“ လူအမ်ားစုက အခ်စ္သီခ်င္းလို႔ ထင္ေနၾကတဲ့ စိုင္းထီးဆိုင္ သီခ်င္းေတြရဲ႕ အဓိပၸာယ္ ”

Zawgyi ျဖင့္ဖတ္ရန္

“ လူအမ်ားစုက အခ်စ္သီခ်င္းလို႔ ထင္ေနၾကတဲ့ စိုင္းထီးဆိုင္ သီခ်င္းေတြရဲ႕ အဓိပၸာယ္ ”

ဖန္တရာေတေအာင္ နားေထာင္ခဲ့ဖူးတဲ့ တစ္ခ်ိဳ႕ သီခ်င္းေလးေတြက ကိုယ္ထင္သလို ခ်စ္တာ ေမတၱာအေၾကာင္းေတြ မဟုတ္ဘူးတဲ့။တိုင္းေရးျပည္ေရးအၾကပ္အတည္းေတြ ၾကားထဲမွာ လူထုရဲ႕ ခံစားခ်က္ေလးေတြကို ကိုယ္စားျပဳ ေမြးဖြားလာတဲ့ သီခ်င္းေလးေတြ ျဖစ္ပါသတဲ့။

မေန႔ကမွ ဂ႐ုတစ္ခုမွာ အစ္ကို တစ္ေယာက္ ေျပာျပလို႔ သိရတာ ဆရာစိုင္းခမ္းလိတ္ေရးဖြဲ႕ခဲ့တဲ့ ဦးထီးရဲ႕ ေမၿမိဳ႕မိုး သီခ်င္းဟာ ေတာင္ေပၚၿမိဳ႕ေလး ျပင္ဦးလြင္ကို မဆီမဆိုင္ မႏၲေလးတိုင္းထဲ ထည့္ခဲ့လို႔ ဆိုခဲ့တဲ့သီခ်င္းေလးပါတဲ့။သံလြင္ေခ်ာင္းျခားဆိုတဲ့ သီခ်င္းေလးက ျမစ္ဟိုဘက္ကမ္း ဒီဘက္ကမ္းမွာ တပ္စြဲထားတဲ့ျမန္မာစစ္တပ္နဲ႔ BCP တို႔ရဲ႕ အာဃာတကို ေရးဖြဲ႕ခဲ့တာပါတဲ့။

ရွိေသးတယ္ ကိုယ္တစ္ေယာက္ထဲေၾကာင့္ေတာ့ မဟုတ္ဘူး ဆိုတာ ေခါင္မလုံရင္ စိုမွာပဲ အစိုးရမေကာင္းရင္ ကိုယ္ ဘယ္ေလာက္လုပ္လုပ္ အရာမထင္ဘူးလို႔႐ြဲ႕ဆိုခဲ့တာပါ။ဟိုးဘက္ေခတ္က ျမန္မာႏိုင္ငံ အႏွံ႔အျပားကို မီးေပးတာက ေလာပိတ ေရအားလွ်ပ္စစ္ စက္႐ုံႀကီးေပါ့ ေလာပိတ ေရတံခြန္ႀကီး ရွိေနတဲ့ ကယားျပည္နယ္ေလးကေတာ့ ေမွာင္လို႔ မဲလို႔ေပါ့ေလ

အဲ့ဒီမွာ ရန္ကုန္မွာ သာတဲ့လဆိုတဲ့ သီခ်င္းေလး ျဖစ္လာရတာပါပဲ သိပ္ၿပီး ပညာသားပါတဲ့ သီခ်င္းေလး။ရွိေသးတယ္ က်ေနာ္တို႔ သိထားတဲ့ ဘီးနံပါတ္ OK 0122L ဆိုတဲ့ အေပါင္ဆုံး စက္ဘီးေလးအေၾကာင္းေလ မင္းသခင္မေလး ချမာေလ သိပ္ကိုစြဲလမ္းရွာေန ျပန္ေ႐ြးလို႔ ရခဲ့ရင္ ျပန္ေ႐ြးလို႔ ေပးလိုက္ခ်င္တယ္ တဲ့။ဘီးနံပါတ္..OK 0122Lဆိုတာ ေဖေဖာ္ဝါရီ 12 ျပည္ေထာင္စုေန႔က ခ်ဳပ္ဆိုခဲ့တဲ့ ပင္လုံစာခ်ဳပ္မွာ သေဘာတူခဲ့တဲ့ ဖက္ဒရယ္မူကို ရည္႐ြယ္ပါသတဲ့

လြတ္လပ္ေရးရၿပီးရင္ ေပးမယ္ဆိုတဲ့ သူတို႔ ရပိုင္ခြင့္ရွိတဲ့ ဖက္ဒရယ္ေလးကို ျပန္လိုခ်င္ပါတယ္လို႔ ဆိုလိုတာ OK သေဘာတူညီခ်က္ စာခ်ဳပ္ ၊ 0(သုည) ဆုံးရႈံးတာ မရလိုက္တာ 12 ေန႔စြဲ 2 လ L Law ဥပေဒကို ရည္ၫႊန္းပါသတဲ့။ၿပီးေတာ့ 122L ဆိုတာက ေတာ္လွန္ေရးေကာင္စီတက္ပီးပီးျခင္း ေဟာ္နန္းေတြသိမ္းေစာ္ဘြားေတြဖမ္းတဲ့ေန႔ သူတို႔ေဟာ္နန္း က်တဲ့ေန႔ပါတဲ့

ဒီအဓိပၸာယ္ေလးကို သိမွ ဒီသီခ်င္းေလး ျပန္နားေထာင္တဲ့အခါ ရွမ္းေတြရဲ႕ ခံစားခ်က္ကို ပိုၿပီး နားလည္လာရပါတယ္။ဂီတ၊အႏုပညာဆိုတာ ဒါပါလား။ဒီသီခ်င္းေတြ ေရးခဲ့တဲ့ ဆရာစိုင္းခမ္းလိတ္ရဲ႕ အေျမာ္အျမင္ႀကီးမႈ ဖန္တီးႏိုင္မႈဟာ ေလးစားစရာ။သီခ်င္းမဟုတ္ေတာ့တဲ့ သီခ်င္းေတြပါပဲ ကိုယ့္ဥာဏ္နဲ႔ကိုယ္ဆို ဘယ္လိုမွ သိႏိုင္မွာ မဟုတ္ဘူး။

ေျပာျပတဲ့ အစ္ကိုကိုလဲ တကယ္ေက်းဇူးတင္ပါတယ္ဗ်ာ။

Credit ko Myo Thet Paing

Unicode ျဖင့္ဖတ္ရန္

“ လူအများစုက အချစ်သီချင်းလို့ ထင်နေကြတဲ့ စိုင်းထီးဆိုင် သီချင်းတွေရဲ့ အဓိပ္ပာယ် ”

ဖန်တရာတေအောင် နားထောင်ခဲ့ဖူးတဲ့ တစ်ချို့ သီချင်းလေးတွေက ကိုယ်ထင်သလို ချစ်တာ မေတ္တာအကြောင်းတွေ မဟုတ်ဘူးတဲ့။တိုင်းရေးပြည်ရေးအကြပ်အတည်းတွေ ကြားထဲမှာ လူထုရဲ့ ခံစားချက်လေးတွေကို ကိုယ်စားပြု မွေးဖွားလာတဲ့ သီချင်းလေးတွေ ဖြစ်ပါသတဲ့။

မနေ့ကမှ ဂရုတစ်ခုမှာ အစ်ကို တစ်ယောက် ပြောပြလို့ သိရတာ ဆရာစိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့တဲ့ ဦးထီးရဲ့ မေမြို့မိုး သီချင်းဟာ တောင်ပေါ်မြို့လေး ပြင်ဦးလွင်ကို မဆီမဆိုင် မန္တလေးတိုင်းထဲ ထည့်ခဲ့လို့ ဆိုခဲ့တဲ့သီချင်းလေးပါတဲ့။သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ တပ်စွဲထားတဲ့မြန်မာစစ်တပ်နဲ့ BCP တို့ရဲ့ အာဃာတကို ရေးဖွဲ့ခဲ့တာပါတဲ့။

ရှိသေးတယ် ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး ဆိုတာ ခေါင်မလုံရင် စိုမှာပဲ အစိုးရမကောင်းရင် ကိုယ် ဘယ်လောက်လုပ်လုပ် အရာမထင်ဘူးလို့ရွဲ့ဆိုခဲ့တာပါ။ဟိုးဘက်ခေတ်က မြန်မာနိုင်ငံ အနှံ့အပြားကို မီးပေးတာက လောပိတ ရေအားလျှပ်စစ် စက်ရုံကြီးပေါ့ လောပိတ ရေတံခွန်ကြီး ရှိနေတဲ့ ကယားပြည်နယ်လေးကတော့ မှောင်လို့ မဲလို့ပေါ့လေ

အဲ့ဒီမှာ ရန်ကုန်မှာ သာတဲ့လဆိုတဲ့ သီချင်းလေး ဖြစ်လာရတာပါပဲ သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး။ရှိသေးတယ် ကျနော်တို့ သိထားတဲ့ ဘီးနံပါတ် OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေးအကြောင်းလေ မင်းသခင်မလေး ခမြာလေ သိပ်ကိုစွဲလမ်းရှာနေ ပြန်ရွေးလို့ ရခဲ့ရင် ပြန်ရွေးလို့ ပေးလိုက်ချင်တယ် တဲ့။ဘီးနံပါတ်..OK 0122Lဆိုတာ ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပါသတဲ့

လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ သူတို့ ရပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်လေးကို ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာ OK သဘောတူညီချက် စာချုပ် ၊ 0(သုည) ဆုံးရှုံးတာ မရလိုက်တာ 12 နေ့စွဲ 2 လ L Law ဥပဒေကို ရည်ညွှန်းပါသတဲ့။ပြီးတော့ 122L ဆိုတာက တော်လှန်ရေးကောင်စီတက်ပီးပီးခြင်း ဟော်နန်းတွေသိမ်းစော်ဘွားတွေဖမ်းတဲ့နေ့ သူတို့ဟော်နန်း ကျတဲ့နေ့ပါတဲ့

ဒီအဓိပ္ပာယ်လေးကို သိမှ ဒီသီချင်းလေး ပြန်နားထောင်တဲ့အခါ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရပါတယ်။ဂီတ၊အနုပညာဆိုတာ ဒါပါလား။ဒီသီချင်းတွေ ရေးခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ အမြော်အမြင်ကြီးမှု ဖန်တီးနိုင်မှုဟာ လေးစားစရာ။သီချင်းမဟုတ်တော့တဲ့ သီချင်းတွေပါပဲ ကိုယ့်ဉာဏ်နဲ့ကိုယ်ဆို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး။

ပြောပြတဲ့ အစ်ကိုကိုလဲ တကယ်ကျေးဇူးတင်ပါတယ်ဗျာ။

Credit ko Myo Thet Paing

Leave a Reply

Your email address will not be published. Required fields are marked *