Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋ တည်ထောင်သူ ဦးမျိုးညွန့် ကွယ်လွန်
၂၀၂၀ ဒီဇင်ဘာ (၅) ယနေ့ နံနက် (၉း၀၀)နာရီတွင် ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်သွားသော မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋ တည်ထောင်သူ ထီလုပ်ငန်းရှင်များအသင်း ဥက္ကဌ သီဟသုဓမ္မမဏိဇောတဓရ ဦးမျိုးညွန့် အသက်(၅၃)နှစ်၏
ရုပ်ခန္ဓာအား နေအိမ်မှ တရုတ်သုသာန်သို့ ဂူသွင်းသဂြိုလ်နိုင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့)ပို့ဆောင်ကူညီပေးခဲ့ပါသည်။ထိုသို့ ပို့ဆောင်မှုတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ အသင်းသားမျာဖြစ်သော
ရုပ်ရှင်သရုပ်ဆောင် စွမ်းထက် နှင့် ကိုလပြည့်ဝေး တို့မှ ဈာပနကူညီမှုအဖြစ် နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ဖေးမကူညီပေးခဲ့သည် ။သီဟသုဓမ္မမဏိဇောတဓရ ဦးမျိုးညွန့် ကောင်းရာသုဂတိလားပါစေ