ထူးဆန္းသည့္ ေရာဂါတစ္ရပ္ေၾကာင့္ အိႏၵိယနိုင္ငံတြင္ လူရာနဲ ့ခ်ီ ေဆး႐ုံတက္ရ

Zawgyi ျဖင့္ဖတ္ရန္

ထူးဆန္းသည့္ ေရာဂါတစ္ရပ္ေၾကာင့္ အိႏၵိယနိုင္ငံတြင္ လူရာနဲ ့ခ်ီ ေဆး႐ုံတက္ရ

အိႏၵိယနိုင္ငံ အလယ္ပိုင္း အင္ဒရာပရာေဒ့ရွ္ျပည္နယ္ အူလူ႐ူၿမိဳ့မွာ စေနေန႔က စၿပီး ထူးဆန္းတဲ့ ေရာဂါတရပ္ ကူးစက္ပ်ံ႕ ႏွံ့ေနလို့ ၂ ရက္ေလာက္ ေရာဂါလကၡဏာ ျပၿပီးတဲ့ေနာက္ပိုင္း လူ ၁ ေယာက္ ေသဆုံးၿပီး လူရာခ်ီ ေဆး႐ုံတင္ကုသခဲ့ရပါတယ္။

စေနေန႔က စၿပီး လူ ၄၅ ေယာက္ေလာက္ ႐ုတ္တရက္ သတိလစ္တာ၊ ပါးစပ္က အျမဳပ္ထြက္တာနဲ႔ တကိုယ္လုံး တုန္ခါတာေတြစတဲ့ ထူးျခားတဲ့ လကၡဏာေတြ ျပခဲ့တယ္လို့ ေဒသတြင္းသတင္းဌာနတစ္ခုက ဆိုပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ကေလး ၄၆ ေယာက္ နဲ႔ အမ်ိဳးသမီး အေယာက္ ၇၀ အပါအဝင္ လူ အေယာက္ ၃၀၀ ေလာက္ေဆး႐ုံတင္ခဲ့ရတယ္လို့ သတင္းက ဆိုပါတယ္။

ကေလးတခ်ိဳ့က မ်က္စိနာအၿပီး ေအာ့အန္ခဲ့ၾကတယ္လို့ အိႏၵိယ အိက္စ္ပရက္စ္သတင္း ဌာနက ေဖာ္ျပပါတယ္။လူနာေတြရဲ့ ေက်ာရိုးမႀကီးထဲက အရည္နမူနာကို ဓာတ္ခြဲခန္းဆီ ေပးပို့စစ္ေဆး ထားပါတယ္။

လကၡဏာေတြဟာ ေလထုညစ္ညမ္းမွုေၾကာင့္လား၊ ညစ္ညမ္း ႏြားနို့ေၾကာင့္လားဆိုတာ အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနတယ္လို့ သိရပါတယ္။

Source : Times of India

Unicode ျဖင့္ဖတ္ရန္

ထူးဆန်းသည့် ရောဂါတစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံတွင် လူရာနဲ့ချီ ဆေးရုံတက်ရ

အိန္ဒိယနိုင်ငံ အလယ်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ် အူလူရူမြို့မှာ စနေနေ့က စပြီး ထူးဆန်းတဲ့ ရောဂါတရပ် ကူးစက်ပျံ့ နှံ့နေလို့ ၂ ရက်လောက် ရောဂါလက္ခဏာ ပြပြီးတဲ့နောက်ပိုင်း လူ ၁ ယောက် သေဆုံးပြီး လူရာချီ ဆေးရုံတင်ကုသခဲ့ရပါတယ်။

စနေနေ့က စပြီး လူ ၄၅ ယောက်လောက် ရုတ်တရက် သတိလစ်တာ၊ ပါးစပ်က အမြုပ်ထွက်တာနဲ့ တကိုယ်လုံး တုန်ခါတာတွေစတဲ့ ထူးခြားတဲ့ လက္ခဏာတွေ ပြခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုက ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကလေး ၄၆ ယောက် နဲ့ အမျိုးသမီး အယောက် ၇၀ အပါအဝင် လူ အယောက် ၃၀၀ လောက်ဆေးရုံတင်ခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။

ကလေးတချို့က မျက်စိနာအပြီး အော့အန်ခဲ့ကြတယ်လို့ အိန္ဒိယ အိက်စ်ပရက်စ်သတင်း ဌာနက ဖော်ပြပါတယ်။လူနာတွေရဲ့ ကျောရိုးမကြီးထဲက အရည်နမူနာကို ဓာတ်ခွဲခန်းဆီ ပေးပို့စစ်ဆေး ထားပါတယ်။

လက္ခဏာတွေဟာ လေထုညစ်ညမ်းမှုကြောင့်လား၊ ညစ်ညမ်း နွားနို့ကြောင့်လားဆိုတာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : Times of India

Leave a Reply

Your email address will not be published. Required fields are marked *