ကိုဗစ်မပြင်းထန်သည့် လူနာတစ်ဦးလျှင် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၂၀ အထိ နှင့် ပြင်းထန်လူနာတစ်ဦးကို ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၅၀ အထိ နိုင်ငံတော်ကအကုန်အကျခံကုသပေးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ များ သို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းကို ယနေ့ည ၈ နာရီတွင် နိုင်ငံတော်ပိုင်ရုပ်သံလိုင်းမှတဆင့်ပြောကြားခဲ့တာဖြစ်ပါတယ်။
မိန့်ခွန်းအချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။
8/4o ကိုဗစ်ကို အထူးဂရုစိုက်ကြပ\
o ရွေးကောက်ပွဲအပြီးကိုဗစ်လူနာ တက်လာမယ်လို့ ကြိုပြီးခန့်မှန်းထား၊
o တန်ဆောင်တိုင်မှာလည်း လူစုလူဝေးရှိခဲ့တယ်။
o ပြည်နယ်နှင့်တိုင်းတွေမှာလည်း ပျံ့နှံ့မှုတွေရှိခဲ့တယ်။
o ကိုဗစ်လူနာတစ်ဦးကို ကျပ် ၁၅ သိန်းကနေ ကျပ်သိန်း ၂၀ အထိ အကုန်ခံကုသ
o ပြင်းထန်တဲ့လူနာဆိုရင် ကျပ်သိန်း ၂၅ သိန်းကနေ ကျပ်သိန်း ၅၀ အထိ ကုန်ကျ
o သာမန်လူနာ ၁ ဦးအတွက် ကုန်ကျငွေက လူ ၃၀၀ ကို ကာကွယ်ဆေးထိုးလို့ရတယ်။
o ပြင်းထန်လူနာ ၁ ဦးအတွက် ကုန်ကျတေငွက လူ ၁၀၀၀ ကိုကာကွယ်ဆေးထိုးလို့ရတယ်။
o ကွာရတန်း လူနာတစ်ဦးကို ကျပ် ၆ သိန်းကုန်ကျတယ်။
o ရောဂါပိုးတွေ့ရှိသူရဲ့ ၆၅ ရာခိုင်နှုန်းက လက္ခဏာမပြဘူး။
o လူ ၁ဦးသေဆုံးရင် ဘာနဲ့မှ အစားထိုးလို့မရဘူး။ လူ ၁ဦးရဲ့အသက်က တန်ဖိုးဖြတ်လို့မရဘူး။
o ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလမှာ လူစုလူဝေး မဖြစ်ဖို့လိုတယ်။
o လူစုလူဝေးဖြစ်ရင် ရောဂါ ကူးနိုင်တယ်။
o ကိုဗစ်ဖြစ်တာ ၉ လကာပြီ
o လာမည့်နှစ်မှာတိုင်းပြည်က ပိုပြီးတော့ရုန်းကန်ရမယ်။
o စည်းကမ်းလျော့ရဲလားရင် ပြန်ပြီးတော့တင်းမယ်။
o သိန်းကို သောင်းနဲ့ချီပြီးတော့ ကိုဗစ်အတွက် သုံးစွဲနေရတယ်။
o စီးပွားရေး ပြန်လည် ထူထောင်ရေးကို ကိုဗစ်အလွန်ကာလမှာ ကောင်းတဲ့လမ်းဘက်ကို ရောက်အောင် လုပ်ရမယ်။