
Zawgyi ဖြင့်ဖတ်ရန်









Unicode ဖြင့်ဖတ်ရန်

“ မူကြိုအရွယ်မှာစတွေ့ပြီးတော့ အရွယ်ရောက်တဲ့အခါမှာ ရွှေလက်တွဲနိုင်ခဲ့တဲ့ စုံတွဲ(ရုပ်သံ) ”

Vedio အောက်ဆုံးတွင်ပါဝင်သည်။

အော်စတင် တက်(တ်)မန်း (Austin Tatman) နဲ့ နာတာလီ ခရိုး (Natalie Crowe) တို့ဟာ ဖလော်ရီဒါမှာ မူကြိုကို အတူတူ တက်ခဲ့ကြတာပါနော်။ (၄) နှစ်သားအရွယ်ကတည်းက  မြင်မြင်ချင်း ခင်သွားခဲ့ပြီးတော့ တစ်ချိန်မှာတော့ လက်ထပ်ဖြစ်မယ်ဆိုတာဘယ်သူကမှ သိခဲ့မှာလဲနော်။

နာတာလီ ငါးနှစ်ရောက်တော့ သူတို့မိသားစုလိုက် ကွန်နက်တီကတ် (Connecticut) ပြည်နယ်ဆီ ပြောင်းဖို့ အကြောင်းဖန်ခဲ့တာပါ။နှစ်နည်းနည်း ကြာတဲ့ ချိန်မှာ မိခင်ဖြစ်သူရဲ့ လိပ်စာမှတ်တမ်း စာအုပ်ကနေ အော်စတင်မိသားစုရဲ့ လိပ်စာကို နာတာလီ ရှာတွေ့ခဲ့တာပါ။

ဆယ်ကျော်သက်အရွယ်ရောက်ပြီး ဖေ့စ်ဘွတ်စသုံးချိန်မှာ နှစ်ယောက်သား ချိတါမိပြီး အချစ်တစ်ခု ပေါက်ပွားခဲ့တာပါ။လက်ရှိအချိန်မှာ နှစ်ဦးသား အသက် (၂၄) နှစ်ရှိပြီ ဖြစ်ပြီးတော့ မင်္ဂလာပွဲကို ဖလော်ရီဒါကမ်းခြေမှာ ဧပြီလ (၁၃) ရက်နေ့က ကျင်းပခဲ့တာပါ။

မင်္ဂလာပွဲအတွက် စီစဉ်တဲ့နေရာမှာ အော်စတင် မိဘတွေဆီကို သွားလည်ပြီးတော့ ကလေးဘဝက အမှတ်တရပုံရိပ်တွေကို ပြန်ရှာပြီး မင်္ဂလာပွဲမှာ ပြသဖို့ကိုပါ တစ်ပါတည်း စီစဉ်ခဲ့ကြတာပါ။

ဘဝတစ်လျှောက်လုံးကို အတူတူမဖြတ်သန်းရသေးပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိထားသူတွေမို့ ခိုင်မြဲတဲ့ဆက်သွယ်မှု ရှိပါတယ်။ ကလေးဘဝတုန်းက အမှတ်တရတွေနဲ့ ပြန်ဆက်သွယ်မိတဲ့အခါ နှစ်ဦးသား အချစ်ကပိုလို့ ခိုင်မြဲခဲ့ပါတယ်။

လို့ နာတာလီက ေုပာခဲ့တာပါ။ငယ်ကချစ် နှစ် (၁၀၀) ဆိုသလိုပဲ အော်စတင်နဲ့ နာတာလီတို့နှစ်ဦးရဲ့ အချစ်ရေးကတော့ (၄) နှစ်အရွယ်ကစတင်ခဲ့ပြီးတေ့ လက်ရှိအချိန်ထိ ခိုင်မြဲလို့ နေပါတယ်နော်။

Credit Vedio

Leave a Reply

Your email address will not be published. Required fields are marked *