
Zawgyi ဖြင့်ဖတ်ရန်







Credit :MyanmarNote

Unicode ဖြင့်ဖတ်ရန်

အရမ်းကြည်ညိုဖွယ်ရာကောင်းလှတဲ့ မာကိုမာနိုင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

ဂျပန်နိုင်ငံရဲ့ အေးချမ်းတဲ့ အလှတရားနဲ့ ချယ်ရီပန်းတွေအကြောင်းကိုပဲ စာဖွဲ့နေမယ်ဆိုရင် တစ်ခြားအရာပြောစရာမရှိလို့လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အခုပြောပြမယ့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအကြောင်းကို ဂျပန်နိုင်ငံမှာ တည်ထားကိုးကွယ်ထားတယ်ဆိုတာသိရင် ချယ်ရီပန်းကိုစာမဖွဲ့တော့ပါဘူး။

ဆာပေါ်ရိုမြို့ရဲ့အပြင်ဘက်မှာတည်ရှိတဲ့ မာကိုမာနိုင် ရုပ်ပွားတော်မြတ်ကြီးဟာ ဂျပန်ပြည်က အလှဆုံးဆိုတဲ့နေရာတွေထဲက တစ်ခုပါ။ ဆယ်စုနှစ်တစ်ခုကြာအောင် ရုပ်ပွားတော်မြတ်ကြီးကို တည်ထားခဲ့ပြီးတဲ့နောက်မှာတော့ ကြည်ညိုဖွယ်ရာ ဖြစ်လာပါတယ်။ တန်ချိန် (၁၅၀၀) အလေးချိန်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ဉာဏ်တော်ဟာ (၁၃၀)ပေရှိပါတယ်။

တာ ဝန် ယူ ခဲ့ တဲ့ ဗိ သု ကာ ပ ညာ ရှင် က တော့ တာ ဒေါင် အန် ဒို လို့ ခေါ် ပါ တယ်။ သူ ဟာ ရုပ် ပွား တော် မြတ် ကြီး ရဲ့ ပတ် လည် မှာ လာ ဗန် ဒါ အ ပင် တွေ ကို စိုက် ခဲ့ ပါ တယ်။ရုပ်ပွားတော်ဟာ မြေပြင်အထဲကို ရောက်နေတဲ့ဟန်နဲ့ ပူဇော်ခဲ့ပြီး၊ ထူးခြားတဲ့ ဟန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဖူးမျှော်သူတွေဟာ ဦးခေါင်းတော်ပိုင်းကိုပဲ စစပိုင်းမှာ မြင်ရပေမဲ့ တကယ်တမ်းဘုရားဖူးရင်တော့ အောက်ခြေမှာ ဝင်စရာလိုဏ်ခေါင်းပေါက်ကရှိပါတယ်။

နှင်း ကျ သည် ဖြစ် စေ၊ နေ ပူ သည် ဖြစ် စေ။ အ ချိန် မ ရွေး ကြည် ညို ဖူး မျှော် လို့ ရ နေပြီး၊ ဗု ဒ္ဓ တောင် ကုန်း ဟာ အ ချိန် မ ရွေး သ ပ္ပာယ် နေ တယ် လို့ သိ ရ ပါ တယ်။ဖူး မျှော် ချင် တဲ့ ဘု ရား ဖူး ဧည့် သည် တွေ အ နေ နဲ့ လည်း ဉာဏ် တော် အ မြင့် (၁၃၀) ပေ ရှိ တဲ့ မာ ကို မာ နိုင် ဗု ဒ္ဓ ရုပ် ပွား တော် မြတ် ကြီး ကို အ ဝေး က နေ ကြည် ညို သဒ္ဒါပွား နိုင် ဖို့ တင် ဆက် ပေး လိုက် ရ ပါ တယ်။

Credit :MyanmarNote

Leave a Reply

Your email address will not be published. Required fields are marked *