“ ကိုဗစ္လူနာေဆာင္က အဖိုးအဖြားနွစ္ဦးရဲ႕ ရင္နင့္စရာအျဖစ္ ”

Zawgyi ျဖင့္ဖတ္ရန္

“ ကိုဗစ္လူနာေဆာင္ကအဖိုးအဖြားရဲ႕ ရင္နင့္စရာအျဖစ္ ”

ဗစ္လူနာေဆာင္…အဖိုးရယ္အဖြားရယ္ ႏွစ္ေယာက္အတူတူပိုးေတြ႕တယ္။အဖိုးကခုထက္ထိေတာ့အေျခအေနေကာင္းေသးတယ္။အဖြားကေအာက္ဆီဂ်င္က်တယ္။ေရာက္ကထဲက ေအာက္ဆီဂ်င္ထိုးက်လို႔ ေအာက္ဆီဂ်င္အျမန္ႏႈန္းနဲ႔ေပးထားရတယ္။အသက္ရႉအားကူစက္ကို အသင့္ျပင္ ကုတင္ေဘးထိဆြဲယူထားရတယ္။အေျခအေနကတက္လိုက္က်လိုက္ဘဲ။ေကာင္းလိုက္ဆိုးလိုက္ဘဲ။

ဗိုင္းရပ္ပိုးသတ္တဲ့Remdisivir ေဆးလဲတင္ ပိုးသတ္ေဆး နဲ႔လိုတဲ့ေဆးေတြစုၿပဳံထိုးထား ။တခါမွမရွိဘူးတဲ့ဆီးခ်ိဳက ႐ုတ္တရက္ေခါင္ခိုက္ေအာင္တက္လာ။insulin pumpနဲ႔ဆီးခ်ိဳကိုခ်။ေသြးေတြခဲပိတ္သြားႏိုင္တဲ့အႏၲရာယ္ေၾကာင့္လိုတဲ့ေဆးေတြထိုး။အေဆာင္သစ္မွာေအာက္ဆီဂ်င္ပိုက္လိုင္းစနစ္နဲ႔outlet (ေအာက္ဆီဂ်င္ပြိဳင့္)ေတြ အမ်ားအျပားတပ္ဆင္ ထားလို႔ ကုတင္ေဘးမွာတင္အရာရာေဆာင္႐ြက္လို႔ရေတာ့အခန္းခြဲထုတ္လိုက္စရာမလိုဘဲ အဖိုးနဲ႔အဖြား ကို ကုတင္ကပ္လ်က္ဆက္ထားေပးႏိုင္ခဲ့ပါတယ္။

အဖိုးက စိတ္ပူရမွန္းသိေနၿပီဆိုေတာ့သူ႔ကုတင္ေပၚကေန အဖြားကုတင္ေဘးကိုဆင္းလာ။ လက္ကေလးကိုင္လို႔ ဘုရားစာအုပ္နဲ႔ပရိတ္ေတြ႐ြတ္ေပးေနတယ္။သတိသိပ္မေကာင္းေတာ့တဲ့လူနာေဘးကမခြာဘူး။သူတို႔ငယ္ငယ္ဘဝမွာ အၿပဳံးေတြနဲ႔ၾကည္ႏူးခဲ့ၾကဘူးလိမ့္မယ္။ေဆာင္းဦးေပါက္မွာပြင့္တဲ့ဒီဇင္ဘာပန္းေတြကိုဆံျမညႇာေကမွာတျမတ္ တႏိုးပန္ဆင္ေပးခဲ့ဘူးလိမ့္မယ္။သားေလးသမီးေလးေတြရဲ႕ဘဝကိုအတူပ်ိဳးေထာင္ခဲ့ၾက အနာဂတ္ေတြကိုၾကည္ၾကည္ႏူးႏူးေမွ်ာ္မွန္းခဲ့လို႔ သံသာေလကမ္းတိုင္ရည္စူးခဲ့ၾကမွာဘဲ

ျပန္ေကာင္းလာပါေစလို႔ဆုေတာင္းပါတယ္။အဖိုးရင္ထဲကေသာကကိုစာနာၾကည့္ေပးပါ။ကိုဗစ္ကပ္ေရာဂါႀကီးက အိပ္မက္မ်ားစြာကို အေစာႀကီးအဆုံးသတ္ေပးတယ္။ကိုဗစ္ကအေသနည္းတယ္ရယ္လို႔ ေပါ့တန္တန္ေလးေတြး ေအးေဆး ပရမ္းပတာသာေနၾကေတာ့ ဖြင့္သာလႊတ္လိုက္ေတာ့လို႔မေျပာလိုက္ၾကပါနဲ႔ဦး။တတ္ႏိုင္သမွ်ေတာ့ တားၾကဆီးၾကရဦးမွာပါ။မရတဲ့အဆုံးမွ လႊတ္ခ်လိုက္ရတာကေတာ့ တက႑ေပါ့ေလ။မျဖစ္ေစခ်င္ပါဘူး

ေႂကြတဲ့ဂဏန္းတခုခ်င္းစီဟာ ဘဝတခုစီပါ။ေႂကြတဲ့ဘဝတခုစီရဲ႕ေနာက္မွာမွီခိုရာမဲ့တဲ့သားငယ္သမီးငယ္ေလးေတြ မိအိုဖအိုေတြလဲရွိေနႏိုင္ပါတယ္။အေဆာင္သစ္မွာ ေအာက္ဆီဂ်င္လိုင္းေတြဆင္ႏိုင္ေအာင္ ေငြေတြလႉေပးတဲ့ အလႉရွင္ေတြအားလုံးေက်းဇူးပါ။ခုတေခါက္ကိုဗစ္သိပ္ျပင္းပါတယ္။ကိုဗစ္က အဆုပ္ကိုတင္မကဘဲ ေသြးရဲ႕ေအာက္ဆီဂ်င္သယ္တဲ့စနစ္ကိုပါဖ်က္ဆီးပစ္လို႔ ေအာက္ဆီဂ်င္ထိုးက် အသက္ေတြဆုံးၾကတာပါ။အသည္း ေက်ာက္ကပ္ ႏွလုံး ဟိုကေဖာက္ဒီကေဖာက္နဲ႔ ေတာ္ေတာ္ဆိုးပါတယ္။တခ်ိဳ႕ၿမိဳ႕ေတြမွာ ကိုဗစ္လူနာေတြ ေသြးေတြခဲကုန္လို႔ေျခေတြလက္ေတြပုတ္ကုန္လို႔ျဖတ္ရေတာက္ရတဲ့သတင္းေတြလဲၾကားလာရျပန္တယ္။ေသြးခဲေပ်ာ္ေဆးေတြသုံးဖို႔ၫႊန္ၾကားခ်က္ေတြေရာက္လာတယ္

အေရးေပၚဝယ္ယူ အေရးေပၚထိုး။ေအာက္ဆီဂ်င္ပြိဳင့္ ေတြကုတင္အမ်ားအျပားရဲ႕ေခါင္းရင္းမွာတပ္ထားႏိုင္ေတာ့အသက္ေတာ္ေတာ္မ်ားမ်ားကယ္ႏိုင္ပါတယ္။ဒီတေခါက္ကိုဗစ္မွာ ေအာက္ဆီဂ်င္ေပးထားရတဲ့သူေတြမ်ားလွပါတယ္။ေအာက္ဆီဂ်င္ပိုက္လိုင္းအတြက္အားတက္သေရာကူညီၾကတဲ့ အလႉရွင္မ်ားအားလုံးကိုဘားအံျပည္သူ႔ေဆး႐ုံမွ ေက်းဇူးတင္ေၾကာင္းေျပာလိုပါတယ္။အိပ္ျဖဴေလးေတြစြပ္လို႔ ဝတ္စုံျဖဴေတြနဲ႔ခ်ရတဲ့ အျဖဴေရာင္နာေရးေတြဟာ လူေသေပါင္းမ်ားစြာကိုျမင္ေနက် သစ္႐ြက္ေႂကြသလို ကိုယ့္လက္ထဲတင္ ေႂကြသြားသူေတြကို ျမင္ေနက် ဆရာဝန္ေတြေတာင္ ရင္ထဲမခ်မ္းမသာျဖစ္ေစတယ္။

ဟိုးအရင္အရင္ ေသဆုံးမႈေတြလိုေရာဂါရၾက ကြယ္လြန္ခ်ိန္မွန္းဆ အခ်ိန္တန္ေတာ့ေႂကြၾကရတာနဲ႔မတူဘဲ ဒီကေန႔အတူရယ္ေမာေနတဲ့ ကိုယ့္သူငယ္ခ်င္းကိုယ့္မိတ္ေဆြေသာ္လည္းေကာင္း ကိုယ္တိုင္ေသာ္လည္းေကာင္း ေနာက္အပတ္ေလာက္က် အိတ္ျဖဳေလးထဲေရာက္သြားႏိုင္တယ္ဆိုတဲ့ စိတ္က မသိမသာနဲ႔ဖိစီးလာတယ္။ကပ္ေရာဂါသဘာဝအရ ကန႔္သတ္မႈေတြကို ခ်ဳပ္ခ်ယ္တယ္လို႔ မထင္မွတ္လိုက္ၾကပါနဲ႔။မႏိုင္ေတာ့တဲ့တေန႔ေတာ့ လြတ္လပ္ေရးရေတာ့ မွာေပမယ့္ မ်က္ရည္က်ရတဲ့လြတ္လပ္ေရးျဖစ္ေနမွာစိုးလို႔ပါ

သတ္မွတ္ခ်က္ေတြကို လိုက္နာၿပီးၿငိမ္ၿငိမ္ေနေပးၾကပါဦးေနာ္

(Credit-Cho Cho Sann Htoo)

Unicode ျဖင့္ဖတ္ရန္

“ ကိုဗစ်လူနာဆောင်ကအဖိုးအဖွားရဲ့ ရင်နင့်စရာအဖြစ် ”

ဗစ်လူနာဆောင်…အဖိုးရယ်အဖွားရယ် နှစ်ယောက်အတူတူပိုးတွေ့တယ်။အဖိုးကခုထက်ထိတော့အခြေအနေကောင်းသေးတယ်။အဖွားကအောက်ဆီဂျင်ကျတယ်။ရောက်ကထဲက အောက်ဆီဂျင်ထိုးကျလို့ အောက်ဆီဂျင်အမြန်နှုန်းနဲ့ပေးထားရတယ်။အသက်ရှူအားကူစက်ကို အသင့်ပြင် ကုတင်ဘေးထိဆွဲယူထားရတယ်။အခြေအနေကတက်လိုက်ကျလိုက်ဘဲ။ကောင်းလိုက်ဆိုးလိုက်ဘဲ။

ဗိုင်းရပ်ပိုးသတ်တဲ့Remdisivir ဆေးလဲတင် ပိုးသတ်ဆေး နဲ့လိုတဲ့ဆေးတွေစုပြုံထိုးထား ။တခါမှမရှိဘူးတဲ့ဆီးချိုက ရုတ်တရက်ခေါင်ခိုက်အောင်တက်လာ။insulin pumpနဲ့ဆီးချိုကိုချ။သွေးတွေခဲပိတ်သွားနိုင်တဲ့အန္တရာယ်ကြောင့်လိုတဲ့ဆေးတွေထိုး။အဆောင်သစ်မှာအောက်ဆီဂျင်ပိုက်လိုင်းစနစ်နဲ့outlet (အောက်ဆီဂျင်ပွိုင့်)တွေ အများအပြားတပ်ဆင် ထားလို့ ကုတင်ဘေးမှာတင်အရာရာဆောင်ရွက်လို့ရတော့အခန်းခွဲထုတ်လိုက်စရာမလိုဘဲ အဖိုးနဲ့အဖွား ကို ကုတင်ကပ်လျက်ဆက်ထားပေးနိုင်ခဲ့ပါတယ်။

အဖိုးက စိတ်ပူရမှန်းသိနေပြီဆိုတော့သူ့ကုတင်ပေါ်ကနေ အဖွားကုတင်ဘေးကိုဆင်းလာ။ လက်ကလေးကိုင်လို့ ဘုရားစာအုပ်နဲ့ပရိတ်တွေရွတ်ပေးနေတယ်။သတိသိပ်မကောင်းတော့တဲ့လူနာဘေးကမခွာဘူး။သူတို့ငယ်ငယ်ဘဝမှာ အပြုံးတွေနဲ့ကြည်နူးခဲ့ကြဘူးလိမ့်မယ်။ဆောင်းဦးပေါက်မှာပွင့်တဲ့ဒီဇင်ဘာပန်းတွေကိုဆံမြညှာကေမှာတမြတ် တနိုးပန်ဆင်ပေးခဲ့ဘူးလိမ့်မယ်။သားလေးသမီးလေးတွေရဲ့ဘဝကိုအတူပျိုးထောင်ခဲ့ကြ အနာဂတ်တွေကိုကြည်ကြည်နူးနူးမျှော်မှန်းခဲ့လို့ သံသာလေကမ်းတိုင်ရည်စူးခဲ့ကြမှာဘဲ

ပြန်ကောင်းလာပါစေလို့ဆုတောင်းပါတယ်။အဖိုးရင်ထဲကသောကကိုစာနာကြည့်ပေးပါ။ကိုဗစ်ကပ်ရောဂါကြီးက အိပ်မက်များစွာကို အစောကြီးအဆုံးသတ်ပေးတယ်။ကိုဗစ်ကအသေနည်းတယ်ရယ်လို့ ပေါ့တန်တန်လေးတွေး အေးဆေး ပရမ်းပတာသာနေကြတော့ ဖွင့်သာလွှတ်လိုက်တော့လို့မပြောလိုက်ကြပါနဲ့ဦး။တတ်နိုင်သမျှတော့ တားကြဆီးကြရဦးမှာပါ။မရတဲ့အဆုံးမှ လွှတ်ချလိုက်ရတာကတော့ တကဏ္ဍပေါ့လေ။မဖြစ်စေချင်ပါဘူး

ကြွေတဲ့ဂဏန်းတခုချင်းစီဟာ ဘဝတခုစီပါ။ကြွေတဲ့ဘဝတခုစီရဲ့နောက်မှာမှီခိုရာမဲ့တဲ့သားငယ်သမီးငယ်လေးတွေ မိအိုဖအိုတွေလဲရှိနေနိုင်ပါတယ်။အဆောင်သစ်မှာ အောက်ဆီဂျင်လိုင်းတွေဆင်နိုင်အောင် ငွေတွေလှူပေးတဲ့ အလှူရှင်တွေအားလုံးကျေးဇူးပါ။ခုတခေါက်ကိုဗစ်သိပ်ပြင်းပါတယ်။ကိုဗစ်က အဆုပ်ကိုတင်မကဘဲ သွေးရဲ့အောက်ဆီဂျင်သယ်တဲ့စနစ်ကိုပါဖျက်ဆီးပစ်လို့ အောက်ဆီဂျင်ထိုးကျ အသက်တွေဆုံးကြတာပါ။အသည်း ကျောက်ကပ် နှလုံး ဟိုကဖောက်ဒီကဖောက်နဲ့ တော်တော်ဆိုးပါတယ်။တချို့မြို့တွေမှာ ကိုဗစ်လူနာတွေ သွေးတွေခဲကုန်လို့ခြေတွေလက်တွေပုတ်ကုန်လို့ဖြတ်ရတောက်ရတဲ့သတင်းတွေလဲကြားလာရပြန်တယ်။သွေးခဲပျော်ဆေးတွေသုံးဖို့ညွှန်ကြားချက်တွေရောက်လာတယ်

အရေးပေါ်ဝယ်ယူ အရေးပေါ်ထိုး။အောက်ဆီဂျင်ပွိုင့် တွေကုတင်အများအပြားရဲ့ခေါင်းရင်းမှာတပ်ထားနိုင်တော့အသက်တော်တော်များများကယ်နိုင်ပါတယ်။ဒီတခေါက်ကိုဗစ်မှာ အောက်ဆီဂျင်ပေးထားရတဲ့သူတွေများလှပါတယ်။အောက်ဆီဂျင်ပိုက်လိုင်းအတွက်အားတက်သရောကူညီကြတဲ့ အလှူရှင်များအားလုံးကိုဘားအံပြည်သူ့ဆေးရုံမှ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။အိပ်ဖြူလေးတွေစွပ်လို့ ဝတ်စုံဖြူတွေနဲ့ချရတဲ့ အဖြူရောင်နာရေးတွေဟာ လူသေပေါင်းများစွာကိုမြင်နေကျ သစ်ရွက်ကြွေသလို ကိုယ့်လက်ထဲတင် ကြွေသွားသူတွေကို မြင်နေကျ ဆရာဝန်တွေတောင် ရင်ထဲမချမ်းမသာဖြစ်စေတယ်။

ဟိုးအရင်အရင် သေဆုံးမှုတွေလိုရောဂါရကြ ကွယ်လွန်ချိန်မှန်းဆ အချိန်တန်တော့ကြွေကြရတာနဲ့မတူဘဲ ဒီကနေ့အတူရယ်မောနေတဲ့ ကိုယ့်သူငယ်ချင်းကိုယ့်မိတ်ဆွေသော်လည်းကောင်း ကိုယ်တိုင်သော်လည်းကောင်း နောက်အပတ်လောက်ကျ အိတ်ဖြုလေးထဲရောက်သွားနိုင်တယ်ဆိုတဲ့ စိတ်က မသိမသာနဲ့ဖိစီးလာတယ်။ကပ်ရောဂါသဘာဝအရ ကန့်သတ်မှုတွေကို ချုပ်ချယ်တယ်လို့ မထင်မှတ်လိုက်ကြပါနဲ့။မနိုင်တော့တဲ့တနေ့တော့ လွတ်လပ်ရေးရတော့ မှာပေမယ့် မျက်ရည်ကျရတဲ့လွတ်လပ်ရေးဖြစ်နေမှာစိုးလို့ပါ

သတ်မှတ်ချက်တွေကို လိုက်နာပြီးငြိမ်ငြိမ်နေပေးကြပါဦးနော်

(Credit-Cho Cho Sann Htoo)

Leave a Reply

Your email address will not be published. Required fields are marked *