“ေဒၚေအာင္ဆန္းစုၾကည္ တကၠသိုလ္ကယ္တင္ခန္း”

Zawgyi ျဖင့္ဖတ္ရန္

“ေဒၚေအာင္ဆန္းစုၾကည္ တကၠသိုလ္ကယ္တင္ခန္း”

ဒီဇင္ဘာလဆန္းပိုင္းရာက္ေတာ့ မနက္ခင္းဆို ေဆာင္းေလးေအးေအးတိုက္ၿပီးလမ္းေလၽွာက္ရတာပိုအဆင္ေျပလာတယ္။လမ္းေလၽွာက္ေဖာ္ေတြလည္းတိုးလာၿပီး ဒီဇင္ဘာအားကစားလဆိုတာ အခုအခ်ိန္အထိအသက္ဝင္ေနတုန္းေပါ့ေလ။

ပြဲလမ္းသဘင္ေတြလည္း တိုးလာၿပီး ဒီထဲ ရန္ကုန္တကၠသိုလ္ရာျပည့္ပြဲဆိုတဲ့အသံကေတာ့ ထူးထူးျခားျခားက်ယ္ေလာင္လွတယ္။ျမကၽြန္းညိဳညိဳကြန္းခိုရာတကၠသိုလ္မွာဆိုအစခ်ီတဲ့ျမကၽြန္းညိဳညိဳတကၠသိုလ္သီခ်င္းသံလည္းနားထဲျပန္ၾကားေယာင္လာတယ္။ရန္ကုန္တကၠသိုလ္တက္ခဲ့ဖူးေတာ့ ရန္ကုန္တကၠသိုလ္ဆိုတဲ့အသံၾကားရင္ကိုပဲတကၠသိုလ္လြမ္းတဲ့စိတ္ကတဖြားဖြားထြက္ေပၚတယ္။

ဒီလိုနဲ႔ပဲ ရန္ကုန္တကၠသိုလ္ထဲအေရာက္သြားၿပီး က်င္းပျပဳလုပ္ေနတဲ့ပြဲေတြၾကည့္ ျပခန္းေတြၾကည့္ၿပီးတကၠသိုလ္တက္ေနတဲ့ေက်ာင္းသားေတြ ေက်ာင္းဆရာေတြနဲ႔ စကားစျမည္ေျပာျဖစ္ပါတယ္။သတင္းသမားတကၠသိုလ္သြားစကားေျပာေတာ့ သတင္းရၿပီး ရတဲ့သတင္းစကားကလည္းအင္မတန္စိတ္ဝင္စားဖို့ေကာင္းတဲ့သတင္းစကားျဖစ္ေနျပန္တယ္။

သမိုင္းအစဥ္အလာႀကီးမားလွတဲ့ ရန္ကုန္တကၠသိုလ္ကို အစေဖ်ာက္ပစ္ဖို့ ႀကံစည္ႀကိဳးပမ္းခဲ့ၾကသူေတြနဲ႔ တကၠသိုလ္ကို ကယ္တင္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဆိုတဲ့ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂိုလ္တို့အေၾကာင္းေပါ့။ရန္ကုန္တကၠသိုလ္ရာျပည့္ပြဲအခန္းအအနားကို နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ က ဒီဇင္ဘာ၂ရက္မွာရာျပည့္အထိမ္းအမွတ္စတင္ေၾကာင္း စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ေပးခဲ့ၿပီးတဲ့ေနာက္ ပထဆုံးစတင္လိုက္တဲ့ပြဲကအမွတ္သညာပြဲေတာ္။

တကၠသိုလ္ရဲ့ နာမည္ေက်ာ္ RC ခန္းမထဲမွာလုပ္တာျဖစ္ၿပီး ေဟာေျပာပြဲေတြ ေဆြးေႏြးပြဲေတြ ႐ုပ္ရွင္ျပသတဲ့ပြဲေတြပါဝင္တယ္။ရန္ကုန္တကၠသိုလ္သမိုင္းဌာနက တာဝန္ယူလုပ္ေဆာင္တာျဖစ္လို့ ပြဲျဖစ္ေျမာက္ေရးႀကိဳးပမ္းလုပ္ေဆာင္ေနၾကတဲ့ ဆရာေတြေက်ာင္းသားေတြနဲ႔စကားေျပာဖို့၊အဲ့ဒီစကားေျပာခန္းကို တီဗီရိုက္ဖို့ ျပင္ဆင္တယ္။သမိုင္းဌာနကပါေမာက္ခေဒါက္တာေဇာ္စိုးမင္း၊နိုင္ငံေရးသိပၸံဌာနကေနာက္ဆုံးႏွစ္ေက်ာင္းသား ေမာင္ကံဖုန္းခန႔္၊နိုင္ငံေရးသိပၸံပထမႏွစ္ဂုဏ္ထူးတန္းက ေမာင္ေအာင္ေက်ာ္မိုးတို့နဲ႔ ဝိဇၹာေဆာင္ခန္းမေရွ႕ကျမက္ခင္းျပင္မွာထိုင္စကားေျပာၾကတယ္။

အဲ့ဒီစကားေျပာခန္းကို တီဗီရိုက္တယ္။အဲ့ဒီမွာ တကၠသိုလ္ပ်က္စီးရာပ်က္စီးေၾကာင္းႀကံစည္မွုနဲ႔ တကၠသိုလ္ဆက္လက္တည္တံ့ဖို့ႀကိဳးပမ္းၾကသူအေၾကာင္းေဒါက္တာေဇာ္စိုးမင္းဆီကၾကားရေတာ့တာပါပဲ။”၁၉၉၆-၉၇ေလာက္မွာ ထိုစဥ္က အာဏာရွိသူေတြက တကၠသိုလ္ကို နိုင္ငံျခားကုန္မဏီႀကီးတခုကိုေရာင္းေတာ့မယ္၊ေရာင္းၿပီးၿပီ၊ေရာင္းဖို့ေစ့စပ္ေနတယ္ဆိုတဲ့အသံေတြတိုးတိုးတိတ္တိတ္၊အဲ့ဒီတုန္းက က်ယ္က်ယ္ေလာင္ေလာင္လည္း ဘယ္သူမွ မေျပာရဲဘူး၊အသံေတြ ပ်ံ႕လြင့္လာပါတယ္၊

အခု ဒီ ျပပြဲက်င္းပေနတဲ့ အာစီခန္းမမွာပဲ ထိုစဥ္က တကၠသိုလ္အာဏာပိုင္တေယာက္ကေန ေက်ာင္းဆရာ ဆရာမေတြကို ေခၚယူၿပီး ႀကိမ္းေမာင္းဖူးပါတယ္၊ဒီသတင္းေတြကို ငါတို့က အခုမွစဥ္းစားတုန္းပဲရွိေသးတယ္၊အျပင္မွာေပါက္ၾကားတယ္၊ဒါမင္းတို့ ဒီ ဆရာဆရာမေတြ အာေခ်ာင္လို့ျဖစ္ရတာ၊ဒါေပမယ့္ ဟိုအမ်ိဳးသမီးက ဘီဘီစီကေနကန႔္ကြက္လို့ ငါတို့ဒီလုပ္ငန္းကေနာက္ဆုတ္လိုက္ရတယ္”။ဟိုအမ်ိဳးသမီးဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ကို ရည္ညႊန္းေျပာဆိုတာလို့လည္း ပါေမာကၡက ရွင္းျပပါတယ္။

ဘီဘီစီေရဒီယိုနဲ႔ အင္တာဗ်ဳးမွာေဒၚေအာင္ဆန္းစုၾကည္က အစဥ္အလာႀကီးမားတဲ့ ရန္ကုန္တကၠသိုလ္ႀကီးကို ဒီလိုလုပ္ဖို့ မသင့္ဘူးလို့ ေျပာခဲ့တာပါ။ဒီလိုေျပာဆိုကန႔္ကြက္မွုေၾကာင့္ပဲ ဒီတုန္းက အာဏာယူထားသူေတြ ေနာက္ဆုတ္လိုက္တာ ျဖစ္ပါတယ္။ေနာက္တႀကိမ္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ လႊတ္ေတာ္ထဲေရာက္သြားၿပီးတဲ့ေနာက္အေမရိကန္ကိုသြားလည္ၿပီး ဒီတုန္းက သမၼတအိုဘားမားကို ျမန္မာျပည္လာလည္ၿပီးရန္ကုန္တကၠသိုလ္ဘြဲ႕ႏွင္းသဘင္ခန္းမမွာစကားေျပာေပးဖို့ဖိတ္ေခၚခဲ့တာပဲျဖစ္ပါတယ္။

ေဒါက္တာ ေဇာ္စိုးမင္းဟာ အိုဘားမားလာတုန္း၂၀၁၆ခုႏွစ္က ရန္ကုန္တကၠသိုလ္မွာရွိၿပီး အိုဘားမားမိန႔္ခြန္းေျပာနိုင္ေရးဝိုင္းဝန္းႀကိဳးပမ္းခဲ့တဲ့သူထဲပါဝင္ခဲ့တယ္။ဘာေၾကာင့္ေန႔မအိပ္ညမအိပ္ပါဝင္ခဲ့ပါသလဲ။”ဘာေၾကာင့္က်ေနာ္တို့ အဲ့ဒီလိုလုပ္သလဲဆိုေတာ့ ဒီတကၠသိုလ္ဟာမေသေသးဘူး၊အသက္ရွိတယ္၊ကမၻာ့အဆင့္ေခါင္းေဆာင္တေယာက္လာၿပီးစကားေျပာတယ္ဆိုေတာ့ဒီတကၠသိုလ္ရဲ့ဆက္လက္တည္တံ့မွုက အာမခံခ်က္ရွိမယ္ဆိုတဲ့ယုံၾကည္ခ်က္နဲ႔ က်ေနာ္တို့ ႀကိဳးပမ္းခဲ့တယ္”။ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ရန္ကုန္တကၠသိုလ္ ေရရွည္တည္တံ့ရပ္တည္နိုင္ေရး ဒုတိယႀကိဳးပမ္းခ်က္ ျဖစ္ပါတယ္။

ေနာက္ဆုံးအႀကိမ္ ႀကိဳးပမ္းခ်က္ကေတာ့ ဦးသိန္းစိန္အစိုးရနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အစိုးရတို့အလႊဲအေျပာင္းကာလမွာျဖစ္ခဲ့တာပါ။”အစိုးရအေျပာင္းအလဲမွာ တကၠသိုလ္မွာ ေက်ာင္းသားေတြျပန္ထားမယ္၊ဒါေပမယ့္လည္း စီအိုအီးေပါ့ထူးခၽြန္ေက်ာင္းသားေတြပဲထားမယ္၊တေမဂ်ာကိုဆယ္ေယာက္သို့မဟုတ္(၁၅)ေယာက္ထားမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔ က်ေနာ္တို့ ေၾကညာပါတယ္၊လက္ခံပါတယ္၊တနလၤာေန႔မွာ ေက်ာင္းဖြင့္ေတာ့မယ္ဆိုတဲ့အခ်ိန္မွာ စေနေန႔ညေနဘက္မွာ

ဒါ လႊတ္ေတာ္ကေနကန႔္ကြက္လို့ ဘယ္သူကန႔္ကြက္လည္းဆိုေတာ့ ေနာက္ပိုင္းျပန္ၾကားတာ ေဒၚေအာင္ဆန္းစုၾကည္ကကန႔္ကြက္လို့ ၊ရွင္တို့ ဒီတကၠသိုလ္ႀကီးမွာ တေမဂ်ာကို ဆယ္ေယာက္ဆယ့္ငါးေယာက္ထားတာေတာ့ အဓိပါယ္မရွိဘူး၊မျဖစ္သင့္ဘူး၊႐ုပ္ျပသေဘာျဖစ္တယ္၊ထားမယ္ဆိုရင္အနည္းဆုံးငါးဆယ္တစ္ရာထားပါ၊မထားနိုင္ရင္လည္းမထားပါနဲ႔လို့ျပင္းျပင္းထန္ထန္ကန႔္ကြက္တဲ့အတြက္ေၾကာင့္ သုံးရက္အလိုမွာကပ္ၿပီးေတာ့ေက်ာင္းသာငါးဆယ္စီလက္ခံမယ္လို့အစီအစဥ္ေျပာင္းသြားပါတယ္၊

“။သူတက္ခဲ့တဲ့ တကၠသိုလ္မဟုတ္ေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ရန္ကုန္တကၠသိုလ္ကို သမိုင္းထင္ထင္ကယ္တင္ခဲ့ဖူးတဲ့အေၾကာင္းေတြကို ရန္ကုန္တကၠသိုလ္မွာ ႏွစ္၂၀ေလာက္ျဖတ္သန္းဖူးတဲ့ ေဒါက္တာေဇာ္စိုးမင္းကေရေရလည္လည္ရွင္းျပခဲ့ပါတယ္။အဲ့ဒီေန႔က ရန္ကုန္တကၠသိုလ္ထဲမွာ အေဝးသင္နဲ႔ ဘြဲ႕ယူမယ့္ ေက်ာင္းသားေတြ အစမ္းေလ့က်င့္ေနၾကတာနဲ႔တကၠသိုလ္ပြဲေတာ္လာပရိသတ္ေတြနဲ႔အေရာင္အေသြးေတြစုံညီၿပီး တကၠသိုလ္ဟာ ရႊန္လန္းေတာက္ပေနတယ္။တကၠသိုလ္ရာျပည့္ပြဲကို ေနာင္ႏွစ္ဒီဇင္ဘာအထိတႏွစ္တိုင္တိုင္က်င္းပျပဳလုပ္မွာျဖစ္လို့ပြဲတကာ့ပြဲထဲအရွည္ၾကာဆုံးပြဲတပြဲျဖစ္လာမယ္။

၁၉၂၀ ဒီဇင္ဘာ ၁ရက္မွာစတင္ဖြင့္လွစ္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္ရာျပည့္ပြဲေတာ္အတြင္းမွာ ေက်ာင္းသားေက်ာင္းသူေဟာင္းေတြေတြ႕ဆုံပြဲေတြ၊အာစရိယပူေဇာ္ပြဲေတြ စာတမ္းဖတ္ပြဲေတြ မိတ္ဆုံညစာစားပြဲနဲ႔ ဂီတေဖ်ာ္ေျဖပြဲေတြ သုေတသနစာတမ္း၊သမိုင္းဝင္စာအုပ္စာတမ္းျပပြဲေတြ ပါဝင္ပါမယ္။ဒါ့အျပင္ ရန္ကုန္တကၠသိုလ္သမိုင္းျပဳစုထုတ္ေဝမယ္။ျမန္မာ့ယဥ္ေက်းမွုဓေလ့ထုံးတမ္းဆိုင္ရာပညာေပးစာတမ္းေတြလည္း ျပဳစုထုတ္ေဝသြားဦးမွာ ျဖစ္ပါတယ္။ရန္ကုန္တကၠသိုလ္ရာျပည့္ပြဲကို သြားျဖစ္ေအာင္သြားၾကပါ။ကန႔္ေကာ္ဥယာဥ္မွာအပမ္းေျဖပါ။စာေပဗဟုသုေတြေလ့လာလိုက္စားပါ။

ပညာရွင္ေတြေျပာဆိုေဆြးေႏြးၾကတာ တက္ေရာက္နားေထာင္ပါ။ရန္ကုန္တကၠသိုလ္ဟာ သင့္ကိုစိတ္ပ်ိဳလို့ကိုယ္ႏုေစဖို့အာမခံႀကိဳဆိုေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ တကၠသိုလ္ရာျပည့္ပြဲဖြင့္ပြဲအခန္းအနားမွာ ခုလို ဆိုသြားပါတယ္ဗ်ာ။”သမိုင္းအစဥ္အလာႀကီးမားခဲ့တဲ့ရန္ကုန္တကၠသိုလ္ဟာ နိုင္ငံ့ဂုဏ္ေဆာင္ တကၠသိုလ္တစ္ခုျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာရွိတဲ့ တကၠသိုလ္အသီးသီးရဲ့ မိခင္ႀကီးလို့ လည္း ဆိုလို့ရပါတယ္။ ျမန္မာနိုင္ငံမွာ ေပၚေပါက္လာခဲ့တဲ့ တကၠသိုလ္အသီးသီးဟာ ရန္ကုန္တကၠသိုလ္ကတစ္ဆင့္ ေပါက္ဖြားလာခဲ့တဲ့ တကၠသိုလ္ေတြျဖစ္ပါတယ္။

ရန္ကုန္ တကၠသိုလ္ကို စတင္တည္ေထာင္စဥ္ကတည္းက အဂၤလန္နိုင္ငံမွာရွိတဲ့ တကၠသိုလ္ႀကီး ေတြရဲ့ စနစ္အတိုင္း စနစ္တက် ဖြဲ႕စည္းတည္ေထာင္ခဲ့တာျဖစ္ၿပီး ပညာရပ္နယ္ပယ္မွာ တစ္ခ်ိန္က အေရွ႕ေတာင္အာရွမွာ အေကာင္းဆုံးတကၠသိုလ္ေတြထဲမွာ တစ္ခုျဖစ္ခဲ့ပါ တယ္။ တကၠသိုလ္ရဲ့ဥပဓိ႐ုပ္ဟာ အင္းလ်ားကန္ေနာက္ခံ၊ ဘြဲ႕ႏွင္းသဘင္ အေဆာက္ အအုံ၊ သစ္ပုပ္ပင္၊ အဓိပတိလမ္း၊ က်ယ္ဝန္းတဲ့ တကၠသိုလ္နယ္ေျမေတြေၾကာင့္ အေရွ႕ေတာင္အာရွမွာ အလွပဆုံးတကၠသိုလ္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။”တဲ့။

(ကိုေရႊေအာင္)

Unicode ျဖင့္ဖတ္ရန္

“ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ကယ်တင်ခန်း”

ဒီဇင်ဘာလဆန်းပိုင်းရာက်တော့ မနက်ခင်းဆို ဆောင်းလေးအေးအေးတိုက်ပြီးလမ်းလျှောက်ရတာပိုအဆင်ပြေလာတယ်။လမ်းလျှောက်ဖော်တွေလည်းတိုးလာပြီး ဒီဇင်ဘာအားကစားလဆိုတာ အခုအချိန်အထိအသက်ဝင်နေတုန်းပေါ့လေ။

ပွဲလမ်းသဘင်တွေလည်း တိုးလာပြီး ဒီထဲ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲဆိုတဲ့အသံကတော့ ထူးထူးခြားခြားကျယ်လောင်လှတယ်။မြကျွန်းညိုညိုကွန်းခိုရာတက္ကသိုလ်မှာဆိုအစချီတဲ့မြကျွန်းညိုညိုတက္ကသိုလ်သီချင်းသံလည်းနားထဲပြန်ကြားယောင်လာတယ်။ရန်ကုန်တက္ကသိုလ်တက်ခဲ့ဖူးတော့ ရန်ကုန်တက္ကသိုလ်ဆိုတဲ့အသံကြားရင်ကိုပဲတက္ကသိုလ်လွမ်းတဲ့စိတ်ကတဖွားဖွားထွက်ပေါ်တယ်။

ဒီလိုနဲ့ပဲ ရန်ကုန်တက္ကသိုလ်ထဲအရောက်သွားပြီး ကျင်းပပြုလုပ်နေတဲ့ပွဲတွေကြည့် ပြခန်းတွေကြည့်ပြီးတက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေ ကျောင်းဆရာတွေနဲ့ စကားစမြည်ပြောဖြစ်ပါတယ်။သတင်းသမားတက္ကသိုလ်သွားစကားပြောတော့ သတင်းရပြီး ရတဲ့သတင်းစကားကလည်းအင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းစကားဖြစ်နေပြန်တယ်။

သမိုင်းအစဉ်အလာကြီးမားလှတဲ့ ရန်ကုန်တက္ကသိုလ်ကို အစဖျောက်ပစ်ဖို့ ကြံစည်ကြိုးပမ်းခဲ့ကြသူတွေနဲ့ တက္ကသိုလ်ကို ကယ်တင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်တို့အကြောင်းပေါ့။ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲအခန်းအအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဒီဇင်ဘာ၂ရက်မှာရာပြည့်အထိမ်းအမှတ်စတင်ကြောင်း စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးတဲ့နောက် ပထဆုံးစတင်လိုက်တဲ့ပွဲကအမှတ်သညာပွဲတော်။

တက္ကသိုလ်ရဲ့ နာမည်ကျော် RC ခန်းမထဲမှာလုပ်တာဖြစ်ပြီး ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ ရုပ်ရှင်ပြသတဲ့ပွဲတွေပါဝင်တယ်။ရန်ကုန်တက္ကသိုလ်သမိုင်းဌာနက တာဝန်ယူလုပ်ဆောင်တာဖြစ်လို့ ပွဲဖြစ်မြောက်ရေးကြိုးပမ်းလုပ်ဆောင်နေကြတဲ့ ဆရာတွေကျောင်းသားတွေနဲ့စကားပြောဖို့၊အဲ့ဒီစကားပြောခန်းကို တီဗီရိုက်ဖို့ ပြင်ဆင်တယ်။သမိုင်းဌာနကပါမောက်ခဒေါက်တာဇော်စိုးမင်း၊နိုင်ငံရေးသိပ္ပံဌာနကနောက်ဆုံးနှစ်ကျောင်းသား မောင်ကံဖုန်းခန့်၊နိုင်ငံရေးသိပ္ပံပထမနှစ်ဂုဏ်ထူးတန်းက မောင်အောင်ကျော်မိုးတို့နဲ့ ဝိဇ္ဖာဆောင်ခန်းမရှေ့ကမြက်ခင်းပြင်မှာထိုင်စကားပြောကြတယ်။

အဲ့ဒီစကားပြောခန်းကို တီဗီရိုက်တယ်။အဲ့ဒီမှာ တက္ကသိုလ်ပျက်စီးရာပျက်စီးကြောင်းကြံစည်မှုနဲ့ တက္ကသိုလ်ဆက်လက်တည်တံ့ဖို့ကြိုးပမ်းကြသူအကြောင်းဒေါက်တာဇော်စိုးမင်းဆီကကြားရတော့တာပါပဲ။”၁၉၉၆-၉၇လောက်မှာ ထိုစဉ်က အာဏာရှိသူတွေက တက္ကသိုလ်ကို နိုင်ငံခြားကုန်မဏီကြီးတခုကိုရောင်းတော့မယ်၊ရောင်းပြီးပြီ၊ရောင်းဖို့စေ့စပ်နေတယ်ဆိုတဲ့အသံတွေတိုးတိုးတိတ်တိတ်၊အဲ့ဒီတုန်းက ကျယ်ကျယ်လောင်လောင်လည်း ဘယ်သူမှ မပြောရဲဘူး၊အသံတွေ ပျံ့လွင့်လာပါတယ်၊

အခု ဒီ ပြပွဲကျင်းပနေတဲ့ အာစီခန်းမမှာပဲ ထိုစဉ်က တက္ကသိုလ်အာဏာပိုင်တယောက်ကနေ ကျောင်းဆရာ ဆရာမတွေကို ခေါ်ယူပြီး ကြိမ်းမောင်းဖူးပါတယ်၊ဒီသတင်းတွေကို ငါတို့က အခုမှစဉ်းစားတုန်းပဲရှိသေးတယ်၊အပြင်မှာပေါက်ကြားတယ်၊ဒါမင်းတို့ ဒီ ဆရာဆရာမတွေ အာချောင်လို့ဖြစ်ရတာ၊ဒါပေမယ့် ဟိုအမျိုးသမီးက ဘီဘီစီကနေကန့်ကွက်လို့ ငါတို့ဒီလုပ်ငန်းကနောက်ဆုတ်လိုက်ရတယ်”။ဟိုအမျိုးသမီးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုတာလို့လည်း ပါမောက္ခက ရှင်းပြပါတယ်။

ဘီဘီစီရေဒီယိုနဲ့ အင်တာဗျုးမှာဒေါ်အောင်ဆန်းစုကြည်က အစဉ်အလာကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ဒီလိုလုပ်ဖို့ မသင့်ဘူးလို့ ပြောခဲ့တာပါ။ဒီလိုပြောဆိုကန့်ကွက်မှုကြောင့်ပဲ ဒီတုန်းက အာဏာယူထားသူတွေ နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။နောက်တကြိမ်ကတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်သွားပြီးတဲ့နောက်အမေရိကန်ကိုသွားလည်ပြီး ဒီတုန်းက သမ္မတအိုဘားမားကို မြန်မာပြည်လာလည်ပြီးရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာစကားပြောပေးဖို့ဖိတ်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။

ဒေါက်တာ ဇော်စိုးမင်းဟာ အိုဘားမားလာတုန်း၂၀၁၆ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာရှိပြီး အိုဘားမားမိန့်ခွန်းပြောနိုင်ရေးဝိုင်းဝန်းကြိုးပမ်းခဲ့တဲ့သူထဲပါဝင်ခဲ့တယ်။ဘာကြောင့်နေ့မအိပ်ညမအိပ်ပါဝင်ခဲ့ပါသလဲ။”ဘာကြောင့်ကျနော်တို့ အဲ့ဒီလိုလုပ်သလဲဆိုတော့ ဒီတက္ကသိုလ်ဟာမသေသေးဘူး၊အသက်ရှိတယ်၊ကမ္ဘာ့အဆင့်ခေါင်းဆောင်တယောက်လာပြီးစကားပြောတယ်ဆိုတော့ဒီတက္ကသိုလ်ရဲ့ဆက်လက်တည်တံ့မှုက အာမခံချက်ရှိမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကျနော်တို့ ကြိုးပမ်းခဲ့တယ်”။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တက္ကသိုလ် ရေရှည်တည်တံ့ရပ်တည်နိုင်ရေး ဒုတိယကြိုးပမ်းချက် ဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် ကြိုးပမ်းချက်ကတော့ ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရတို့အလွှဲအပြောင်းကာလမှာဖြစ်ခဲ့တာပါ။”အစိုးရအပြောင်းအလဲမှာ တက္ကသိုလ်မှာ ကျောင်းသားတွေပြန်ထားမယ်၊ဒါပေမယ့်လည်း စီအိုအီးပေါ့ထူးချွန်ကျောင်းသားတွေပဲထားမယ်၊တမေဂျာကိုဆယ်ယောက်သို့မဟုတ်(၁၅)ယောက်ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ ကြေညာပါတယ်၊လက်ခံပါတယ်၊တနင်္လာနေ့မှာ ကျောင်းဖွင့်တော့မယ်ဆိုတဲ့အချိန်မှာ စနေနေ့ညနေဘက်မှာ

ဒါ လွှတ်တော်ကနေကန့်ကွက်လို့ ဘယ်သူကန့်ကွက်လည်းဆိုတော့ နောက်ပိုင်းပြန်ကြားတာ ဒေါ်အောင်ဆန်းစုကြည်ကကန့်ကွက်လို့ ၊ရှင်တို့ ဒီတက္ကသိုလ်ကြီးမှာ တမေဂျာကို ဆယ်ယောက်ဆယ့်ငါးယောက်ထားတာတော့ အဓိပါယ်မရှိဘူး၊မဖြစ်သင့်ဘူး၊ရုပ်ပြသဘောဖြစ်တယ်၊ထားမယ်ဆိုရင်အနည်းဆုံးငါးဆယ်တစ်ရာထားပါ၊မထားနိုင်ရင်လည်းမထားပါနဲ့လို့ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အတွက်ကြောင့် သုံးရက်အလိုမှာကပ်ပြီးတော့ကျောင်းသာငါးဆယ်စီလက်ခံမယ်လို့အစီအစဉ်ပြောင်းသွားပါတယ်၊

“။သူတက်ခဲ့တဲ့ တက္ကသိုလ်မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တက္ကသိုလ်ကို သမိုင်းထင်ထင်ကယ်တင်ခဲ့ဖူးတဲ့အကြောင်းတွေကို ရန်ကုန်တက္ကသိုလ်မှာ နှစ်၂၀လောက်ဖြတ်သန်းဖူးတဲ့ ဒေါက်တာဇော်စိုးမင်းကရေရေလည်လည်ရှင်းပြခဲ့ပါတယ်။အဲ့ဒီနေ့က ရန်ကုန်တက္ကသိုလ်ထဲမှာ အဝေးသင်နဲ့ ဘွဲ့ယူမယ့် ကျောင်းသားတွေ အစမ်းလေ့ကျင့်နေကြတာနဲ့တက္ကသိုလ်ပွဲတော်လာပရိသတ်တွေနဲ့အရောင်အသွေးတွေစုံညီပြီး တက္ကသိုလ်ဟာ ရွှန်လန်းတောက်ပနေတယ်။တက္ကသိုလ်ရာပြည့်ပွဲကို နောင်နှစ်ဒီဇင်ဘာအထိတနှစ်တိုင်တိုင်ကျင်းပပြုလုပ်မှာဖြစ်လို့ပွဲတကာ့ပွဲထဲအရှည်ကြာဆုံးပွဲတပွဲဖြစ်လာမယ်။

၁၉၂၀ ဒီဇင်ဘာ ၁ရက်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတော်အတွင်းမှာ ကျောင်းသားကျောင်းသူဟောင်းတွေတွေ့ဆုံပွဲတွေ၊အာစရိယပူဇော်ပွဲတွေ စာတမ်းဖတ်ပွဲတွေ မိတ်ဆုံညစာစားပွဲနဲ့ ဂီတဖျော်ဖြေပွဲတွေ သုတေသနစာတမ်း၊သမိုင်းဝင်စာအုပ်စာတမ်းပြပွဲတွေ ပါဝင်ပါမယ်။ဒါ့အပြင် ရန်ကုန်တက္ကသိုလ်သမိုင်းပြုစုထုတ်ဝေမယ်။မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာပညာပေးစာတမ်းတွေလည်း ပြုစုထုတ်ဝေသွားဦးမှာ ဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲကို သွားဖြစ်အောင်သွားကြပါ။ကန့်ကော်ဥယာဉ်မှာအပမ်းဖြေပါ။စာပေဗဟုသုတွေလေ့လာလိုက်စားပါ။

ပညာရှင်တွေပြောဆိုဆွေးနွေးကြတာ တက်ရောက်နားထောင်ပါ။ရန်ကုန်တက္ကသိုလ်ဟာ သင့်ကိုစိတ်ပျိုလို့ကိုယ်နုစေဖို့အာမခံကြိုဆိုနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ တက္ကသိုလ်ရာပြည့်ပွဲဖွင့်ပွဲအခန်းအနားမှာ ခုလို ဆိုသွားပါတယ်ဗျာ။”သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အသီးသီးရဲ့ မိခင်ကြီးလို့ လည်း ဆိုလို့ရပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ တက္ကသိုလ်အသီးသီးဟာ ရန်ကုန်တက္ကသိုလ်ကတစ်ဆင့် ပေါက်ဖွားလာခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။

ရန်ကုန် တက္ကသိုလ်ကို စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကြီး တွေရဲ့ စနစ်အတိုင်း စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ပညာရပ်နယ်ပယ်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်တွေထဲမှာ တစ်ခုဖြစ်ခဲ့ပါ တယ်။ တက္ကသိုလ်ရဲ့ဥပဓိရုပ်ဟာ အင်းလျားကန်နောက်ခံ၊ ဘွဲ့နှင်းသဘင် အဆောက် အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ ကျယ်ဝန်းတဲ့ တက္ကသိုလ်နယ်မြေတွေကြောင့် အရှေ့တောင်အာရှမှာ အလှပဆုံးတက္ကသိုလ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။”တဲ့။

(ကိုရွှေအောင်)

Leave a Reply

Your email address will not be published. Required fields are marked *