ရာကျော်ရှည်ပါစေ အမေ
တရားသူကြီးအဖွဲ့က
မေထိုက်
ရဲရင့်ပြတ်သားတဲ့အမေကျန်းမာပါစေအသက်
ရာကျော်ရှည်ပါစေ အမေ
အင်းစိန်ထောင်ဝက တရားရုံးမှာ တရားသူကြီးက
” ဒေါ်စုကြည် မတ်တတ်ရပ်ပေးပါ ” ဆိုပြီး
တရားစီရင်ချက်ကို နာကြားဖို့ ရပ်ခိုင်းပါတယ် ။
ဒေါ်အောင်ဆန်းစုကြည် မတ်တတ် ထမရပ်ပါဘူး ။
တရားသူကြီးအဖွဲ့က ထပ်ပြောပါတယ်။
ဒါလည်း ထမရပ်လို့ တရားသူကြီးအဖွဲ့က
” ဒေါ်စုကြည် ဘာကြောင့်မတ်တတ် ထမရပ်ရတာပါလဲ ” လို့ မေမြန်းပါတယ်။
ဒါကြောင့် အစိုးရ ရှေ့နေက ဒေါ်အောင်ဆန်းစုကြည်နားလာပြီး
နောက်ထပ် ပုဒ်မတိုးချင်လို့လား လို့ မေးတယ်။
”ဘယ်သူကိုမတ်တတ် ထရပ်ဖို့ပြောနေတာလဲဆိုတာ မသိလို့ပါ ” လို့
ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောတော့
” ဒေါ်စုကြည်ကိုပြောတာပါလို့ ” လို့ တရားသူကြီးအဖွဲ့က လှမ်းပြောပါတယ်။
” ဒေါ်စုကြည်ဆိုတာ ကျမနာမည်မဟုတ်ဘူး ၊
ကျမနာမည်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်လို့ ” ပြန်ပြောတော့ မှ
တရားသူကြီးအဖွဲ့က
” ဒေါ်အောင်ဆန်းစုကြည် မတ်တတ် ထရပ်ပါ ” လို့ ပြင်ပြောရပါတယ် ။
ထောင် ၃ နှစ်ချတယ်လို့ အမိန့်ချတော့
” ကျမကိုနေအိမ်မှာ အကျဉ်းချဖို့ပြန်မပို့ပါနဲ့ ၊ အကျဉ်းထောင်မှာပဲ အခြား အကျဉ်းသားတွေနဲ့အတူ အကျဉ်သားစစ်စစ် အဖြစ် နေခွင့်ပေးပါ ” လို့ တောင်းဆိုလိုက်ပါတယ်။
မေထိုက်