“ ကေလး (၂၆) ေယာက္ေမြးခဲ့တဲ့ ျမန္မာႏိုင္ငံက ေခတ္သစ္ ရွင္ေမြးလြန္း ”

Zawgyi ျဖင့္ဖတ္ရန္

“ ကေလး (၂၆) ေယာက္ေမြးခဲ့တဲ့ ျမန္မာႏိုင္ငံက ေခတ္သစ္ ရွင္ေမြးလြန္း ”

ဒီတစ္ပတ္မွာေတာ့ ပရိသတ္ေတြ အ့ံအားသင့္သြားမယ့္ ေခတ္သစ္ ရွင္ေမြးလြန္း အေၾကာင္းကို တင္ဆက္ေပးသြားပါမယ္။ေဒၚခင္မာျမင့္ဆိုသူက သူမရဲ႕ ေယာက်ာ္းနဲ႔ အခုလက္ရွိမွာ ကေလး ၂၆ ေယာက္ကုိ ဘယ္လိုျပဳစုပ်ိဳးေထာင္လဲဆိုတာ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။လူေတြကေတာ့ ေျပာက်တာေပါ့ ရွင္ေမြးလြန္း၊ အလကားေန ဥနဲ႔ ဗုိက္နဲ႔မျပတ္ဘူး အဲ့လိုေျပာက်တာေပါ့။ တကယ္လဲမျပတ္ဘူးေလ။

သူတို႔ကေတာ့ စိတ္ပူလို႔ေျပာက်တာေပါ့။ ဟုတ္ကဲ့ကလြဲျပီး က်န္တာမတုန္႔ျပန္ပါဘူး။ က်န္တာေတာ့ဘာမွ မေတြးပါဘူး။ အိမ္ေထာင္ရယ္လို႔ျဖစ္လာရင္ သားသမီးဆိုတာ ရၾကမွာပဲ။အဲ့ဒီ့အေပၚမွာ စိတ္တူကိုယ္တူ ရွိဖို႔ပဲလိုပါတယ္။ အန္တီက သန္လ်င္ကေန ရံုးသြားေတာ့ ဦးအိမ္ေရွ႕ကေနျဖတ္ရတယ္ေလ။ အဲ့မွာ အေၾကာင္းပါတာပါပဲ။

၁၈ႏွစ္ေမြးေန႔လုပ္ျပီး ေနာက္ေန႔ ၁၈ႏွစ္ ၁ရက္မွာ ဦးနဲ႔အိမ္ေထာင္ျပဳခဲ့တာပါ။ ဦးက ၂၅ႏွစ္ ၁၀လ၊ အန္တီက ၁၈ ႏွစ္၁လမွာ ယူၾကတာေပါ့။ ၁၉၇၅ ကေန ၂၀၀၂ ထိ အန္တီေမြးခဲ့တာပါ။ေယာက်ာ္းေလးက ၁၂ေယာက္ သမီး ၁၄ေယာက္ပါ။ အခုလက္ရွိမွာ သက္ရွိတင္ရွား ၁၅ေယာက္ရိွပါတယ္။ တစ္ႏွစ္တစ္ေယာက္ေမြးခဲ့တာပါ။ အမႊာေတာင္ေမြးလုိက္ေသးတယ္။

၇၈မွာ မိန္းကေလးအမႊာ၊ ၇၉မွာ ေယာက်ာ္ေလးအမႊာ။ဦးကေတာ့ အဲ့အခ်ိန္က ဝန္ထမ္းလုပ္ပါတယ္။အန္တီကေတာ့ ကေလးေတြရလာေတာ့ ဝန္ထမ္းအလုပ္ကေန ထြက္ျပီး သူဝါသနာပါတဲ့ အေရာင္း အဝယ္လုပ္ကုိ လုပ္ခဲ့ပါတယ္။ အဲ့ဒီ့ အခ်ိန္အတိုင္းအတာအရေတာ့ ႏွစ္ေယာက္ရွာတာ ဒီမိသားစုကို ထိန္းသိမ္းႏုိင္ပါတယ္။

မခ်မ္းသာေပမယ့္စားဖို႔ေနဖုိ႔ ဝတ္ဖို႔ ေက်ာင္းေနဖို႔ကေတာ့ ေလာက္ပါတယ္။ ၂၀၀၆ ေလာက္ကစျပီး ရွင္ဆႏၵာဓိက နဲ႔ မိခင္ကေလး အသင္းကေထာက္ပံ့ေပးပါတယ္။မယ္ေတာ္ၾကီးက ေဒၚလာ၃၀၀၀ရယ္၊ ေငြသိန္း ၃၀ဆယ္ရယ္ ခ်ီးျမွင့္တယ္။ ဦးကေတာ့ အမ်ိဳးသမီးက တစ္ႏွစ္တစ္ေယာက္ေမြးေနက် ေနာက္ျပီး OG ေတြနဲ႔လည္း အပ္ထားျပီးသားဆိုေတာ့ သိမ့္ျပီး စိုးရိမ္စိတ္မရွိပါဘူး။

က်န္းမာေရးေလးပဲ ဂရုစိုက္ရတာပါ။ ဦးက အန္တီ့အေပၚမွာ အရမ္း ၾကင္ၾကင္နာနာရွိတယ္။ အရမ္းဆိုးတဲ့ ေယာက်ာ္းမဟုတ္ဘူးေလ။ သူအဲ့လို ဂရုစိုက္ေတာ့ အန္တီေမြးရတာလည္း သက္ေတာင့္သက္သာရွိတယ္။မိန္းမအေပၚမွာေရာ သားသမီးအေပၚမွာေရာ အရမ္းၾကင္ၾကင္နာနာရွိတယ္။ တစ္ႏွစ္ကို ဆယ္တန္းေျဖတဲ့သူက ၂ေယာက္ ၃ေယာက္ ၄ေယာက္ရွိတယ္။ ဆယ္တန္းမေျဖတဲ့ႏွစ္ကို မရွိပါဘူး။

တစ္ေယာက္ဆိုရင္ ေတာင္မ်က္လံုးျပဴးေနက်တာေလ။ အန္တီဆိုရင္ တစ္ေယာက္ထဲေျဖတဲ့ႏွစ္က ရွားတယ္။ အန္တီေယာက္ခမေတြ အမ်ိဳးေတြက အမ်ားၾကီးရွိေတာ့ ကေလး ၂ေယာက္ ၃ေယာက္ကို ဝိုင္းထိန္းေပးေတာ့ အန္တီထိန္းရတယ္လို႔ကိုလည္းမရွိခဲ့ပါဘူး။ခက္ခဲမႈေတာ့ အေထြအထူး မရိွခဲ့ပါဘူး။ လူၾကီးေတြမရွိေတာ့လည္း ေမာင္ႏွမအၾကီးေတြက အငယ္ေတြကို ျပန္ထိန္းခဲ့တာပဲေလ။ စိတ္တူကိုယ္တူ ေမြးခဲ့ၾကတာဆိုေတာ့ ေမြးခဲ့တဲ့ကေလးေတြအေပၚမွာ ျငိဳျငင္တာမရွိခဲ့ပါဘူး။

ေမြးတာေတာ့ ခြဲေမြးတာပဲျဖစ္ျဖစ္ ရိုးရိုးေမြးတာပဲျဖစ္ျဖစ္ ေမြးလာရင္ မေကၽြးႏုိင္မွာ ဆုိတာၾကီးကို မေတြးနဲ႔ သူ႔ကုသိုလ္နဲ႔သူ ျဖစ္လာလိမ့္မယ္။ မေၾကာက္ပါနဲ႔။ အန္တီ့သားသမီးေတြလည္း အိမ္ေထာင္က်ျပီးရင္ ကေလးယူ ရမယ္လို႔အန္တီက မွာထားတယ္လို႔ ရွင္ေမြးလြန္း အန္တီတို႔ လင္မယားႏွစ္ေယာက္က ခုလိုေျပာသြားခဲ့ပါတယ္။

Credit Santhitsa

Unicode ျဖင့္ဖတ္ရန္

“ ကလေး (၂၆) ယောက်မွေးခဲ့တဲ့ မြန်မာနိုင်ငံက ခေတ်သစ် ရှင်မွေးလွန်း ”

ဒီတစ်ပတ်မှာတော့ ပရိသတ်တွေ အံ့အားသင့်သွားမယ့် ခေတ်သစ် ရှင်မွေးလွန်း အကြောင်းကို တင်ဆက်ပေးသွားပါမယ်။ဒေါ်ခင်မာမြင့်ဆိုသူက သူမရဲ့ ယောကျာ်းနဲ့ အခုလက်ရှိမှာ ကလေး ၂၆ ယောက်ကို ဘယ်လိုပြုစုပျိုးထောင်လဲဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။လူတွေကတော့ ပြောကျတာပေါ့ ရှင်မွေးလွန်း၊ အလကားနေ ဥနဲ့ ဗိုက်နဲ့မပြတ်ဘူး အဲ့လိုပြောကျတာပေါ့။ တကယ်လဲမပြတ်ဘူးလေ။

သူတို့ကတော့ စိတ်ပူလို့ပြောကျတာပေါ့။ ဟုတ်ကဲ့ကလွဲပြီး ကျန်တာမတုန့်ပြန်ပါဘူး။ ကျန်တာတော့ဘာမှ မတွေးပါဘူး။ အိမ်ထောင်ရယ်လို့ဖြစ်လာရင် သားသမီးဆိုတာ ရကြမှာပဲ။အဲ့ဒီ့အပေါ်မှာ စိတ်တူကိုယ်တူ ရှိဖို့ပဲလိုပါတယ်။ အန်တီက သန်လျင်ကနေ ရုံးသွားတော့ ဦးအိမ်ရှေ့ကနေဖြတ်ရတယ်လေ။ အဲ့မှာ အကြောင်းပါတာပါပဲ။

၁၈နှစ်မွေးနေ့လုပ်ပြီး နောက်နေ့ ၁၈နှစ် ၁ရက်မှာ ဦးနဲ့အိမ်ထောင်ပြုခဲ့တာပါ။ ဦးက ၂၅နှစ် ၁၀လ၊ အန်တီက ၁၈ နှစ်၁လမှာ ယူကြတာပေါ့။ ၁၉၇၅ ကနေ ၂၀၀၂ ထိ အန်တီမွေးခဲ့တာပါ။ယောကျာ်းလေးက ၁၂ယောက် သမီး ၁၄ယောက်ပါ။ အခုလက်ရှိမှာ သက်ရှိတင်ရှား ၁၅ယောက်ရှိပါတယ်။ တစ်နှစ်တစ်ယောက်မွေးခဲ့တာပါ။ အမွှာတောင်မွေးလိုက်သေးတယ်။

၇၈မှာ မိန်းကလေးအမွှာ၊ ၇၉မှာ ယောကျာ်လေးအမွှာ။ဦးကတော့ အဲ့အချိန်က ဝန်ထမ်းလုပ်ပါတယ်။အန်တီကတော့ ကလေးတွေရလာတော့ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး သူဝါသနာပါတဲ့ အရောင်း အဝယ်လုပ်ကို လုပ်ခဲ့ပါတယ်။ အဲ့ဒီ့ အချိန်အတိုင်းအတာအရတော့ နှစ်ယောက်ရှာတာ ဒီမိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။

မချမ်းသာပေမယ့်စားဖို့နေဖို့ ဝတ်ဖို့ ကျောင်းနေဖို့ကတော့ လောက်ပါတယ်။ ၂၀၀၆ လောက်ကစပြီး ရှင်ဆန္ဒာဓိက နဲ့ မိခင်ကလေး အသင်းကထောက်ပံ့ပေးပါတယ်။မယ်တော်ကြီးက ဒေါ်လာ၃၀၀၀ရယ်၊ ငွေသိန်း ၃၀ဆယ်ရယ် ချီးမြှင့်တယ်။ ဦးကတော့ အမျိုးသမီးက တစ်နှစ်တစ်ယောက်မွေးနေကျ နောက်ပြီး OG တွေနဲ့လည်း အပ်ထားပြီးသားဆိုတော့ သိမ့်ပြီး စိုးရိမ်စိတ်မရှိပါဘူး။

ကျန်းမာရေးလေးပဲ ဂရုစိုက်ရတာပါ။ ဦးက အန်တီ့အပေါ်မှာ အရမ်း ကြင်ကြင်နာနာရှိတယ်။ အရမ်းဆိုးတဲ့ ယောကျာ်းမဟုတ်ဘူးလေ။ သူအဲ့လို ဂရုစိုက်တော့ အန်တီမွေးရတာလည်း သက်တောင့်သက်သာရှိတယ်။မိန်းမအပေါ်မှာရော သားသမီးအပေါ်မှာရော အရမ်းကြင်ကြင်နာနာရှိတယ်။ တစ်နှစ်ကို ဆယ်တန်းဖြေတဲ့သူက ၂ယောက် ၃ယောက် ၄ယောက်ရှိတယ်။ ဆယ်တန်းမဖြေတဲ့နှစ်ကို မရှိပါဘူး။

တစ်ယောက်ဆိုရင် တောင်မျက်လုံးပြူးနေကျတာလေ။ အန်တီဆိုရင် တစ်ယောက်ထဲဖြေတဲ့နှစ်က ရှားတယ်။ အန်တီယောက်ခမတွေ အမျိုးတွေက အများကြီးရှိတော့ ကလေး ၂ယောက် ၃ယောက်ကို ဝိုင်းထိန်းပေးတော့ အန်တီထိန်းရတယ်လို့ကိုလည်းမရှိခဲ့ပါဘူး။ခက်ခဲမှုတော့ အထွေအထူး မရှိခဲ့ပါဘူး။ လူကြီးတွေမရှိတော့လည်း မောင်နှမအကြီးတွေက အငယ်တွေကို ပြန်ထိန်းခဲ့တာပဲလေ။ စိတ်တူကိုယ်တူ မွေးခဲ့ကြတာဆိုတော့ မွေးခဲ့တဲ့ကလေးတွေအပေါ်မှာ ငြိုငြင်တာမရှိခဲ့ပါဘူး။

မွေးတာတော့ ခွဲမွေးတာပဲဖြစ်ဖြစ် ရိုးရိုးမွေးတာပဲဖြစ်ဖြစ် မွေးလာရင် မကျွေးနိုင်မှာ ဆိုတာကြီးကို မတွေးနဲ့ သူ့ကုသိုလ်နဲ့သူ ဖြစ်လာလိမ့်မယ်။ မကြောက်ပါနဲ့။ အန်တီ့သားသမီးတွေလည်း အိမ်ထောင်ကျပြီးရင် ကလေးယူ ရမယ်လို့အန်တီက မှာထားတယ်လို့ ရှင်မွေးလွန်း အန်တီတို့ လင်မယားနှစ်ယောက်က ခုလိုပြောသွားခဲ့ပါတယ်။

Credit Santhitsa

Leave a Reply

Your email address will not be published. Required fields are marked *