Zawgyi ဖြင့်ဖတ်ရန်
shwemom
Unicode ဖြင့်ဖတ်ရန်
အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ PPE ဝတ်ပြီး ဆောင်ခဲ့တဲ့ အိန္ဒိယက မင်္ဂလာပွဲ(ရုပ်သံ)
အိန္ဒိယနိုင်ငံ Rajasthan ပြည်နယ် က မင်္ဂလာပွဲ တစ်ပွဲက တော့ လက်တလောမှာ အရမ်းကို လူပြောများနေပါတယ်။မင်္ဂလာပွဲကိုတော့ ကိုဗစ် စောင့် ရှောက်ရေးစင်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး တကယ့် အကာအကွယ် ဝတ်စုံ PEE တွေ ဝတ်ပြီး ဆောင်ခဲ့ ကြတာပါ။သတို့ သမီးက မင်္ဂလာဆောင်မယ့် နေ့ကျမှ ကိုဗစ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ကာ၊ မင်္ဂလာပွဲကိုလည်း နောက်မဆုတ်ပဲ ရှေ့ဆက် တိုး ပြီး ဆောင်ဖို့ ဆုံးဖြတ် ခဲ့ ကြတာပါ။
ဓါတ်ပုံ တွေကိုတော့ ကျန်းမာရေး ဆိုင်ရာ အာဏာပိုင်တွေ က ရှယ်လိုက်တာ ဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ အွန်လိုင်းေ ပါ်မှာ အရမ်းကို လူပြောများခဲ့ပါတယ်။ဒီအကြောင်းကိုတော့ SCMP မှာ ဖော်ပြထားတာပါ။Bara မြို့က Kelwara ကိုဗစ် စင်တာမှာ ပြုလုပ်ခဲ့တာပါ။မင်္ဂလာ သတို့သား၊သတို့သမီးက တော့ PPE ဝတ်စုံ အပြည့် အကာအကွယ်ပြည့်နဲ့ ဟိန္ဒူ ရိုးရာ အစဉ် အလာ အတိုင်း ကတိသစ္စာ ပြု ခဲ့ ကြပါတယ်။
မင်္ဂလာ ဆောင်ရင် လုပ်တဲ့ ရိုးရာ အစဉ်အလာ တစ်ခု ဖြစ်တဲ့ သတို့သား သတို့သမီးက လှည့် ပတ်တာ ကို လည်း ပြုလုပ် ခဲ့ ကြပါတယ်။ဒေသခံ အာဏာပိုင်သုံးဦးက တော့ မင်္ဂလာပွဲက ကိုဗစ်စည်းမျဉ်းစည်းကမ်း တွေကို အပြည့်အ၀ လိုက်နာ မှု ရှိမရှိ ကိုယ်တိုင် လာ ရောက် စစ်ဆေး တဲ့ အနေနဲ့ တက်ရောက်ခဲ့ ကြပါတယ်။ကျန်းမာရေး အဖွဲ့ တွေက ကိုဗစ် စစ်ဆေးမှု ရလဒ်အ ဖြေကို သိ လိုက်တာ နဲ့ ချက်ချင်းဆိုသလို မင်္ဂလာပွဲ ကျင်းပ မယ့် နေရာမှာရှိနေရမယ့် သတို့သမီးနဲ့ သူမရဲ့ မိသားစုကို ကိုဗစ် စင်တာကို ခေါ် ခဲ့ ကြတာပါ။
ဒါပေမယ့် ကျင်းပမယ့် လက်ထပ်ပွဲကိုတော့ လက်မလျော့ပဲ ကိုဗစ် စင်တာမှာပါ ရအောင် လက်ထပ်ခဲ့ တာပါ။လက်ထပ်ပွဲကိုတော့ ဖြစ် အောင် ကျင်းပမယ့် ဆိုတဲ့ ဆန္ဒက ပြင်းပြ လွန်းနေတာကြောင့် ကျန်းမာရေးဝန်ထမ်း Sheikh Arif က ဒီလက်ထပ်ပွဲကို ကြီး မှူး ကျင်းပ ပေးခဲ့တာပါ။သတို့သမီးရော သတို့သမီး အမေကပါ Positive မို့ လက်ရှိမှာတော့ ကိုဗစ် စင်တာမှာပဲ Q ဝင် နေ ကြပါတယ်။သတို့သမီး က တော့ Negative အဖြေ ထွက်ရင် သူမရဲ့ ခင်ပွန်းဆီကို ပို့ ပေးမှာပါ။အိန္ဒိယက တော့ အမေရိကန် ပြီးရင် ကိုဗစ် ဖြစ်ပွားမှု အများဆုံး နိုင်ငံ ဖြစ်ပြီး ကူးစက်ခံရသူ(၉.၆)သန်း၊သေဆုံး 140,573 အထိ ရှိနေပါပြီ။
shwemom
Leave a Reply
Your email address will not be published. Required fields are marked *