော်အဆူခံရပါတယ်လုံးဝခွင့်မပြုကြောင်းစည်းကမ်းချက်ထုတ်ပြန်ထားကြောင်းနားလည်ပေးစေလိုကြောင်းဖြင့်၅၀၀၀ ဆောင်ရတယ်

ကိုယ့်ရပ်ကျေးဥက္ကဌကိုလည်း လှမ်းဆက်တယ်။ဥက္ကဌက ဟာဗျာ မကြူဆွေလားတဲ့ ရှက်တာကြီး အများကြီးတန်းစီနေပါတယ် ဓာတ်ပုံတွေလည်းရိုက်ပါတယ်။တော်သေး ကိုယ်မပါလို့ တကယ်စစ်နေတာပါနော် တချို့ဂိတ်တွေ ၅၀၀၀ တချို့ဂိတ်တွေ ၁၀၀၀၀ ပါ။တဂိတ်ကျော်ပီး နောက်တဂိတ်မလွတ်ပါဘူးထပ်ဆောင်ရမှာပါ။

မြို့နယ်ကျော်ကဒ်တွေမရသေးရင် ကျော်လို့လုံးဝမရပါဂျူးတို့အောင်စံကနေ ချမ်းအေးအကူး၂၆ မှာ ထပ်စစ်ပါတယ်။သွားမရပါ ပြန်လွှတ်ပါတယ်မန်းတလေးပါဗျ။အတည်စစ်ဆေးအရေးယူနေတာမို့။မလိုအပ်ပဲ မထွက်ကြပါနဲ့နော်။အမေကတော့ ဟော်တော်မမိကြူ ဆိုင်လည်းမသွားလေနဲ့ ဘယ်မှမထွက်လေနဲ့တဲ့

kyu kyu swe

Leave a Reply

Your email address will not be published. Required fields are marked *