အမေတာ္ျမနန္းႏြယ္ ရဲ႕ပါးကိုနမ္းမိလို႔ မေသ႐ုံတစ္မယ္ ျဖစ္ခဲ့ရသူ(ျဖစ္ရပ္မွန္)

Zawgyi ျဖင့္ဖတ္ရန္

အမေတာ္ျမနန္းႏြယ္ ရဲ႕ပါးကိုနမ္းမိလို႔ မေသ႐ုံတစ္မယ္ ျဖစ္ခဲ့ရသူ(ျဖစ္ရပ္မွန္)

လုံၿခဳံေရး ႏွင့္အစစအရာရာ ကိစၥမ်ားအတြက္ကို ဘုရားေဂါပကအဖြဲ႕ကေန ခန႔္အပ္ထားတဲ့ ဝန္ထမ္းေတြဟာ အလွည့္က် တာဝန္ယူၾကရတာပါ။တစ္ရက္မွာ စာေရးသူ ဟာ ျမနန္းႏြယ္ အေဆာင္ သို႔ေရာက္ရွိတုန္း ဝန္ထမ္းတစ္ဦးက အမေတာ္အားပြဲဆက္သူတစ္ဦးအတြက္ ကိုယ္စားဆုေတာင္းေပးေနသည္ကို ျမင္မိတယ္။

အမ်ားအားျဖင့္ အဆိုပါ ပုဂၢိဳလ္တို႔သည္ အစီစဥ္တက်ေျပာဆို ပြဲအပ္ဆုေတာင္းေပးၾကတာပါ။ထိုသူသည္ သုံးေလးဦးဆက္တိုက္ ေျပာဆိုဆုေတာင္းေပးၿပီးေနာက္ ခတၱခဏ စာေရးသူ အနီးရွိ ထိုင္ခုံတြင္ ထိုင္ၿပီး နားေနတုန္းမွာစာေရးသူသိလိုသမွ်ကိုသြားေရာက္ေမးျမန္းရင္း နဲ႔ စကားလက္ဆုံက်ကာအမေတာ္ ျမနန္းႏြယ္ ရဲ႕ ထူးျခားဆန္းျပားျဖစ္ရပ္မ်ားနဲ႔ ဆုေတာင္ျပည့္ပုံမ်ားကို မွတ္သားခဲ့ရတာပါ။ထိုမွတ္သားခဲ့သည္မ်ားအထဲမွ အမေတာ္ ျမနန္းႏြယ္ ရဲ႕ပါးကို

နမ္းမိ၍အသက္မေသ႐ုံတမယ္ျဖစ္ခဲ့ရသူတစ္ေယာက္အေၾကာင္းကို စာဖတ္သူမ်ား သိရွိေစဖို႔ ေရးသားလိုက္ပါတယ္။ထိုကု႔သ္ု႔ အသက္ဆူံးရႈံးရန္သိသိေလးလိုသည္ အထိျဖစ္ခဲ့ရသူမွာအျခားမဟုတ္ဘဲ ယခုထိုအေၾကာင္းကိုေျပာျပေသာ ဝန္ထမ္းရဲ႕ အေဖျဖစ္ပါတယ္။သူ၏ အေဖမွာ ဘုရားတြင္ ဝန္ထမ္းအျဖစ္ လုပ္သက္၃၅နစ္ အထိလုပ္သြားသူျဖစ္ၿပီးအခုတိုင္ အသက္ ၉၃ႏွစ္ထိအသက္ရွင္လ်က္ရွိေသးေၾကာင္း ေရွးဦးစြာေျပာျပတာပါ။နာမည္မွာ ဦးဘခ်စ္ျဖစ္ပါတယ္။

ယခုအျဖစ္အပ်က္ကေတာ့ ဦးဘခ်စ္ အလုပ္ဝင္စက ျဖစ္ပြားခဲ့တာပါ။သူသည္ ေပ်ာ္ေပ်ာ္ေနတက္ မ်က္ႏွာေျပာင္တက္တယ္။တစ္ရက္မွာ သူရဲ႕ စိတ္ထဲမွာ အမေတာ္ ရဲ႕႐ုပ္ပုံသည္ အရမ္းခ်စ္စရာေကာင္းၿပီး ေတာ့ ေခ်ာေမာလွပေနသည္ကို သာေတြးမိေနသည္။ထိုေနာက္မွာ ႐ုတ္တရက္ အမေတာ္ နားကိုသြားၿပီး အမေတာ္၏ ပါးကို နမ္းလိုက္မိပါတယ္။ညဘက္ေရာက္ေသာအခမွာ ါေနရင္းထိုင္ရင္း အထက္လန္ေအာက္ေလ်ာျဖစ္ကာေဆး႐ုံသို႔ ခ်က္ခ်င္းပို႔လိုက္ရတယ္လို႔ သိရပါတယ္။

ေဆးေတြ သြင္းၿပီး လူလည္းမေသ႐ူံတမယ္သာက်န္ေတာ့တယ္။ထို႔ေနာက္ အမေတာ္ ကိုကန္ေတာ့ပြဲေပးကာေတာင္းပန္ရတယ္လို႔ သိရပါတယ္။ေနာက္တြင္လည္း အမေတာ္ ကိုထို ကဲ့သို႔မေလးမစားမလုပ္ရဲေတာ့ေခ်။ဦးဘခ်စ္ အတြက္ေတာ့ ဘဝမွာ မေမ့ႏိုင္စရာ အျဖစ္အပ်က္တစ္ခုအျဖစ္ အမွတ္ရေနမွာ မလြဲပါဘူးေနာ္။ေနာင္လည္းအလ်င္းသင့္သလို ဆက္လတ္ေရးသားပါမယ္။

credit;original writer

Unicode ျဖင့္ဖတ္ရန္

အမတော်မြနန်းနွယ် ရဲ့ပါးကိုနမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ(ဖြစ်ရပ်မှန်)

လုံခြုံရေး နှင့်အစစအရာရာ ကိစ္စများအတွက်ကို ဘုရားဂေါပကအဖွဲ့ကနေ ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေဟာ အလှည့်ကျ တာဝန်ယူကြရတာပါ။တစ်ရက်မှာ စာရေးသူ ဟာ မြနန်းနွယ် အဆောင် သို့ရောက်ရှိတုန်း ဝန်ထမ်းတစ်ဦးက အမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိတယ်။

အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြတာပါ။ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက် ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်ပြီး နားနေတုန်းမှာစာရေးသူသိလိုသမျှကိုသွားရောက်မေးမြန်းရင်း နဲ့ စကားလက်ဆုံကျကာအမတော် မြနန်းနွယ် ရဲ့ ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကို မှတ်သားခဲ့ရတာပါ။ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ် ရဲ့ပါးကို

နမ်းမိ၍အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူတစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေဖို့ ရေးသားလိုက်ပါတယ်။ထိုကု့သ်ု့ အသက်ဆူံးရှုံးရန်သိသိလေးလိုသည် အထိဖြစ်ခဲ့ရသူမှာအခြားမဟုတ်ဘဲ ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့ အဖေဖြစ်ပါတယ်။သူ၏ အဖေမှာ ဘုရားတွင် ဝန်ထမ်းအဖြစ် လုပ်သက်၃၅နစ် အထိလုပ်သွားသူဖြစ်ပြီးအခုတိုင် အသက် ၉၃နှစ်ထိအသက်ရှင်လျက်ရှိသေးကြောင်း ရှေးဦးစွာပြောပြတာပါ။နာမည်မှာ ဦးဘချစ်ဖြစ်ပါတယ်။

ယခုအဖြစ်အပျက်ကတော့ ဦးဘချစ် အလုပ်ဝင်စက ဖြစ်ပွားခဲ့တာပါ။သူသည် ပျော်ပျော်နေတက် မျက်နှာပြောင်တက်တယ်။တစ်ရက်မှာ သူရဲ့ စိတ်ထဲမှာ အမတော် ရဲ့ရုပ်ပုံသည် အရမ်းချစ်စရာကောင်းပြီး တော့ ချောမောလှပနေသည်ကို သာတွေးမိနေသည်။ထိုနောက်မှာ ရုတ်တရက် အမတော် နားကိုသွားပြီး အမတော်၏ ပါးကို နမ်းလိုက်မိပါတယ်။ညဘက်ရောက်သောအခမှာ ါနေရင်းထိုင်ရင်း အထက်လန်အောက်လျောဖြစ်ကာဆေးရုံသို့ ချက်ချင်းပို့လိုက်ရတယ်လို့ သိရပါတယ်။

ဆေးတွေ သွင်းပြီး လူလည်းမသေရူံတမယ်သာကျန်တော့တယ်။ထို့နောက် အမတော် ကိုကန်တော့ပွဲပေးကာတောင်းပန်ရတယ်လို့ သိရပါတယ်။နောက်တွင်လည်း အမတော် ကိုထို ကဲ့သို့မလေးမစားမလုပ်ရဲတော့ချေ။ဦးဘချစ် အတွက်တော့ ဘဝမှာ မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် အမှတ်ရနေမှာ မလွဲပါဘူးနော်။နောင်လည်းအလျင်းသင့်သလို ဆက်လတ်ရေးသားပါမယ်။

credit;original writer

Leave a Reply

Your email address will not be published. Required fields are marked *