Zawgyi ျဖင့္ဖတ္ရန္
“ ခုအစိုးရ လက္ထက္မွာ ပထမဦးဆုံး ဝမ္းသာစရာျဖစ္လာေတာ့မည္ စိုက္ပ်ိဳးေရးေတာင္သူမ်ား ”
တ႐ုတ္ေဈးကြက္တစ္ခုထဲ မွီခိုေနရသည့္ ျမန္မာ့ဖရဲသီးသည္ ယခုအခါတြင္ တ႐ုတ္ႏိုင္ငံအျပင္ အေရွ႕အလယ္ပိုင္းေဒသ ယူေအအီးႏိုင္ငံအထိပါ ေျခဆန႔္မႈျပဳသြားႏိုင္ၿပီဟုသိရသည္။ေဈးကြက္အသစ္တစ္ခု ရရွိသြားခဲ့ျခင္းျဖစ္ကာ ယူေအအီးႏိုင္ငံက ျမန္မာ့ ဖရဲကို ၂၅တန္မွာယူခဲ့၍ တင္ပို႔မႈအား ဒီဇင္ဘာလ ၆ရက္ေန႔တြင္ ေရေၾကာင္းခရီးစဥ္ျဖင့္ ပထမဦးဆုံးတင္ပို႔လိုက္ၿပီဟုလည္း ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပသည္။
ျမန္မာႏိုင္ငံဖရဲ၊သခြားေမႊးစိုက္ပ်ိဴးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းဥကၠဌဦးႏိုင္ဝင္းက တ႐ုတ္ေဈးကြက္ကို အားကိုးေနရျခင္းအစား အျခားေဈးကြက္မ်ားပါ တိုးခ်ဲ႕ ရရွိေရး အၿမဲေမွ်ာ္လင့္ေနေၾကာင္း ႏိုင္ငံပိုင္မီဒီယာကို ေျပာဆိုထားသည္။ျမန္မာ့ ဖရဲ ႏွင့္ အတူ သခြားေမႊးကိုပါ အျမည္းအေနျဖင့္ ထည့္တင္ပို႔လိုက္သည္ဟုလည္း သိရသည္။
ယူေအအီးႏိုင္ငံက ျမန္မာ့ဖရဲကို သေဘာက်ႏွစ္ၿခိဳက္လွ်င္ ဆက္လက္တင္ပို႔ရန္ရွိကာ ကာတာ၊စင္ကာပူအထိ တက္လွမ္းႏိုင္ရန္ အသင္းက စီစဥ္ေနသည္။ၿပီးခဲ့သည့္ လပိုင္းကလည္း ျမန္မာ့ ေထာပတ္သီးသည္ လန္ဒန္အထိ ပထမဦးဆုံးေျခဆန႔္ႏိုင္ခဲ့ၿပီး စားသုံးသူမ်ား၏ သေဘာက်ႏွစ္ၿခိဳက္မႈကို ရထားသည္။
ေနာင္ေနာင္/ Myanmar Harp
Unicode ျဖင့္ဖတ္ရန္
“ ခုအစိုးရ လက်ထက်မှာ ပထမဦးဆုံး ဝမ်းသာစရာဖြစ်လာတော့မည် စိုက်ပျိုးရေးတောင်သူများ ”
တရုတ်ဈေးကွက်တစ်ခုထဲ မှီခိုနေရသည့် မြန်မာ့ဖရဲသီးသည် ယခုအခါတွင် တရုတ်နိုင်ငံအပြင် အရှေ့အလယ်ပိုင်းဒေသ ယူအေအီးနိုင်ငံအထိပါ ခြေဆန့်မှုပြုသွားနိုင်ပြီဟုသိရသည်။ဈေးကွက်အသစ်တစ်ခု ရရှိသွားခဲ့ခြင်းဖြစ်ကာ ယူအေအီးနိုင်ငံက မြန်မာ့ ဖရဲကို ၂၅တန်မှာယူခဲ့၍ တင်ပို့မှုအား ဒီဇင်ဘာလ ၆ရက်နေ့တွင် ရေကြောင်းခရီးစဉ်ဖြင့် ပထမဦးဆုံးတင်ပို့လိုက်ပြီဟုလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
မြန်မာနိုင်ငံဖရဲ၊သခွားမွှေးစိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌဦးနိုင်ဝင်းက တရုတ်ဈေးကွက်ကို အားကိုးနေရခြင်းအစား အခြားဈေးကွက်များပါ တိုးချဲ့ ရရှိရေး အမြဲမျှော်လင့်နေကြောင်း နိုင်ငံပိုင်မီဒီယာကို ပြောဆိုထားသည်။မြန်မာ့ ဖရဲ နှင့် အတူ သခွားမွှေးကိုပါ အမြည်းအနေဖြင့် ထည့်တင်ပို့လိုက်သည်ဟုလည်း သိရသည်။
ယူအေအီးနိုင်ငံက မြန်မာ့ဖရဲကို သဘောကျနှစ်ခြိုက်လျှင် ဆက်လက်တင်ပို့ရန်ရှိကာ ကာတာ၊စင်ကာပူအထိ တက်လှမ်းနိုင်ရန် အသင်းက စီစဉ်နေသည်။ပြီးခဲ့သည့် လပိုင်းကလည်း မြန်မာ့ ထောပတ်သီးသည် လန်ဒန်အထိ ပထမဦးဆုံးခြေဆန့်နိုင်ခဲ့ပြီး စားသုံးသူများ၏ သဘောကျနှစ်ခြိုက်မှုကို ရထားသည်။
နောင်နောင်/ Myanmar Harp