“ ရန္ကုန္ၿမိဳ့ေတာ္ဝန္ ကိုဗစ္ေရာဂါကူးစက္ခံရ ”

Zawgyi ျဖင့္ဖတ္ရန္

“ ရန္ကုန္ၿမိဳ့ေတာ္ဝန္ ကိုဗစ္ေရာဂါကူးစက္ခံရ ”

ရန္ကုန္ၿမိဳ့ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ သူ၏ ကိုယ္ေရးလက္ေထာက္ ဦးေက်ာ္စိုးမိုး ႏွင့္ ယာဥ္ေမာင္း ႏွစ္ဦးတို့တြင္ ကိုဗစ္ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိသျဖင့္ ယေန႔ညေနမွစ၍ ေတာင္ဥကၠလာေဆး႐ုံႀကီးတြင္ ေဆးကုသမွုခံယူေနရေၾကာင္း သတင္းရရွိသည္။

ၿမိဳ့ေတာ္ဝန္သည္ ရန္ကုန္ၿမိဳ့တြင္းရွိေဈးမ်ားအား ကိုဗစ္ကာကြယ္ေရးစည္းမ်ဥ္းမ်ားႏွင့္အညီ လိုက္နာေဆာင္ရြက္ျခင္းရွိမရွိလိုက္လံစစ္ေဆးခဲ့သည္။

ထို့ေနာက္ ေနထိုင္မေကာင္းျဖစ္လာသျဖင့္ ေဆးစစ္မွုခံယူရာ ယေန႔ဒီဇင္ဘာလ (၈) ရက္ေန႔တြင္ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရေၾကာင္းေတြ႕ရွိျခင္းျဖစ္သည္။

#Tomorrow News Journal

Unicode ျဖင့္ဖတ္ရန္

“ ရန်ကုန်မြို့တော်ဝန် ကိုဗစ်ရောဂါကူးစက်ခံရ ”

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ သူ၏ ကိုယ်ရေးလက်ထောက် ဦးကျော်စိုးမိုး နှင့် ယာဉ်မောင်း နှစ်ဦးတို့တွင် ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ယနေ့ညနေမှစ၍ တောင်ဥက္ကလာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

မြို့တော်ဝန်သည် ရန်ကုန်မြို့တွင်းရှိဈေးများအား ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိလိုက်လံစစ်ဆေးခဲ့သည်။

ထို့နောက် နေထိုင်မကောင်းဖြစ်လာသဖြင့် ဆေးစစ်မှုခံယူရာ ယနေ့ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်းတွေ့ရှိခြင်းဖြစ်သည်။

#Tomorrow News Journal

Leave a Reply

Your email address will not be published. Required fields are marked *