ေစတနာေတြကို တန္ဖိုးထားေစခ်င္တယ္

ကိုယ္အေလးထား သေလာက္ ျပန္အေလးမထားတဲ့ အရပ္မွာေနေန ရတာ တစ္ခါတစ္ေလက် .. ကိုယ့္ကိုယ္ကို ဘာမွန္း မသိေအာင္ ျဖစ္လာ တတ္တယ္ ကြၽန္မက ဘာလဲ ဆိုတဲ့ေမးခြန္းမ်ိဳး ကြၽန္မကိုယ္ ကြၽန္မ ေမးၿပီး ကြၽန္မမွာ ေဆာက္တည္ ရာမရေတြ ျဖစ္ခဲ့တာလည္း အႀကိမ္ႀကိမ္ အခါခါပါပဲ ။

လွည့္ထြက္ခဲ့လိုက္ပါတဲ့ ကြၽန္မ သိပါတယ္ ။ ကြၽန္မ မလုပ္ႏိုင္ ေသးတာ ။ ကိုယ့္ဘက္က … အစစ္အမွန္ေတြ ေပးေန ပါရဲ႕နဲ႔ တစ္ဖက္က ျပန္ရလာ တာေတြက အေပၚယံေတြပဲ ျဖစ္ေနတဲ့အခါ တစ္ခါတစ္ေလ က်ေတာ့ ငိုခ်င္ တယ္ ။

သက္ေရာက္မႈ တိုင္းမွာ တန္ျပန္ သက္ေရာက္မႈ ရွိတယ္ ဆိုေပမယ့္ ထပ္တူညီတဲ့ တန္ျပန္သက္ေရာက္မႈျဖစ္ဖို႔ေတာ့ မလြယ္ကူ ဘူးေလ ကိုယ္ေပး သလို ျပန္ရခ်င္မွ ရလာ လိမ့္မယ္ ကိုယ္ထား တဲ့ေစတနာေတြ တန္ဖိုး နားလည္ခ်င္မွ နားလည္ လိမ့္မယ္ ။

ဘာပဲျဖစ္ျဖစ္ပါ ကိုယ္ေပး တဲ့ေစတနာေတြကို တန္ဖိုးေလး နားလည္ေစ ခ်င္တာေတာ့ အမွန္ပဲ ။

ကြၽန္မ … ဒီအရာကို ေပးၿပီး သြားၿပီ ျပန္ရလာ လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ ႔ဘယ္အရာ ကိုမွ မေပးခဲ့ဖူးဘူး ေမတၱာပဲ ျဖစ္ျဖစ္ ေစတနာပဲျဖစ္ျဖစ္ …ဘယ္အရာကို မဆို ကိုယ့္ဘက္က ေပးႏိုင္တယ္ ဆိုတာအရာေတြ မတြန႔္တိုပဲ ေပးခဲ့တာပါ …

တစ္ဖက္က က်ိန္းေသျပန္ရလာ လိမ့္မယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ကြၽန္မ ေပးခဲ့တာ မဟုတ္ဘူး . ျပန္ၿပီး မသိတတ္ ခ်င္ေနပါ ကိုယ္ေပးတဲ့ အရာေလးေတြကို တန္ဖိုး ထားတတ္ေစခ် င္တယ္ ။

တစ္ခါတစ္ေလမွာ ကိုယ္အဆင္ေျပေန လြန္းလို႔ ကူညီေပးေနတာ မဟုတ္ဘူး ကိုယ္အဆင္ မေျပတဲ့ၾကားက အဆင္ေျပ ပါေစဆိုတဲ့ စိတ္နဲ႔ စာနာေပးခဲ့တာ …

ဇာတ္လမ္းေတြ ဆုံးေတာ့ တကယ္တမ္ းဒုကၡေတြနဲ႔ က်န္ခဲ့တဲ့ သူက ကိုယ္ျဖစ္ေန႐ုံ ကလြဲလို ႔ဘာမွ ထပ္ၿပီး ပိုမလာခဲ့ဘူး … ေနာင္တရတယ္ ဆိုတာထက္ ဝမ္းနည္း တာပါ ။ ကိုယ္ေမွ်ာ္လင့္ထားတဲ့အတိုင္းျဖစ္မလာတဲ့ အခါ အနည္းနဲ႔ အမ်ားးေတာ့ ခံစားရ တာေတြ ခ်ည္းပဲေလ …

ကြၽန္မမွာ ခံစားရတာေတြ မ်ားလာေတာ့ … ကိုယ္နဲ႔မဆိုင္ ပါဘူးေလ ဆိုတဲ့ အေတြးေတြးတတ္ခ်င္လာတယ္ … အဆင္ေျပ သြားမွ ာဆိုၿပီး မ်က္ႏွာလြဲ တတ္ခ်င္ လာတယ္ .. တကယ္ဆို ကြၽန္မလဲ ျပန္ၿပီး ငဲ့ၾကည့္ဖို႔ တန္ဖိုးထားဖို ႔ထိုက္တန္ ခ်င္ပါ တယ္ ။

သွ်င္ယြန္း

ခရက္ဒစ္

ယူနီကုတ္

စေတနာတွေကို တန်ဖိုးထားစေချင်တယ်…
ကိုယ်အလေးထား သလောက် ပြန်အလေးမထားတဲ့ အရပ်မှာနေနေ ရတာ တစ်ခါတစ်လေကျ .. ကိုယ့်ကိုယ်ကို ဘာမှန်း မသိအောင် ဖြစ်လာ တတ်တယ်

ကျွန်မက ဘာလဲ ဆိုတဲ့မေးခွန်းမျိုး ကျွန်မကိုယ် ကျွန်မ မေးပြီး ကျွန်မမှာ ဆောက်တည် ရာမရတွေ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ် အခါခါပါပဲ ။


လှည့်ထွက်ခဲ့လိုက်ပါတဲ့ ကျွန်မ သိပါတယ် ။ ကျွန်မ မလုပ်နိုင် သေးတာ ။ ကိုယ့်ဘက်က … အစစ်အမှန်တွေ ပေးနေ ပါရဲ့နဲ့ တစ်ဖက်က ပြန်ရလာ တာတွေက အပေါ်ယံတွေပဲ ဖြစ်နေတဲ့အခါ တစ်ခါတစ်လေ ကျတော့ ငိုချင် တယ် ။

သက်ရောက်မှု တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ် ဆိုပေမယ့် ထပ်တူညီတဲ့ တန်ပြန်သက်ရောက်မှုဖြစ်ဖို့တော့ မလွယ်ကူ ဘူးလေ ကိုယ်ပေး သလို ပြန်ရချင်မှ ရလာ လိမ့်မယ် ကိုယ်ထား တဲ့စေတနာတွေ တန်ဖိုး နားလည်ချင်မှ နားလည် လိမ့်မယ် ။

ဘာပဲဖြစ်ဖြစ်ပါ ကိုယ်ပေး တဲ့စေတနာတွေကို တန်ဖိုးလေး နားလည်စေ ချင်တာတော့ အမှန်ပဲ ။

ကျွန်မ … ဒီအရာကို ပေးပြီး သွားပြီ ပြန်ရလာ လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ဘယ်အရာ ကိုမှ မပေးခဲ့ဖူးဘူး မေတ္တာပဲ ဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ် …ဘယ်အရာကို မဆို ကိုယ့်ဘက်က ပေးနိုင်တယ် ဆိုတာအရာတွေ မတွန့်တိုပဲ ပေးခဲ့တာပါ …

တစ်ဖက်က ကျိန်းသေပြန်ရလာ လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ကျွန်မ ပေးခဲ့တာ မဟုတ်ဘူး . ပြန်ပြီး မသိတတ် ချင်နေပါ …

ကိုယ်ပေးတဲ့ အရာလေးတွေကို တန်ဖိုး ထားတတ်စေချ င်တယ် ။

တစ်ခါတစ်လေမှာ ကိုယ်အဆင်ပြေနေ လွန်းလို့ ကူညီပေးနေတာ မဟုတ်ဘူး ကိုယ်အဆင် မပြေတဲ့ကြားက အဆင်ပြေ ပါစေဆိုတဲ့ စိတ်နဲ့ စာနာပေးခဲ့တာ …

ဇာတ်လမ်းတွေ ဆုံးတော့ တကယ်တမ် းဒုက္ခတွေနဲ့ ကျန်ခဲ့တဲ့ သူက ကိုယ်ဖြစ်နေရုံ ကလွဲလို့ဘာမှ ထပ်ပြီး ပိုမလာခဲ့ဘူး … နောင်တရတယ် ဆိုတာထက် ဝမ်းနည်း တာပါ ။

ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့ အခါ အနည်းနဲ့ အများးတော့ ခံစားရ တာတွေ ချည်းပဲလေ …

ကျွန်မမှာ ခံစားရတာတွေ များလာတော့ … ကိုယ်နဲ့မဆိုင် ပါဘူးလေ ဆိုတဲ့ အတွေးတွေးတတ်ချင်လာတယ် … အဆင်ပြေ သွားမှ ာဆိုပြီး မျက်နှာလွဲ တတ်ချင် လာတယ် .. တကယ်ဆို ကျွန်မလဲ ပြန်ပြီး ငဲ့ကြည့်ဖို့ တန်ဖိုးထားဖို့ထိုက်တန် ချင်ပါ တယ် ။

သျှင်ယွန်း

Leave a Reply

Your email address will not be published. Required fields are marked *