အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္မွ ကိုဗစ္ကာကြယ္ေဆးရေတာ့မယ္ဆိုၿပီး မေပါ့ဆၾကဖို႔ သတိေပး

အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္မွ ကိုဗစ္ကာကြယ္ေဆးရေတာ့မယ္ဆိုၿပီး မေပါ့ဆၾကဖို႔ သတိေပး

ႏိုင္ငံတခ်ိဳ႕မွာ ကိုဗစ္ကပ္ေရာဂါကာကြယ္ေဆးေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ စတင္အသုံးျပဳေတာ့မယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ကိုဗစ္ကာကြယ္ေဆး မၾကာခင္ရေတာ့မယ္ဆိုၿပီး ေပါ့ေပါ့ဆဆ မေနၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းလိုက္ပါတယ္။

ကပ္ေရာဂါတိုက္ပြဲ အဆုံးသတ္ခါနီးၿပီမို႔ ပြဲသိမ္းတဲ့အခ်ိန္မွာမွ ကေမာက္ကမ မျဖစ္ဘဲ ေအာင္ေအာင္ျမင္ျမင္ အဆုံးသတ္ခ်င္တယ္လို႔ ဒီကေန႔ညေျပာၾကားတဲ့ ကပ္ေရာဂါကာကြယ္ေရး ေနာက္ဆုံးအေျခအေန အစီရင္ခံတင္ျပတဲ့ မိန႔္ခြန္းမွာထည့္ေျပာခဲ့တာပါ။

ကာကြယ္ေဆးေပၚလာတဲ့အခါ ျမန္မာႏိုင္ငံအေနနဲ႔လည္း အျမန္စၿပီးသုံးႏိုင္ဖို႔ စီစဥ္ေနၿပီလို႔လည္း ေဒၚေအာင္ဆန္းစုၾကည္ကဆိုပါတယ္ လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတဲ့သူ စုစုေပါင္း (၂၁၃၂) ေယာက္ ရွိသြားပါၿပီ။

ေရာဂါကူးစက္ခံရတဲ့သူ စုစုေပါင္း (၁၀၀၄၃၁) ေယာက္ ရွိသြားၿပီျဖစ္ၿပီးေတာ့ ျပန္လည္သက္သာလာတဲ့သူက စုစုေပါင္း (၇၉၂၄၀) ေယာက္ ရွိပါတယ္။အတည္ျပဳလူနာ အားလုံးရဲ႕ (၇၄) ရာခိုင္ႏႈန္းဟာ ရန္ကုန္တိုင္းကျဖစ္သလို ေသဆုံးသူအားလုံးရဲ႕ (၉၂.၇) ရာခိုင္ႏႈန္းဟာလည္း ရန္ကုန္တိုင္းက ျဖစ္ပါတယ္။

ဒါေၾကာင့္ ရန္ကုန္တိုင္းက ျပည္သူေတြအေနနဲ႔ အထူးသတိထားၿပီး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြကို လိုက္နာၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းပါတယ္။ကပ္ေရာဂါကာလၿပီးသြားတဲ့အခါ စီးပြားေရး နလန္ျပန္ထူေအာင္ႏိုင္ေရး အစိုးရဘက္ကျပင္ဆင္ေနသလို ျပည္သူေတြပါဝင္ဖို႔ လိုတယ္လို႔လည္းဆိုပါတယ္။

unicode

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်မှ ကိုဗစ်ကာကွယ်ဆေးရတော့မယ်ဆိုပြီး မပေါ့ဆကြဖို့ သတိပေး

နိုင်ငံတချို့မှာ ကိုဗစ်ကပ်ရောဂါကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် စတင်အသုံးပြုတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ကိုဗစ်ကာကွယ်ဆေး မကြာခင်ရတော့မယ်ဆိုပြီး ပေါ့ပေါ့ဆဆ မနေကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ကပ်ရောဂါတိုက်ပွဲ အဆုံးသတ်ခါနီးပြီမို့ ပွဲသိမ်းတဲ့အချိန်မှာမှ ကမောက်ကမ မဖြစ်ဘဲ အောင်အောင်မြင်မြင် အဆုံးသတ်ချင်တယ်လို့ ဒီကနေ့ညပြောကြားတဲ့ ကပ်ရောဂါကာကွယ်ရေး နောက်ဆုံးအခြေအနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာထည့်ပြောခဲ့တာပါ။

ကာကွယ်ဆေးပေါ်လာတဲ့အခါ မြန်မာနိုင်ငံအနေနဲ့လည်း အမြန်စပြီးသုံးနိုင်ဖို့ စီစဉ်နေပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ် လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း (၂၁၃၂) ယောက် ရှိသွားပါပြီ။

ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း (၁၀၀၄၃၁) ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း (၇၉၂၄၀) ယောက် ရှိပါတယ်။အတည်ပြုလူနာ အားလုံးရဲ့ (၇၄) ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းကဖြစ်သလို သေဆုံးသူအားလုံးရဲ့ (၉၂.၇) ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်းက ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းက ပြည်သူတွေအနေနဲ့ အထူးသတိထားပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ကပ်ရောဂါကာလပြီးသွားတဲ့အခါ စီးပွားရေး နလန်ပြန်ထူအောင်နိုင်ရေး အစိုးရဘက်ကပြင်ဆင်နေသလို ပြည်သူတွေပါဝင်ဖို့ လိုတယ်လို့လည်းဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *