ဘီးဖာတဲ့ အလုပ္ကို ေက်ာင္းပိတ္ရက္ေတြမွာ ႀကိဳးစားလုပ္ကိုင္ေနတဲ့ (၁၀)ႏွစ္အ႐ြယ္ ကေလး

ဘီးဖာတဲ့ အလုပ္ကို ေက်ာင္းပိတ္ရက္ေတြမွာ ႀကိဳးစားလုပ္ကိုင္ေနတဲ့ (၁၀)ႏွစ္အ႐ြယ္ ကေလး

ယေန႔ ေန႔လည္တုန္းက ဆိုင္ကယ္နဲ႔ မိန္းနားသြားရင္းနဲ႔ ဘီးေပါက္ပါေလေရာဗ်ာ။အဲ့ဒီေတာ့ တြန္းရတာေပါ့။ပထမဆုံးေတြ႕တဲ့ဆိုင္ကေတာ့ အဖိုးႀကီးတစ္ေယာက္ပါ။ သူကၾကည့္ၿပီးေတာ့ ကြၽတ္လဲရမွာတဲ့။ကလစ္ဆိုင္ကယ္ျဖစ္လို႔ မျဖဳတ္ေပးႏိုင္ဘူးတဲ့။ ခက္တယ္တဲ့။ ဟုတ္ပါတယ္။ Click ဆိုင္ကယ္ေတြဟာ ေနာက္ဘီးျဖဳတ္ရတာခက္တယ္။ေရွ႕နားမွာ ဘီးဖာတဲ့ဆိုင္ရွိတယ္တဲ့။ တစ္ျပပဲဆိုတာနဲ႔ ဆက္တြန္းသြားလိုက္တာ။ ၆၉လမ္းနဲ႔ ၃၉ လမ္းဆုံမွာ။

ဒီဆိုင္ေလးေတြ႕ပါေလေရာဗ်ာ။ဘီးဖာေပးတဲ့ဆရာကေတာ့ အသက္ ၁၀ ႏွစ္ဆိုေတာ့ ဟျဖစ္ပါ့မလားေပါ့ဗ်ာ။ ေကာင္ေလးနာမည္က မင္းခန႔္ေက်ာ္တဲ့။ေက်ာင္းက ၄ တန္းေျဖထားတယ္တဲ့။Click ဆိုင္ကယ္ကို မၿပီးေတာ့ ဘီးကိုတစ္ေယာက္ထဲအလြယ္တကူျဖဳတ္ၿပီး ကြၽတ္အသစ္လဲေပးတာဗ်ာ။အေတာ္ကြၽမ္းက်င္တယ္။သူ႔အေဖရဲ႕ဆိုင္မွာ ေက်ာင္းပိတ္ရက္ေတြ ကူလုပ္ေပးေနတာတဲ့ဗ်ာ။ အသက္ ၈ ႏွစ္ကထဲက လာကူတာေတာ့ အခုေတာ့ ေတာ္ေတာ္ေလးကို ကြၽမ္းက်င္ေနၿပီ။

သူ႔ဝမ္းသူေက်ာင္းႏိုင္တဲ့ အသက္ေမြးပညာတတ္သြားၿပီ။ဒီေနရာမွာေျပာခ်င္တာကေတာ့ မိဘတိုင္း သားသမီးကို ခိုင္းပါဗ်ာ။ေငြေၾကးခ်မ္းသာတဲ့သူေရာ ဆင္းရဲတဲ့သူပါ သားသမီးကို အလုပ္လုပ္ခိုင္းၾကပါ။ အလုပ္လုပ္ျခင္းကေတာ့လူကို ရင့္က်က္ေစတာပါ။ကိုယ္တိုင္အလုပ္လုပ္ၿပီးရွာရတဲ့ ေငြရဲ႕ တန္ဘိုးကိုသိသြားတဲ့အတြက္ေၾကာင့္ ဘယ္ေတာ့မွ လမ္းမွားမေရာက္ေတာ့ဘူးေပါ့။ မပ်င္းေတာ့ဘူး။အခုေခတ္က မိဘေတြ သားသမီးကိုမခိုင္းၾကဘူး။

အိမ္ကအေႂကြးတင္ေနေပမယ့္လည္း သားသမီးၾက ဖိနပ္ သိန္းေက်ာ္တန္ဆိုင္ကယ္အေကာင္းစား ကားအေကာင္းစားနဲ႔ထားၾကတယ္။ အဲ့ဒီေတာ့ သားသမီးက မိဘကို ကိုယ္ျခင္းလဲမစာတတ္ဘူး။ေလာကနိယာမတရားလဲမသိ။ အလုပ္လဲမလုပ္ခ်င္။မိမိဘဝအေျခအေနမွန္ကိုလဲ မသိ နဲ႔ ေဟးလားဝါးလားနဲ႔။ အသက္ႀကီးၿပီးေတာ့ မတိုးတက္ပဲလူၫႊန႔္တုန္းရပါတယ္။ အခုေခတ္ကေလးေတြပိုဆိုးတယ္။Game နဲ႔ Facebook ကို ဘဝထင္ၿပီးေတာ့ တစ္ခ်ိန္လုံးႏွိပ္ေနတယ္။

ကိုယ္ရွာတဲ့ ပိုက္ဆံနဲ႔ ကိုယ္ႏွိပ္ရင္ေတာ့ မေျပာလိုပါဘူးဗ်ာ။ မိဘပိုက္ဆံနဲ႔ႏွိပ္တာေတာ့ လြန္ပါတယ္ေနာ္။အဲ့ဒီေတာ့ မိဘမ်ား သားသမီးကိုခ်စ္တယ္ဆို မ်ားမ်ားခိုင္းၾကပါေနာ္။ ဒါမွလဲ သူတို႔ဘဝေတြတိုးတက္မွာပါ။ေငြပုံႀကီးေပးထားလဲ အခ်ိန္တန္ကုန္သြားမွာပါ။ေငြရွာနည္းသင္ေပးလိုက္ရင္ တစ္သက္မကုန္ေတာ့ပါဘူးဗ်ာ။ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အလုပ္ႀကိဳးစားေနတဲ့ လူေတာ္ေလး ေမာင္မင္းခန႔္ေက်ာ္ကိုအားေပးခ်င္ရင္ေတာ့၆၉လမ္းနဲ႔ ၃၉ လမ္းေဒါင့္မွာရွိတဲ့ သူ႔ဆိုင္မွာ တာယာလဲတာ ေလခ်ိန္တာ ဘီးဖာတာေတြ လုပ္ေပးေနပါတယ္ေနာ္။

Unicode

ဘီးဖာတဲ့ အလုပ်ကို ကျောင်းပိတ်ရက်တွေမှာ ကြိုးစားလုပ်ကိုင်နေတဲ့ (၁၀)နှစ်အရွယ် ကလေး

ယနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနားသွားရင်းနဲ့ ဘီးပေါက်ပါလေရောဗျာ။အဲ့ဒီတော့ တွန်းရတာပေါ့။ပထမဆုံးတွေ့တဲ့ဆိုင်ကတော့ အဖိုးကြီးတစ်ယောက်ပါ။ သူကကြည့်ပြီးတော့ ကျွတ်လဲရမှာတဲ့။ကလစ်ဆိုင်ကယ်ဖြစ်လို့ မဖြုတ်ပေးနိုင်ဘူးတဲ့။ ခက်တယ်တဲ့။ ဟုတ်ပါတယ်။ Click ဆိုင်ကယ်တွေဟာ နောက်ဘီးဖြုတ်ရတာခက်တယ်။ရှေ့နားမှာ ဘီးဖာတဲ့ဆိုင်ရှိတယ်တဲ့။ တစ်ပြပဲဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ။ ၆၉လမ်းနဲ့ ၃၉ လမ်းဆုံမှာ။

ဒီဆိုင်လေးတွေ့ပါလေရောဗျာ။ဘီးဖာပေးတဲ့ဆရာကတော့ အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့ဗျာ။ ကောင်လေးနာမည်က မင်းခန့်ကျော်တဲ့။ကျောင်းက ၄ တန်းဖြေထားတယ်တဲ့။Click ဆိုင်ကယ်ကို မပြီးတော့ ဘီးကိုတစ်ယောက်ထဲအလွယ်တကူဖြုတ်ပြီး ကျွတ်အသစ်လဲပေးတာဗျာ။အတော်ကျွမ်းကျင်တယ်။သူ့အဖေရဲ့ဆိုင်မှာ ကျောင်းပိတ်ရက်တွေ ကူလုပ်ပေးနေတာတဲ့ဗျာ။ အသက် ၈ နှစ်ကထဲက လာကူတာတော့ အခုတော့ တော်တော်လေးကို ကျွမ်းကျင်နေပြီ။

သူ့ဝမ်းသူကျောင်းနိုင်တဲ့ အသက်မွေးပညာတတ်သွားပြီ။ဒီနေရာမှာပြောချင်တာကတော့ မိဘတိုင်း သားသမီးကို ခိုင်းပါဗျာ။ငွေကြေးချမ်းသာတဲ့သူရော ဆင်းရဲတဲ့သူပါ သားသမီးကို အလုပ်လုပ်ခိုင်းကြပါ။ အလုပ်လုပ်ခြင်းကတော့လူကို ရင့်ကျက်စေတာပါ။ကိုယ်တိုင်အလုပ်လုပ်ပြီးရှာရတဲ့ ငွေရဲ့ တန်ဘိုးကိုသိသွားတဲ့အတွက်ကြောင့် ဘယ်တော့မှ လမ်းမှားမရောက်တော့ဘူးပေါ့။ မပျင်းတော့ဘူး။အခုခေတ်က မိဘတွေ သားသမီးကိုမခိုင်းကြဘူး။

အိမ်ကအကြွေးတင်နေပေမယ့်လည်း သားသမီးကြ ဖိနပ် သိန်းကျော်တန်ဆိုင်ကယ်အကောင်းစား ကားအကောင်းစားနဲ့ထားကြတယ်။ အဲ့ဒီတော့ သားသမီးက မိဘကို ကိုယ်ခြင်းလဲမစာတတ်ဘူး။လောကနိယာမတရားလဲမသိ။ အလုပ်လဲမလုပ်ချင်။မိမိဘဝအခြေအနေမှန်ကိုလဲ မသိ နဲ့ ဟေးလားဝါးလားနဲ့။ အသက်ကြီးပြီးတော့ မတိုးတက်ပဲလူညွှန့်တုန်းရပါတယ်။ အခုခေတ်ကလေးတွေပိုဆိုးတယ်။Game နဲ့ Facebook ကို ဘဝထင်ပြီးတော့ တစ်ချိန်လုံးနှိပ်နေတယ်။

ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကိုယ်နှိပ်ရင်တော့ မပြောလိုပါဘူးဗျာ။ မိဘပိုက်ဆံနဲ့နှိပ်တာတော့ လွန်ပါတယ်နော်။အဲ့ဒီတော့ မိဘများ သားသမီးကိုချစ်တယ်ဆို များများခိုင်းကြပါနော်။ ဒါမှလဲ သူတို့ဘဝတွေတိုးတက်မှာပါ။ငွေပုံကြီးပေးထားလဲ အချိန်တန်ကုန်သွားမှာပါ။ငွေရှာနည်းသင်ပေးလိုက်ရင် တစ်သက်မကုန်တော့ပါဘူးဗျာ။ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားနေတဲ့ လူတော်လေး မောင်မင်းခန့်ကျော်ကိုအားပေးချင်ရင်တော့၆၉လမ်းနဲ့ ၃၉ လမ်းဒေါင့်မှာရှိတဲ့ သူ့ဆိုင်မှာ တာယာလဲတာ လေချိန်တာ ဘီးဖာတာတွေ လုပ်ပေးနေပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *