အေမစု ဦးေဆာင္တဲ့ အစိုးရကို အကူအညီေတြ ထပ္တိုးၿပီးေပးသြားဖို့ ဥေရာပနိုင္ငံေပါင္းစုံ သမဂၢက ႀကိဳဆိုဂတိျပဳလိုက္ပါၿပီ

Zawgyi ျဖင့္ဖတ္ရန္

အေမစု ဦးေဆာင္တဲ့ အစိုးရကို အကူအညီေတြ ထပ္တိုးၿပီးေပးသြားဖို့ ဥေရာပနိုင္ငံေပါင္းစုံ သမဂၢက ႀကိဳဆိုဂတိျပဳလိုက္ပါၿပီ

ရန္ကုန္၊၂၀၂၀၊ဒီဇင္ဘာ၅ရက္

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ထံသို့ ဥေရာပေကာင္စီ ဥကၠ႒ႏွင့္ ဥေရာပေကာ္မရွင္ ဥကၠ႒ တို့မွ ေရြးေကာက္ပြဲေအာင္ျမင္မွု ဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို ့။နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသို့ ဥေရာပေကာင္စီ ဥကၠ႒ Mr. Charles MICHEL ႏွင့္ ဥေရာပေကာ္မရွင္ ဥကၠ႒၊ Ms. Ursula VON DER LEYEN တို့မွ ဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာ ေပးပို့ခဲ့ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီဇင္ဘာ၄ရက္ကသတင္းထုတ္ျပန္သည္။

သဝဏ္လႊာအရမၾကာမီကာလက က်င္းပျပဳလုပ္ခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတြင္ ေအာင္ျမင္မွု ခိုင္ခိုင္မာမာရရွိခဲ့ေသာ အေဆြေတာ္ဦးေဆာင္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအတြက္ မိမိတို့မွ မ်ားစြာဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္း၊ ဆယ္စုႏွစ္ (၅) စုအတြင္း အရပ္သားအစိုးရ လက္ထက္တြင္ ပထမဆုံးအႀကိမ္ က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲသည္ ျမန္မာနိုင္ငံ၏ အရပ္သားအစိုးရႏွင့္ ဒီမိုကေရစီလုပ္ငန္းစဥ္မ်ားအတြက္ အေရးႀကီးသည့္ သမိုင္းမွတ္တိုင္ စိုက္ထူနိုင္ခဲ့ပါေၾကာင္းေဖာ္ျပပါရွိသည္။

ထို့အျပင္ျမန္မာနိုင္ငံ၏ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ တာဝန္ခံမွုရွိေရး အပါအဝင္ ေရရွည္ဖြံ့ၿဖိဳးတိုးတက္ေရးလုပ္ငန္းစဥ္မ်ားတြင္ ဥေရာပသမဂၢသည္ ဆက္လက္၍ တည္ၾကည္ခိုင္မာစြာ ကူညီပံ့ပိုးသူအျဖစ္ ဆက္လက္ရပ္တည္သြားမည္ ျဖစ္ပါေၾကာင္း၊ဥေရာပသမဂၢသည္ ျမန္မာနိုင္ငံအား Everything but Arms (EBA) အရ ကုန္သြယ္မွု အထူးအခြင့္အေရးမ်ားေပးအပ္မွု၊ ပညာေရးက႑တြင္ သိသာထင္ရွားသည့္ ကူညီပံ့ပိုးမွုမ်ား ေပးလ်က္ရွိသည့္အျပင္၊

ျမန္မာျပည္သူမ်ားအား လတ္တေလာ ေပးအပ္လ်က္ရွိသည့္ အကူအညီအား ဥပမာျပရမည္ဆိုပါက အလုပ္အကိုင္ဆုံးရွုံးခဲ့ၾကေသာ ျမန္မာအထည္ခ်ဳပ္ လုပ္သားမ်ားစြာအတြက္ အေရးေပၚ ကူညီပံ့ပိုးမွုမ်ား ေဆာင္ရြက္ေပးျခင္း ျဖစ္ပါေၾကာင္း၊ ထို့ျပင္ COVID-19 ကပ္ေရာဂါေၾကာင့္ ျမန္မာနိုင္ငံမွ ေပးဆပ္ရန္ရွိသည့္ေႂကြးၿမီမ်ား ျပန္ဆပ္ရမည့္ ကာလအား ေရႊ႕ဆိုင္းေပးရန္ ဥေရာပသမဂၢအဖြဲ႕ဝင္နိုင္ငံမ်ားက သေဘာတူညီခဲ့ပါေၾကာင္းေဖာ္ျပပါရွိသည္။

၂၀၂၀ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီသည္ လူထုေထာက္ခံဆႏၵမဲအမ်ားစုရရွိခဲ့ၿပီး အစိုးရသစ္တစ္ရပ္မၾကာမီဖြဲ႕စည္းနိုင္မည္ျဖစ္သည္။

Source: D-Wave

Unicode ျဖင့္ဖတ္ရန္

အမေစု ဦးဆောင်တဲ့ အစိုးရကို အကူအညီတွေ ထပ်တိုးပြီးပေးသွားဖို့ ဥရောပနိုင်ငံပေါင်းစုံ သမဂ္ဂက ကြိုဆိုဂတိပြုလိုက်ပါပြီ

ရန်ကုန်၊၂၀၂၀၊ဒီဇင်ဘာ၅ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ တို့မှ ရွေးကောက်ပွဲအောင်မြင်မှု ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Mr. Charles MICHEL နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ၊ Ms. Ursula VON DER LEYEN တို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ၄ရက်ကသတင်းထုတ်ပြန်သည်။

သဝဏ်လွှာအရမကြာမီကာလက ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှု ခိုင်ခိုင်မာမာရရှိခဲ့သော အဆွေတော်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် မိမိတို့မှ များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆယ်စုနှစ် (၅) စုအတွင်း အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အရပ်သားအစိုးရနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါကြောင်းဖော်ပြပါရှိသည်။

ထို့အပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တာဝန်ခံမှုရှိရေး အပါအဝင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂသည် ဆက်လက်၍ တည်ကြည်ခိုင်မာစွာ ကူညီပံ့ပိုးသူအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါကြောင်း၊ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအား Everything but Arms (EBA) အရ ကုန်သွယ်မှု အထူးအခွင့်အရေးများပေးအပ်မှု၊ ပညာရေးကဏ္ဍတွင် သိသာထင်ရှားသည့် ကူညီပံ့ပိုးမှုများ ပေးလျက်ရှိသည့်အပြင်၊

မြန်မာပြည်သူများအား လတ်တလော ပေးအပ်လျက်ရှိသည့် အကူအညီအား ဥပမာပြရမည်ဆိုပါက အလုပ်အကိုင်ဆုံးရှုံးခဲ့ကြသော မြန်မာအထည်ချုပ် လုပ်သားများစွာအတွက် အရေးပေါ် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှ ပေးဆပ်ရန်ရှိသည့်ကြွေးမြီများ ပြန်ဆပ်ရမည့် ကာလအား ရွှေ့ဆိုင်းပေးရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ပါကြောင်းဖော်ပြပါရှိသည်။

၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုထောက်ခံဆန္ဒမဲအများစုရရှိခဲ့ပြီး အစိုးရသစ်တစ်ရပ်မကြာမီဖွဲ့စည်းနိုင်မည်ဖြစ်သည်။

Source: D-Wave

Leave a Reply

Your email address will not be published. Required fields are marked *