ေတာင္းစားလို႔ ရလာတဲ့စားစရာေတြကို ညီမေလးအား ခြံ႔ေကၽြးရင္း ေက်နပ္ပီတိၿပီးျပံဳးေပ်ာ္ေနခဲ့တဲ့ ေကာင္ေလး

Zawgyi ျဖင့္ဖတ္ရန္

ေတာင္းစားလို႔ ရလာတဲ့စားစရာေတြကို ညီမေလးအား ခြံ႔ေကၽြးရင္း ေက်နပ္ပီတိၿပီးျပံဳးေပ်ာ္ေနခဲ့တဲ့ ေကာင္ေလး

ဆင္းရဲႏြမ္းပါးစြာ ႀကီးျပင္းလာတဲ့ကေလးငယ္တစ္ဦးဟာ လမ္းေပၚမွာ အမ်ားျပည္သူေတြထံ ေတာင္းစားေနတာကို ေတြ႕ရျခင္းဟာ အဆန္းမဟုတ္ေတာ့ပါဘူး။လမ္းေပၚမွာ အဆိုပါကေလးငယ္မ်ားစြာကိုေနရာတိုင္းမွာေတြ႕နိုင္ၿပီး ကေလးအခ်ိဳ့ဟာ သူတို့အားေငြမ်ားေပးဖို့အတင္းအက်ပ္ဖိအားေပးၿပီးလူအမ်ားကိုေႏွာက္ယွက္ျခင္းေၾကာင့္ ေမာင္းထုတ္ခံေနရတတ္ပါတယ္။လမ္းေပၚက ကေလးေတြဟာ ခိုးတာ လုတာေတြလည္း လုပ္တတ္ပါေသးတယ္။ဖိလစ္ပိုင္နိုင္ငံ မနီလာၿမိဳ့က Geo Tolentino Ringor အမည္ရွိတဲ့အမ်ိဳးသမီးႏွင့္ သူမရဲ့ခင္ပြန္း John Benedict Ringor တို့ကေတာ့ သူတို့အား အေကာင္းဆုံးနည္းျဖင့္ အံ့အားသင့္သြားေစခဲ့တဲ့လမ္းေပၚက ေကာင္ေလးတစ္ဦးနဲ႔ေတြ႕ဆုံခဲ့ၾကပါတယ္။

သူတို့ ဇနီးေမာင္ႏွံဟာ မနီလာၿမိဳ့ေတာ္ရဲ့ ထင္ရွားတဲ့ Jollibee ဆိုတဲ့အသင့္စား အစားအစာဆိုင္မွာရွိေနခဲ့ရင္း ဆိုင္အျပင္ဘက္မွာေကာင္ေလးတစ္ေယာက္ အစားအစာေတာင္းစားေနတာကို ခင္ပြန္းJohn Benedict က သတိျပဳမိခဲ့ပါတယ္။John Benedictက အဆိုပါေကာင္ေလးကိုပိုက္ဆံေပးမယ့္အစား ဇနီးျဖစ္သူGeoကို ေကာင္ေလးအတြက္ Jollibee အစာဘူးတစ္ခုဝယ္ေပးဖို့ေျပာၿပီး ေကာင္ေလးကိုေပးခဲ့ၿပီး အဆိုပါေကာင္ေလးကလည္း ယူၿပီးတာနဲ႔ ခ်က္ခ်င္းဘဲ အျမန္ထြက္သြားခဲ့ပါတယ္။သူတို့ဇနီးေမာင္ႏွံကလည္း ေကာင္ေလးထြက္သြားတာကို အေထြအထူးမေတြးခဲ့ၾကပါဘူး။အဲ့ဒီေနာက္ Geo နဲ႔John Benedict တို့ဟာ အဆိုပါဆိုင္မွအထြက္ သူတို့ဆီအစာေတာင္းစားခဲ့တဲ့ေကာင္ေလးကို သူ႔ရဲ့ညီမေလးလို့ထင္ရတဲ့ကေလးမေလးတစ္ေယာက္နဲ႔အတူရွိေနတာကို ေတြ႕ခဲ့ၾကပါတယ္။

အဆိုပါကေလးႏွစ္ေယာက္ဟာ Jollibeeဆိုင္ ထြက္ေပါက္အနီးရွိ ကြန္ကရစ္တုံးေပၚမွာ ထိုင္ေနၾကၿပီး ေကာင္ေလးက သူတို့ေပးတဲ့အစားအစာကို ညီမေလးျဖစ္သူအား ခြံ့ေကၽြးေနတာကိုျမင္ခဲ့ၾကပါတယ္။Geoက အဆိုပါၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းကို ဓာတ္ပုံအခ်ိဳ့ရိုက္ယူခဲ့ၿပီး ဓာတ္ပုံတစ္ပုံမွာ အဆိုပါေကာင္ေလးကသူ႔ညီမေလးအား အစာခြံ့ေကၽြးၿပီးေနာက္ သူ႔မ်က္ႏွာေပၚမွာ ရႊင္လန္းမွုအျပည့္နဲ႔ ပီတိအျပဳံးျပဳံးေနတာကို ေတြ႕ခဲ့ရပါတယ္။အဆိုပါ ေကာင္ေလးဟာ ကိုယ္တိုင္ကငယ္ရြယ္ေနေသးေပမဲ့လည္း ညီမေလးအတြက္ေတာ့ ကိုယ္က်ိဳးစြန႔္ဖို့ အဆင္သင့္ရွိေနၿပီးသားျဖစ္ေနတာကို သူ႔ရဲ့ပီတိျဖစ္ေနတဲ့အျပဳံးကို ၾကည့္ျခင္းအားျဖင့္ သိနိုင္ပါတယ္။ကမၻာေပၚမွာ ဒီလို ကေလးေလးေတြ ေနရာအႏွံ့ရွိေနတတ္ေပမဲ့ သူတို့ကို ကူညီေပးနိုင္မယ့္လူေတြက အနည္းအက်ဥ္းသာရွိေနတတ္ပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode ျဖင့္ဖတ္ရန္

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိပြီးပြုံးပျော်နေခဲ့တဲ့ ကောင်လေး

ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။လမ်းပေါ်မှာ အဆိုပါကလေးငယ်များစွာကိုနေရာတိုင်းမှာတွေ့နိုင်ပြီး ကလေးအချို့ဟာ သူတို့အားငွေများပေးဖို့အတင်းအကျပ်ဖိအားပေးပြီးလူအများကိုနှောက်ယှက်ခြင်းကြောင့် မောင်းထုတ်ခံနေရတတ်ပါတယ်။လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ်။ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း John Benedict Ringor တို့ကတော့ သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်သွားစေခဲ့တဲ့လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့တွေ့ဆုံခဲ့ကြပါတယ်။

သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ ထင်ရှားတဲ့ Jollibee ဆိုတဲ့အသင့်စား အစားအစာဆိုင်မှာရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာကောင်လေးတစ်ယောက် အစားအစာတောင်းစားနေတာကို ခင်ပွန်းJohn Benedict က သတိပြုမိခဲ့ပါတယ်။John Benedictက အဆိုပါကောင်လေးကိုပိုက်ဆံပေးမယ့်အစား ဇနီးဖြစ်သူGeoကို ကောင်လေးအတွက် Jollibee အစာဘူးတစ်ခုဝယ်ပေးဖို့ပြောပြီး ကောင်လေးကိုပေးခဲ့ပြီး အဆိုပါကောင်လေးကလည်း ယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန်ထွက်သွားခဲ့ပါတယ်။သူတို့ဇနီးမောင်နှံကလည်း ကောင်လေးထွက်သွားတာကို အထွေအထူးမတွေးခဲ့ကြပါဘူး။အဲ့ဒီနောက် Geo နဲ့John Benedict တို့ဟာ အဆိုပါဆိုင်မှအထွက် သူတို့ဆီအစာတောင်းစားခဲ့တဲ့ကောင်လေးကို သူ့ရဲ့ညီမလေးလို့ထင်ရတဲ့ကလေးမလေးတစ်ယောက်နဲ့အတူရှိနေတာကို တွေ့ခဲ့ကြပါတယ်။

အဆိုပါကလေးနှစ်ယောက်ဟာ Jollibeeဆိုင် ထွက်ပေါက်အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ပေးတဲ့အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကိုမြင်ခဲ့ကြပါတယ်။Geoက အဆိုပါကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါကောင်လေးကသူ့ညီမလေးအား အစာခွံ့ကျွေးပြီးနောက် သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှုအပြည့်နဲ့ ပီတိအပြုံးပြုံးနေတာကို တွေ့ခဲ့ရပါတယ်။အဆိုပါ ကောင်လေးဟာ ကိုယ်တိုင်ကငယ်ရွယ်နေသေးပေမဲ့လည်း ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့်ရှိနေပြီးသားဖြစ်နေတာကို သူ့ရဲ့ပီတိဖြစ်နေတဲ့အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ကမ္ဘာပေါ်မှာ ဒီလို ကလေးလေးတွေ နေရာအနှံ့ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မယ့်လူတွေက အနည်းအကျဉ်းသာရှိနေတတ်ပါတယ်။

Mia (Mckzone Daily)

Source : elitereaders

Leave a Reply

Your email address will not be published. Required fields are marked *