လမ္းေလွ်ာက္ထြက္လာတဲ့ ရဲေမထံမွ ဆြဲႀကိဳးျဖတ္ေျပးခဲ့တဲ့ အမ်ိဳးသား ဖမ္းမိ

Zawgyi ျဖင့္ဖတ္ရန္

လမ္းေလွ်ာက္ထြက္လာတဲ့ ရဲေမထံမွ ဆြဲႀကိဳးျဖတ္ေျပးခဲ့တဲ့ အမ်ိဳးသား

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕တြင္ ဒီဇင္ဘာ ၅ရက္ေန႔ မနက္ ၅နာရီခန႔္က က်န္းမာေရးအတြက္ လမ္းေလွ်ာက္ ထြက္လာသူ ရဲေမတစ္ဦးႏွင့္ညီမျဖစ္သူထံမွ ဆြဲႀကိဳးျဖတ္ေျပးသူကို ခ်က္ခ်င္းဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။မအူပင္ၿမိဳ၊ အမွတ္(၁) ရပ္ကြက္၊ ကမ္းနားလမ္းတြင္ ခ႐ိုင္ရဲတပ္ဖြဲ႕ဝင္ရဲေမႏွင့္ ၎၏ညီမ၊အသက္ ၂၆ႏွစ္အ႐ြယ္ သူငယ္ခ်င္း ေကာင္ေလး၊

(၃)ဦးတို႔မွာ လမ္းေလွ်ာက္ထြက္လာစဥ္ ကိုယ္လက္ႀကံခိုင္ေရး လုပ္သည့္ေနရာ ရဲစခန္းႏွင့္ ၂ဖာလုံခန႔္အကြာ၊ အာဇာနည္ ပန္းၿခံေဒါင့္အေရာက္တြင္ အေနာက္မွဆိုင္ကယ္ ေမာင္းႏွင္လာသည့္ အမည္မသိအမ်ိဳးသား တစ္ဦးက ရဲေမတစ္ဦး၏ညီမျဖစ္သူ အနားကပ္ၿပီး လည္ပင္း၌ ဆြဲထားသည့္ေ႐ႊဆြဲႀကိဳးအား အတင္ဝင္ျဖတ္ကာ ဆိုင္ကယ္ေမာင္းေျပးခဲ့ေၾကာင္း ဆိုသည္။ထိုေနာက္ ဆြဲႀကိဳးျဖတ္ေျပး၍

သူခိုးသူခိုးဟု ေနာက္မွ ေအာ္လိုက္ခဲ့သျဖင့္ လမ္းေလွ်ာက္ထြက္လာသူ အခ်ိဳ႕ႏွင့္အတူပါလာသည့္ သူငယ္ခ်င္းျဖစ္သူတို႔မွ ဝိုင္းလိုက္ကာ ဖမ္းဆီးစဥ္ ဆိုင္ကယ္ ယိုင္သြားၿပီး စက္ရပ္သြားသျဖင့္ ဆြဲႀကိဳးဖ်က္ေျပးသူအား ခ်က္ခ်င္းဖမ္းဆီး လိုက္ႏိုင္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံက သိရသည္။

ထိုသို႔ဖမ္းဆီးရမိ၍ ဆြဲႀကိဳးအား ရွာေဖြရာ လမ္းမေပၚတြင္ ဆြဲႀကိဳးႏွစ္ပိုင္း ျပတ္လွ်က္ ေတြ႕ရွိရေၾကာင္း သိရသည္။ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဆြဲႀကိဳးလုယက္သူ သက္ႏိုင္ထြန္း (၃၀ႏွစ္) မအူပင္ၿမိဳ႕၊ အမွတ္ (၁) ရပ္ကြက္၊ ေဝဠဳဝန္ (၃)လမ္းေနသူအား မအူပင္ၿမိဳ႕မရဲစခန္းမွ (ပ) ၉၂၇/၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၉၂ ျဖင့္ အမႈဖြင့္ဖမ္းဆီး စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိေၾကာင္း သိရသည္။

Unicode ျဖင့္ဖတ္ရန္

လမ်းလျှောက်ထွက်လာတဲ့ ရဲမေထံမှ ဆွဲကြိုးဖြတ်ပြေးခဲ့တဲ့ အမျိုးသား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဒီဇင်ဘာ ၅ရက်နေ့ မနက် ၅နာရီခန့်က ကျန်းမာရေးအတွက် လမ်းလျှောက် ထွက်လာသူ ရဲမေတစ်ဦးနှင့်ညီမဖြစ်သူထံမှ ဆွဲကြိုးဖြတ်ပြေးသူကို ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။မအူပင်မြို၊ အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်းတွင် ခရိုင်ရဲတပ်ဖွဲ့ဝင်ရဲမေနှင့် ၎င်း၏ညီမ၊အသက် ၂၆နှစ်အရွယ် သူငယ်ချင်း ကောင်လေး၊

(၃)ဦးတို့မှာ လမ်းလျှောက်ထွက်လာစဉ် ကိုယ်လက်ကြံခိုင်ရေး လုပ်သည့်နေရာ ရဲစခန်းနှင့် ၂ဖာလုံခန့်အကွာ၊ အာဇာနည် ပန်းခြံဒေါင့်အရောက်တွင် အနောက်မှဆိုင်ကယ် မောင်းနှင်လာသည့် အမည်မသိအမျိုးသား တစ်ဦးက ရဲမေတစ်ဦး၏ညီမဖြစ်သူ အနားကပ်ပြီး လည်ပင်း၌ ဆွဲထားသည့်ရွှေဆွဲကြိုးအား အတင်ဝင်ဖြတ်ကာ ဆိုင်ကယ်မောင်းပြေးခဲ့ကြောင်း ဆိုသည်။ထိုနောက် ဆွဲကြိုးဖြတ်ပြေး၍

သူခိုးသူခိုးဟု နောက်မှ အော်လိုက်ခဲ့သဖြင့် လမ်းလျှောက်ထွက်လာသူ အချို့နှင့်အတူပါလာသည့် သူငယ်ချင်းဖြစ်သူတို့မှ ဝိုင်းလိုက်ကာ ဖမ်းဆီးစဉ် ဆိုင်ကယ် ယိုင်သွားပြီး စက်ရပ်သွားသဖြင့် ဆွဲကြိုးဖျက်ပြေးသူအား ချက်ချင်းဖမ်းဆီး လိုက်နိုင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

ထိုသို့ဖမ်းဆီးရမိ၍ ဆွဲကြိုးအား ရှာဖွေရာ လမ်းမပေါ်တွင် ဆွဲကြိုးနှစ်ပိုင်း ပြတ်လျှက် တွေ့ရှိရကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သတ်၍ ဆွဲကြိုးလုယက်သူ သက်နိုင်ထွန်း (၃၀နှစ်) မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ဝေဠုဝန် (၃)လမ်းနေသူအား မအူပင်မြို့မရဲစခန်းမှ (ပ) ၉၂၇/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။crd

Leave a Reply

Your email address will not be published. Required fields are marked *