ဆရာ၊ဆရာမတွေကို ဘယ်သူကယ်မလဲ
===================
အခြေခံပညာတွင် ဆရာ၊ဆရာမပေါင်းသိန်းနှင့်ချီရှိသည်။ယခု၂၀၂၀ရွေးကောက်ပွဲတွင် ဆရာ၊ဆရာမ အင်အားတစ်သိန်းခွဲခန့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ခေါ်ယူအသုံးပြုခဲ့သည်။တကယ်လည်း ဆရာ၊ဆရာမများ ကြိုးစားအားထုတ်ခဲ့သည်။ပင်ပန်းခဲ့ကြသည်။တချို့မှာ ကိုဗစ်ကပ်ရောဂါနှင့်အတူ နိုင်ငံတော်အတွက်အသက်ပင်
ပေးလှူသွားကြသည်။ အရင်းအနှီးကြီးမားသော ရွေးကောက်ပွဲတစ်ပွဲဆိုလည်းမှားမည်မထင်။ရွေးကောက်ပွဲဂယက်က ရွေးကောက်ပွဲအပြီးတွင် ပြင်းထန်စွာရိုက်ခတ်လေတော့သည်။
ဆရာ၊ဆရာမတွေကို ရှုံးနိမ့်သောပါတီများက လက်ညိုးထိုးကာ အားရပါးရထိပါးပြောဆိုကြသည်။ တရားစွဲဆိုမှုများ တဖြည်းဖြည်းများပြားလာသည်။စွပ်စွဲမှုများ
ခြေလှမ်းနည်းနည်းစိပ်လာသည်။ပြောကြကြေးဟေ့ဆိုလျှင် ဆရာ၊ဆရာမများသည်နိုင်ငံ၀န်ထမ်းများဖြစ်၍ ယခုကဲ့သို့ဖြစ်ပျက်နေသည့်နစ်နာချက်များအားလုံး မိခင်၀န်ကြီးဌာနတွင်
လုံးလုံးလျားလျား တာ၀န်အပြည့်အ၀ရှိနေပေသည်။ ရွေးကောက်ပွဲတစ်ခုအတွက်တာ၀န်ကျေသည်ဟုဆိုကာ ဂုဏ်ပြုလက်မှတ်တစ်ခုဖြင့် ဆရာ၊ဆရာမများကိုနှစ်သိမ့်မှုပြုခြင်းသည်
မကောင်းတန်ရာကြသည်။ ဆရာ၊ဆရာမများကိုအပြည့်အ၀ကာကွယ်ပေးသင့်သည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း ဆရာ၊ဆရာမများအတွက်
ယခုအချိန်တွင်နှုတ်ဆိတ်လွန်းလှသည်။ မှားသူခံကြေးဆိုသည့်အပြုအမူမှာ ဆရာအင်အားထုအတွက် အလွန်အင်မတန်ပင်နစ်နာလွန်းလှသည်။ အခြေခံပညာတွင်
ဆရာ၊ဆရာမများသည် ယခုရွေးကောက်ပွဲမှ နစ်နာလှသည်မဟုတ်ပေ။သင်ကြားရေးတာ၀န်အပြင် ကျောင်းလုံခြုံရေးအတွက် ဂိတ်ပေါက်ကိုစောင့်ခဲ့ကြရသည်။အများသူငါ
နိုင်ငံ၀န်ထမ်းများ ရုံးသယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် ကျော့ကျော့ကလေး စီးနေချိန်တွင် ဆရာ၊ဆရာမများမှာ ကြုံရာ မော်တော်ယာဉ်ဖြင့်
ကျောင်းချိန်အမှီလာရသည်။ဝေးလံခေါင်းပါးသည့်နေရာများတွင် အကာအကွယ်မဲ့ တာ၀န်ထမ်းဆောင်ကြရသည်။ထီကနဲဟေ့ဆိုလျှင် ဆရာ၊ဆရာမများ အထိနာသည်က
များပြားလှပေသည်။စစ်ပွဲတစ်ခုဖြစ်လျှင်လည်း သေရသည်။ပြန်ပေးဆွဲလျှင်လည်း ခံရသည်။ မလုံခြုံသော အရပ်များတွင် တာ၀န်ထမ်းဆောင်နေသည့် ၀န်ထမ်းအများစုကိုပြပါဆိုလျှင်
ကျောင်းဆရာ၊ဆရာမများကိုသာပြရမည်ပင်ဖြစ်သည်။စေတနာ၊ဝါသနာ၊အနစ်နာဆိုသည့် နာသုံးနာနှင့် တာ၀န်ထမ်းဆောင်နေသည် ဆရာ၊ဆရာမများကို
နိုင်ငံတော်ကဖြစ်စေ၊သက်ဆိုင်ရာ၀န်ကြီးဌာနကဖြစ်စေ လက်လွတ်စပယ် မည်သည့်ကိစ္စမဆိုခေါ်ယူ အသုံးပြုခြင်းသည် ခေတ်ဟောင်း၊စနစ်ဟောင်းတွင်
ထားခဲ့ချိန်တန်ပြီဖြစ်ချေသည်။နိုင်ငံ၀န်ထမ်းပဲ ခိုင်းတာလုပ်ရမည်ဆိုသည့် အတွေးအခေါ်သည် ဆရာအင်အားထုအတွက်အလွန်မမျှတရာကျပေသည်။အထူးသဖြင့် အခြေခံမှ
ဆရာ၊ဆရာမများသည် သင်ကြားရေးတာ၀န်မှအပ အပရိကခိုင်းစေခြင်းကို ယခင်ကလည်းနှစ်သက်မည်မထင်။ယခုလည်းနှစ်သက်မည်မဟုတ်။ဆရာထု၏ စိတ်ထဲတွင်
ပေးအပ်လာသောတာ၀န်များကို ကျေပွန်စွာထမ်းရွက်ရမည်ဟူသော အရိုးခံစိတ်ရင်းသာရှိကြပေသည်။ဆရာများ နေေရးထိုင်ရေး၊လုံခြုံမှု၊သွားလာရေး စသည့် ၀န်ဆောင်မှုများကို
အစိုးရသည် နိုင်ငံ၀န်ထမ်းများဖြစ်သည့် ဆရာ၊ဆရာမများကို ဖြည့်ဆည်းပေးရန်မေ့လျော့လျက်ရှိနေပေသည်။သို့သော် နိုင်ငံတာ၀န်များ ထမ်းဆောင်ရန်အလို့ငှာ အခြေခံပညာမှ
ဆရာအင်အားထုကိုသတိတရရှိကြလွန်းသည်။ယခုလည်း ဆရာ၊ဆရာမများကို ရွေးကောက်ပွဲအတွက် လူထုကကျေးဇူးတင်လှသည်ဟု အားပါးတရပြောဆိုမှုများရှိသည်။
ဆရာ၊ဆရာမများ ၂၀၂၀ရွေးကောက်ပွဲတွင် တာ၀န်ကျေသည်ဟုဆိုသည့်စကားထက် တစ်ဖက်ကမ်းကိုပင်အရောက်လွန်ခဲ့သည်။သို့သော် ကြိုဆိုသူမရှိ။ကူရာ၊ကယ်ရာမဲ့တော့
မည်သူမှလည်းဖြစ်စေချင်မည်မထင်။ဖြစ်လည်းဖြစ်ဖို့မကောင်းပါ။သို့ဖြစ်၍ ဆရာ၊ဆရာမများ နစ်နာခံစားနေသည့်
ရွေးကောက်ပွဲဂယက်ဘယ်သူကယ်မလဲ။ဘယ်သူကဖေးမကူညီမလဲ။ဘယ်သူက စာနာနိုင်မလဲဆိုတာ အမေးပေါ် အမေးဆင့်၍ တွေးတောရေးသားလိုက်ရပါတော့သည်။ ။
(မိုးယံ)
Myanmar Harp Media
ဆရာ၊ဆရာမေတြကို ဘယ္သူကယ္မလဲ
===================
အေျခခံပညာတြင္ ဆရာ၊ဆရာမေပါင္းသိန္းႏွင့္ခ်ီရွိသည္။ယခု၂၀၂၀ေ႐ြးေကာက္ပြဲတြင္ ဆရာ၊ဆရာမ အင္အားတစ္သိန္းခြဲခန႔္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က
ေခၚယူအသုံးျပဳခဲ့သည္။တကယ္လည္း ဆရာ၊ဆရာမမ်ား ႀကိဳးစားအားထုတ္ခဲ့သည္။ပင္ပန္းခဲ့ၾကသည္။တခ်ိဳ႕မွာ ကိုဗစ္ကပ္ေရာဂါႏွင့္အတူ ႏိုင္ငံေတာ္အတြက္အသက္ပင္
ေပးလႉသြားၾကသည္။ အရင္းအႏွီးႀကီးမားေသာ ေ႐ြးေကာက္ပြဲတစ္ပြဲဆိုလည္းမွားမည္မထင္။ေ႐ြးေကာက္ပြဲဂယက္က ေ႐ြးေကာက္ပြဲအၿပီးတြင္ ျပင္းထန္စြာ႐ိုက္ခတ္ေလေတာ့သည္။
ဆရာ၊ဆရာမေတြကို ရႈံးနိမ့္ေသာပါတီမ်ားက လက္ညိဳးထိုးကာ အားရပါးရထိပါးေျပာဆိုၾကသည္။ တရားစြဲဆိုမႈမ်ား တျဖည္းျဖည္းမ်ားျပားလာသည္။စြပ္စြဲမႈမ်ား
ေျခလွမ္းနည္းနည္းစိပ္လာသည္။ေျပာၾကေၾကးေဟ့ဆိုလွ်င္ ဆရာ၊ဆရာမမ်ားသည္ႏိုင္ငံ၀န္ထမ္းမ်ားျဖစ္၍ ယခုကဲ့သို႔ျဖစ္ပ်က္ေနသည့္နစ္နာခ်က္မ်ားအားလုံး မိခင္၀န္ႀကီးဌာနတြင္
လုံးလုံးလ်ားလ်ား တာ၀န္အျပည့္အ၀ရွိေနေပသည္။ ေ႐ြးေကာက္ပြဲတစ္ခုအတြက္တာ၀န္ေက်သည္ဟုဆိုကာ ဂုဏ္ျပဳလက္မွတ္တစ္ခုျဖင့္ ဆရာ၊ဆရာမမ်ားကိုႏွစ္သိမ့္မႈျပဳျခင္းသည္
မေကာင္းတန္ရာၾကသည္။ ဆရာ၊ဆရာမမ်ားကိုအျပည့္အ၀ကာကြယ္ေပးသင့္သည့္ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွာလည္း ဆရာ၊ဆရာမမ်ားအတြက္
ယခုအခ်ိန္တြင္ႏႈတ္ဆိတ္လြန္းလွသည္။ မွားသူခံေၾကးဆိုသည့္အျပဳအမူမွာ ဆရာအင္အားထုအတြက္ အလြန္အင္မတန္ပင္နစ္နာလြန္းလွသည္။ အေျခခံပညာတြင္
ဆရာ၊ဆရာမမ်ားသည္ ယခုေ႐ြးေကာက္ပြဲမွ နစ္နာလွသည္မဟုတ္ေပ။သင္ၾကားေရးတာ၀န္အျပင္ ေက်ာင္းလုံၿခဳံေရးအတြက္ ဂိတ္ေပါက္ကိုေစာင့္ခဲ့ၾကရသည္။အမ်ားသူငါ
ႏိုင္ငံ၀န္ထမ္းမ်ား ႐ုံးသယ္ယူပို႔ေဆာင္ေရးယာဥ္ျဖင့္ ေက်ာ့ေက်ာ့ကေလး စီးေနခ်ိန္တြင္ ဆရာ၊ဆရာမမ်ားမွာ ႀကဳံရာ ေမာ္ေတာ္ယာဥ္ျဖင့္
ေက်ာင္းခ်ိန္အမွီလာရသည္။ေဝးလံေခါင္းပါးသည့္ေနရာမ်ားတြင္ အကာအကြယ္မဲ့ တာ၀န္ထမ္းေဆာင္ၾကရသည္။ထီကနဲေဟ့ဆိုလွ်င္ ဆရာ၊ဆရာမမ်ား အထိနာသည္က
မ်ားျပားလွေပသည္။စစ္ပြဲတစ္ခုျဖစ္လွ်င္လည္း ေသရသည္။ျပန္ေပးဆြဲလွ်င္လည္း ခံရသည္။ မလုံၿခဳံေသာ အရပ္မ်ားတြင္ တာ၀န္ထမ္းေဆာင္ေနသည့္ ၀န္ထမ္းအမ်ားစုကိုျပပါဆိုလွ်င္
ေက်ာင္းဆရာ၊ဆရာမမ်ားကိုသာျပရမည္ပင္ျဖစ္သည္။ေစတနာ၊ဝါသနာ၊အနစ္နာဆိုသည့္ နာသုံးနာႏွင့္ တာ၀န္ထမ္းေဆာင္ေနသည္ ဆရာ၊ဆရာမမ်ားကို
ႏိုင္ငံေတာ္ကျဖစ္ေစ၊သက္ဆိုင္ရာ၀န္ႀကီးဌာနကျဖစ္ေစ လက္လြတ္စပယ္ မည္သည့္ကိစၥမဆိုေခၚယူ အသုံးျပဳျခင္းသည္ ေခတ္ေဟာင္း၊စနစ္ေဟာင္းတြင္
ထားခဲ့ခ်ိန္တန္ၿပီျဖစ္ေခ်သည္။ႏိုင္ငံ၀န္ထမ္းပဲ ခိုင္းတာလုပ္ရမည္ဆိုသည့္ အေတြးအေခၚသည္ ဆရာအင္အားထုအတြက္အလြန္မမွ်တရာက်ေပသည္။အထူးသျဖင့္ အေျခခံမွ
ဆရာ၊ဆရာမမ်ားသည္ သင္ၾကားေရးတာ၀န္မွအပ အပရိကခိုင္းေစျခင္းကို ယခင္ကလည္းႏွစ္သက္မည္မထင္။ယခုလည္းႏွစ္သက္မည္မဟုတ္။ဆရာထု၏ စိတ္ထဲတြင္
ေပးအပ္လာေသာတာ၀န္မ်ားကို ေက်ပြန္စြာထမ္း႐ြက္ရမည္ဟူေသာ အ႐ိုးခံစိတ္ရင္းသာရွိၾကေပသည္။ဆရာမ်ား ေနေရးထိုင္ေရး၊လုံၿခဳံမႈ၊သြားလာေရး စသည့္ ၀န္ေဆာင္မႈမ်ားကို
အစိုးရသည္ ႏိုင္ငံ၀န္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ဆရာမမ်ားကို ျဖည့္ဆည္းေပးရန္ေမ့ေလ်ာ့လ်က္ရွိေနေပသည္။သို႔ေသာ္ ႏိုင္ငံတာ၀န္မ်ား ထမ္းေဆာင္ရန္အလို႔ငွာ အေျခခံပညာမွ
ဆရာအင္အားထုကိုသတိတရရွိၾကလြန္းသည္။ယခုလည္း ဆရာ၊ဆရာမမ်ားကို ေ႐ြးေကာက္ပြဲအတြက္ လူထုကေက်းဇူးတင္လွသည္ဟု အားပါးတရေျပာဆိုမႈမ်ားရွိသည္။
ဆရာ၊ဆရာမမ်ား ၂၀၂၀ေ႐ြးေကာက္ပြဲတြင္ တာ၀န္ေက်သည္ဟုဆိုသည့္စကားထက္ တစ္ဖက္ကမ္းကိုပင္အေရာက္လြန္ခဲ့သည္။သို႔ေသာ္ ႀကိဳဆိုသူမရွိ။ကူရာ၊ကယ္ရာမဲ့ေတာ့
မည္သူမွလည္းျဖစ္ေစခ်င္မည္မထင္။ျဖစ္လည္းျဖစ္ဖို႔မေကာင္းပါ။သို႔ျဖစ္၍ ဆရာ၊ဆရာမမ်ား နစ္နာခံစားေနသည့္
ေ႐ြးေကာက္ပြဲဂယက္ဘယ္သူကယ္မလဲ။ဘယ္သူကေဖးမကူညီမလဲ။ဘယ္သူက စာနာႏိုင္မလဲဆိုတာ အေမးေပၚ အေမးဆင့္၍ ေတြးေတာေရးသားလိုက္ရပါေတာ့သည္။ ။
(မိုးယံ)
Myanmar Harp Media