ဒေါ်လာ ၆၆၃ သန်းတန်ရထားတွဲသစ်များတင်ပို့ရေးစာချုပ် မစ်ဆူဘီရှီနှင့်မြန်မာ့မီးရထားလက်မှတ်ရေးထိုး

ဂျပန်ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးဖြစ်သော မစ်ဆူဘီရှီ သည် မကြာခင်ကာလအတွင်း ရထားတွဲသစ်များကို မြန်မာနိုင်ငံသို့ တင်ပို့ရန်စီစဉ်နေပြီး

အဆိုပါတွဲသစ်များရောက်ရှိလာပါက ရန်ကုန် နှင့် မန္တလေးကြား ခရီးကို သိသိသာသာပင်တိုတောင်းသွားစေမည်ဖြစ်သည် (NikkeiAsia)

တိုကျို မစ်ဆူဘီရှီ ကော်ပိုရေးရှင်းကြီးသည် မြန်မာနိုင်ငံအခြေစိုက် ရထားလမ်းသစ်ဖြစ်သော မြန်မာ့ရထားနှင့်စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျပန်နိုင်ငံကုန်သွယ်ရေး

ရုံးက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ အဆိုပါ စာချုပ်နှစ်ခုတွင်ပါဝင်သော စီမံကိန်းနှစ်ခု၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ခန့်မှန်းခြေအားဖြင့် ယန်း ၆၉ ဘီလီယံ (ကန်ဒေါ်လာ ၆၆၃.၂သန်း) ဖြစ်သည်။

အဆိုပါ စာချုပ်အရ မစ်ဆူဘီရှီအနေဖြင့် ရန်ကုန်မြို့တွင်းမှ ဖြတ်သန်းသွားသော မြို့ပတ်ရထားလမ်းအတွက် တွဲသစ်(၆၆)စီး နှင့် ရန်ကုန် – နေပြည်တော် – မန္တလေး ကို ဆက်သွယ်ထားသော ရန်ကုန် – မန္တလေး မီးရထားလမ်းအတွက် တွဲသစ်(၁၈၀) အသီးသီးတို့ကို ပို့ဆောင်မည်ဖြစ်သည်။

အဆိုပါ တွဲသစ်များမှာ ၄၆ ကီလိုမီတာရှိ ရန်ကုန်မြို့ပတ် ရထားလမ်းကို မိနစ် ၁၇၀ မှ ၁၁၀ အထိသို့လည်းကောင်း၊ ကီလိုမီတာ ၆၂၀ အရှည်ရှိ ရန်ကုန် – မန္တလေး ရထားလမ်းခရီးကို ၁၅ နာရီမှ ၈ နာရီသို့လည်းကောင်း အသီးသီးလျှော့ချပေးနိုင်မည်ဖြစ်သည်။

Construcciones y Auxiliar de Ferrocarriles, CAF ဟု လူသိများသော စပိန်နိုင်ငံ၊ ထိပ်တန်းရထားတွဲထုတ်လုပ်ရေး ကော်ပိုရေးရှင်းမှ ဂျပန်ပစ္စည်းများကို အသုံးပြုပြီး ရထားတွဲများကို ထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါ တွဲသစ်များကို ၂၀၂၃ မှ ၂၀၂၅ ခုနှစ်များအတွင်း ပို့ဆောင်မည်ဖြစ်သည်။

Ref-NikkeiAsia
Gabriel
WE Media

############################

ဒေါ်လာ ၆၆၃ သန်းတန်ရထားတွဲသစ်များတင်ပို့ရေးစာချုပ် မစ်ဆူဘီရှီနှင့်မြန်မာ့မီးရထားလက်မှတ်ရေးထိုး

ဂျပန်ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးဖြစ်သော မစ်ဆူဘီရှီ သည် မကြာခင်ကာလအတွင်း ရထားတွဲသစ်များကို မြန်မာနိုင်ငံသို့ တင်ပို့ရန်စီစဉ်နေပြီး

အဆိုပါတွဲသစ်များရောက်ရှိလာပါက ရန်ကုန် နှင့် မန္တလေးကြား ခရီးကို သိသိသာသာပင်တိုတောင်းသွားစေမည်ဖြစ်သည် (NikkeiAsia)

photo-NikkeiAsia

တိုကျို မစ်ဆူဘီရှီ ကော်ပိုရေးရှင်းကြီးသည် မြန်မာနိုင်ငံအခြေစိုက် ရထားလမ်းသစ်ဖြစ်သော မြန်မာ့ရထားနှင့်စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျပန်နိုင်ငံကုန်သွယ်ရေး ရုံးက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ အဆိုပါ စာချုပ်နှစ်ခုတွင်ပါဝင်သော စီမံကိန်းနှစ်ခု၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ခန့်မှန်းခြေအားဖြင့် ယန်း ၆၉ ဘီလီယံ (ကန်ဒေါ်လာ ၆၆၃.၂သန်း) ဖြစ်သည်။

အဆိုပါ စာချုပ်အရ မစ်ဆူဘီရှီအနေဖြင့် ရန်ကုန်မြို့တွင်းမှ ဖြတ်သန်းသွားသော မြို့ပတ်ရထားလမ်းအတွက် တွဲသစ်(၆၆)စီး နှင့် ရန်ကုန် – နေပြည်တော် – မန္တလေး ကို ဆက်သွယ်ထားသော ရန်ကုန် – မန္တလေး မီးရထားလမ်းအတွက် တွဲသစ်(၁၈၀) အသီးသီးတို့ကို ပို့ဆောင်မည်ဖြစ်သည်။

အဆိုပါ တွဲသစ်များမှာ ၄၆ ကီလိုမီတာရှိ ရန်ကုန်မြို့ပတ် ရထားလမ်းကို မိနစ် ၁၇၀ မှ ၁၁၀ အထိသို့လည်းကောင်း၊ ကီလိုမီတာ ၆၂၀ အရှည်ရှိ ရန်ကုန် – မန္တလေး ရထားလမ်းခရီးကို ၁၅ နာရီမှ ၈ နာရီသို့လည်းကောင်း အသီးသီးလျှော့ချပေးနိုင်မည်ဖြစ်သည်။

Construcciones y Auxiliar de Ferrocarriles, CAF ဟု လူသိများသော စပိန်နိုင်ငံ၊ ထိပ်တန်းရထားတွဲထုတ်လုပ်ရေး ကော်ပိုရေးရှင်းမှ ဂျပန်ပစ္စည်းများကို အသုံးပြုပြီး ရထားတွဲများကို ထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါ တွဲသစ်များကို ၂၀၂၃ မှ ၂၀၂၅ ခုနှစ်များအတွင်း ပို့ဆောင်မည်ဖြစ်သည်။

Ref-NikkeiAsia
Gabriel

Leave a Reply

Your email address will not be published. Required fields are marked *