






REF : D-Wave

သံတွဲ-ဂွအပိုင်းအား လမ်းအဆင့်မြှင့်တင်ရာတွင် Asean Class III အဆင့်ရောက်ရှိရန်ဆောင်ရွက်

သံတွဲ-ဂွအပိုင်းအား လမ်းအဆင့်မြှင့်တင်ရာတွင် Asean Class III အဆင့်ရောက်ရှိရန်ထိဆောင်ရွက်မည်ဖြစ်ကြောင်း myanmar project bankမှသိရသည်။

ငါးသိုင်းချောင်း-ဂွ-သံတွဲလမ်းစီမံကိန်း၏ သံတွဲ-ဂွအပိုင်းအား လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ပါဝင်ပြီး Asean Class III အဆင့်ရောက်ရှိရန် ၅.၅ မီတာ (သို့) ၆ မီတာ အကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို ၂၀၁၈-၁၉မှစတင်ကာ ၂၀၂၅-၂၆တွင်ပြီးစီးမည်ဖြစ်ပြီး စီမံကိန်းအတွက်ကုန်ကျငွေအမေရိကန်ဒေါ်လာ ၃၉.၄၀ မီလီယံကုန်ကျမည်ဖြစ်သည်။

အဆိုပါစီမံကိန်းသည် ရာသီမရွေးသွားလာနိုင်ပြီး ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများအား လုံခြုံစိတ်ချ၍ ဘေးကင်းသော လမ်းများအဖြစ် ဆောင်ရွက်ပေးရန်ဖြစ်သည်။

ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးတိုးတက်စေပြီး ဒေသ၏ လူမှုစီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်ဖြစ်ပြီး ရေကြည်, ဧရာဝတီတိုင်းဒေသကြီး၊ဂွ, ရခိုင်ပြည်နယ်၊ သံတွဲ, ရခိုင်ပြည်နယ် တို့တွင်အကောင်အထည်ဖော်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMSDP နှင့် ကိုက်ညီမှုမဏ္ဍိုင်၃ရပ်တွင်ပန်းတိုင် ၅ နိုင်ငံ၏အနာဂါတ်မျိုးဆက်များအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မည်ဖြစ်သည်။

REF : D-Wave


Leave a Reply

Your email address will not be published. Required fields are marked *