“ ဗစ္တိုးရီးယား အမႈမွာ မတရား စြပ္စြဲခံခဲ့ရတဲ့ ကိုေအာင္ႀကီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို တရားစြဲလိုက္ပါၿပီ ”

Zawgyi ျဖင့္ဖတ္ရန္

“ ဗစ္တိုးရီးယား အမႈမွာ မတရား စြပ္စြဲခံခဲ့ရတဲ့ ကိုေအာင္ႀကီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို တရားစြဲလိုက္ပါၿပီ ”

“မမွန္မကန္တရားစြဲဆိုခ်ဳပ္ေႏွာင္ခံရသည့္အတြက္ ေလ်ာ္ေၾကးႏွင့္နစ္နာေၾကး ေငြ၅၀၀,၀၀၀,၀၀၀ိ/-(က်ပ္သိန္းငါးေထာင္တိတိ) ရလိုမႈ” ဆိုၿပီးစြဲပါတယ္။

အမႈကို ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ အဆိုလႊာတင္သြင္းစြဲဆိုပါတယ္။ တရား႐ုံးက အမႈကိုလက္ခံၿပီး တရားမႀကီးမႈအမွတ္ ၃၁၂/၂၀၂၀ အျဖစ္သတ္မွတ္ၾကားနာပါမယ္။

အမႈကို ခ႐ိုင္တရားသူႀကီးရဲ႕ တရားခြင္က ေဆာင္႐ြက္မွာျဖစ္ၿပီး(၁၈-၁၂-၂၀၂၀) မွာ “အဆိုလႊာကိုစိစစ္ရန္” လို႔ခ်ိန္းဆိုထားပါတယ္။လက္ငင္းေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ တာဝန္ခံတာဝန္ယူသူအျဖစ္ ရဲခ်ဳပ္ေအာင္ဝင္းဦး(ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕) ကို တရားၿပိဳင္အျဖစ္ထားပါတယ္။

တရားလိုေရွ႕ေနမ်ားအျဖစ္ ေနျပည္ေတာ္ကတရားလႊတ္ေတာ္ေရွ႕ေနမ်ားျဖစ္တဲ့ ဦးခင္ေမာင္ေဇာ္၊ ဦးေနတူး၊ ဦးသဲေမာင္ေမာင္ တို႔က လိုက္ပါေဆာင္႐ြက္ၾကပါမယ္။ မဟာဗ်ဴဟာေျမာက္တရားစြဲဆိုျခင္း အျဖစ္ အခမဲ့လိုက္ပါေဆင္႐ြက္ေပးၾကမွာပါ။

Credit Zaw Win Ko

Unicode ျဖင့္ဖတ္ရန္

“ ဗစ်တိုးရီးယား အမှုမှာ မတရား စွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲလိုက်ပါပြီ ”

“မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနှင့်နစ်နာကြေး ငွေ၅၀၀,၀၀၀,၀၀၀ိ/-(ကျပ်သိန်းငါးထောင်တိတိ) ရလိုမှု” ဆိုပြီးစွဲပါတယ်။

အမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာတင်သွင်းစွဲဆိုပါတယ်။ တရားရုံးက အမှုကိုလက်ခံပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ အဖြစ်သတ်မှတ်ကြားနာပါမယ်။

အမှုကို ခရိုင်တရားသူကြီးရဲ့ တရားခွင်က ဆောင်ရွက်မှာဖြစ်ပြီး(၁၈-၁၂-၂၀၂၀) မှာ “အဆိုလွှာကိုစိစစ်ရန်” လို့ချိန်းဆိုထားပါတယ်။လက်ငင်းတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ခံတာဝန်ယူသူအဖြစ် ရဲချုပ်အောင်ဝင်းဦး(မြန်မာနိုင်ငံရဲတပ်ဖွဲ့) ကို တရားပြိုင်အဖြစ်ထားပါတယ်။

တရားလိုရှေ့နေများအဖြစ် နေပြည်တော်ကတရားလွှတ်တော်ရှေ့နေများဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်ကြပါမယ်။ မဟာဗျူဟာမြောက်တရားစွဲဆိုခြင်း အဖြစ် အခမဲ့လိုက်ပါဆေင်ရွက်ပေးကြမှာပါ။

Credit Zaw Win Ko

Leave a Reply

Your email address will not be published. Required fields are marked *