သူငယ္ခ်င္းေတြနဲ႔ ေရကစားရင္း နားထဲကိုငါးအရွင္ႀကီးဝင္သြားတဲ့ ကေလးေလး

Zawgyi ျဖင့္ဖတ္ရန္

သူငယ္ခ်င္းေတြနဲ႔ ေရကစားရင္း နားထဲကိုငါးအရွင္ႀကီးဝင္သြားတဲ့ ကေလးေလး

ဒီျဖစ္ရပ္ဟာ ဖီလစ္ပိုင္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္ေလးတစ္ခုျဖစ္ပီး ကေလးရဲ႕မိဘေတြကလည္း ေတာ္ေတာ္လန႔္ျဖန႔္သြားခဲ့ပါတယ္။ျဖစ္ပုံကေတာ့ Noe လို႔ေခၚတဲ့ ကေလးေလးဟာ သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔အတူ ကမ္းေျခတစ္ခုမွာ ေရကစားရာကေန ငါးကသူ႔ရဲ႕နားထဲကို ဝင္သြားခဲ့တာပဲ ျဖစ္ပါတယ္။

အဲ့အခ်ိန္ထဲက Noe ဟာသူ႔ရဲ႕နားထဲကေန တခုခုကိုခံစားေနရၿပီး အိမ္ျပန္ေရာက္ေတာ့ ေရခ်ိဳးခါနီးမွာ သူ႔ရဲ႕အဘြားကိုေျပာျပတဲ့အခါမွာေတာ့ ငါးေသးေသးတစ္ေကာင္ဟာ သူ႔ရဲ႕နားထဲဝင္ေနတာကို သိရွိခဲ့ရတာပဲ ျဖစ္ပါတယ္။ငါးဟာ တစ္ေကာင္လုံးဝင္သြားတာမဟုတ္ေသးပဲ သူ႔ရဲ႕အမွီးပိုင္းကိုေတာ့ ျမင္ေနရပါေသးတယ္။

အဲ့အခ်ိန္မွာ အဘြားျဖစ္သူက ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ဘာမွမလုပ္ေပးတတ္တာေၾကာင့္ ကေလးရဲ႕မိဘေတြကိုေျပာျပခဲ့ပါတယ္။မိဘေတြသိရွိသြားခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဟာ Noe ရဲ႕နားထဲကငါးကို ဖယ္ထုတ္ေပးဖို႔ႀကိဳးစားခဲ့ပါတယ္။

ဒါေပမယ့္ ငါးဟာ နားရဲ႕အတြင္းပိုင္းအထိဝင္ေနတာဆိုေတာ့ Noe ရဲ႕နားကိုမထိခိုက္ဖို႔ ေတာ္ေတာ္ေလးႀကိဳးစားခဲ့ရပါတယ္။အေဖျဖစ္သူဟာ သူ႔သားရဲ႕နားထဲကငါးကို ထုတ္ဖို႔ တစ္နာရီေလာက္ၾကာေအာင္ ႀကိဳးစားခဲ့ရၿပီး ေနာက္ဆုံးမွာ ထုတ္ေပးႏိုင္ခဲ့ပါတယ္။

အသိျမန္ပီး ဖခင္ကနည္းလမ္းမွန္မွန္နဲ႔ ျမန္ျမန္ထုတ္ႏိုင္လို႔သာ Noe ရဲ႕နားကဘာမွ မျဖစ္ခဲ့ေပမယ့္ တခုခုသာခြၽတ္ေခ်ာ္ခဲ့ရင္ နားကန္းသြားႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရတာပဲ ျဖစ္ပါတယ္။ပရိသတ္ေတြလည္း ကမ္းေျခမွာေရသြားေဆာ့တဲ့အခါၾကရင္ ဒီလိုမ်ိဳးမႀကဳံရေအာင္ သတိထားၾကဦးေနာ္။

သတင္းအရင္းျမစ္: Elitereaders

Unicode ျဖင့္ဖတ္ရန္

သူငယ်ချင်းတွေနဲ့ ရေကစားရင်း နားထဲကိုငါးအရှင်ကြီးဝင်သွားတဲ့ ကလေးလေး

ဒီဖြစ်ရပ်ဟာ ဖီလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်ပီး ကလေးရဲ့မိဘတွေကလည်း တော်တော်လန့်ဖြန့်သွားခဲ့ပါတယ်။ဖြစ်ပုံကတော့ Noe လို့ခေါ်တဲ့ ကလေးလေးဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေတစ်ခုမှာ ရေကစားရာကနေ ငါးကသူ့ရဲ့နားထဲကို ဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့အချိန်ထဲက Noe ဟာသူ့ရဲ့နားထဲကနေ တခုခုကိုခံစားနေရပြီး အိမ်ပြန်ရောက်တော့ ရေချိုးခါနီးမှာ သူ့ရဲ့အဘွားကိုပြောပြတဲ့အခါမှာတော့ ငါးသေးသေးတစ်ကောင်ဟာ သူ့ရဲ့နားထဲဝင်နေတာကို သိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ငါးဟာ တစ်ကောင်လုံးဝင်သွားတာမဟုတ်သေးပဲ သူ့ရဲ့အမှီးပိုင်းကိုတော့ မြင်နေရပါသေးတယ်။

အဲ့အချိန်မှာ အဘွားဖြစ်သူက ကြောက်ကြောက်လန့်လန့်နဲ့ ဘာမှမလုပ်ပေးတတ်တာကြောင့် ကလေးရဲ့မိဘတွေကိုပြောပြခဲ့ပါတယ်။မိဘတွေသိရှိသွားချိန်မှာတော့ ဖခင်ဖြစ်သူဟာ Noe ရဲ့နားထဲကငါးကို ဖယ်ထုတ်ပေးဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ငါးဟာ နားရဲ့အတွင်းပိုင်းအထိဝင်နေတာဆိုတော့ Noe ရဲ့နားကိုမထိခိုက်ဖို့ တော်တော်လေးကြိုးစားခဲ့ရပါတယ်။အဖေဖြစ်သူဟာ သူ့သားရဲ့နားထဲကငါးကို ထုတ်ဖို့ တစ်နာရီလောက်ကြာအောင် ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာ ထုတ်ပေးနိုင်ခဲ့ပါတယ်။

အသိမြန်ပီး ဖခင်ကနည်းလမ်းမှန်မှန်နဲ့ မြန်မြန်ထုတ်နိုင်လို့သာ Noe ရဲ့နားကဘာမှ မဖြစ်ခဲ့ပေမယ့် တခုခုသာချွတ်ချော်ခဲ့ရင် နားကန်းသွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေလည်း ကမ်းခြေမှာရေသွားဆော့တဲ့အခါကြရင် ဒီလိုမျိုးမကြုံရအောင် သတိထားကြဦးနော်။

သတင်းအရင်းမြစ်: Elitereaders

Leave a Reply

Your email address will not be published. Required fields are marked *