ေဆး႐ုံမတင္ဘဲ အိမ္မွာဘဲ ကုသရင္းနဲ႔ ကိုဗစ္ကို ေအာင္ႏိုင္ခဲ့တဲ့ အသက္ (၉၉) ႏွစ္အ႐ြယ္ အဘြား

Zawgyi ျဖင့္ဖတ္ရန္

ေဆး႐ုံမတင္ဘဲ အိမ္မွာဘဲ ကုသရင္းနဲ႔ ကိုဗစ္ကို ေအာင္ႏိုင္ခဲ့တဲ့ အသက္ (၉၉) ႏွစ္အ႐ြယ္ အဘြား

ကတိေပးထားတဲ့ အတိုင္း တင္လိုက္ပါၿပီ။ ကြၽန္ေတာ္ အေမ ၉၉ ႏွစ္ ကိုဗစ္ အကူးခံရၿပီး positive ျဖစ္လို႔ ၁၀ ရက္တိတိ အဖ်ား တက္လိုက္ က်လိုက္ ျဖစ္ပါတယ္။ ၁၁ ရက္ေျမာက္ေန႔မွာ အဖ်ားက်ၿပီး ေနေကာင္းသြားပါတယ္။

၉၉ ႏွစ္က ကိုဗစ္ ကို ဘယ္လိုေက်ာ္ျဖတ္ခဲ့သလဲဆိုတာ အံ့ဩဖို႔ေကာင္းပါတယ္။ ေလ့လာၾကည့္တဲ့ အခါ အခ်က္ ၃ ခ်က္ေတြ႕ ပါတယ္။ ၁။ မာမီ ရဲ႕ သူနာျပဳက လည္း positive ျဖစ္လို႔ သူနာျပဳက အနီးကပ္ျပဳစု ခြင့္ရပါတယ္။

ေအာက္ဆီဂ်င္ကို တခ်ိန္လုံး တိုင္းေနၿပီး ၉၅ ေအာက္ ေရာက္တာႏွင့္ oxygen generator ႏွင့္ ေပးပါတယ္။ သူ႔ ေက်းဇူးက ႀကီးပါတယ္။ ၂။ ဆရာဝန္ ျဖစ္တဲ့ ညီမေလး ႏွင့္ ညီ (ၾသစေၾတးလ်) က အေဝးကေန အခ်ိန္ ႏွင့္ တေျပးညီ လုပ္ေဆာင္ရမွာေတြကို ၫႊန္ၾကားေပးပါတယ္။ သူနာျပဳက လုပ္ပါတယ္။

၃။ အေရးႀကီးဆုံးအခ်က္ပါ။ စိတ္ပိုင္းဆိုင္ရာ ႏွင့္ဆိုင္ပါတယ္။ Mummy ကို အေျခမပ်က္ အိမ္မွာပဲ ထားဖို႔ Dr Pe Thet Khin ႏွင့္ Dr Zaw Wai Soe တို႔က ကူညီခဲ့ပါတယ္။ ဒီဆရာေတြကို အထူးေက်းဇူးတင္ပါတယ္။ Mummy က ကိုဗစ္ဆိုတာ ဘာမွန္းမသိသလို သူ ကိုဗစ္ ျဖစ္ေနမွန္းလည္း မသိတာက Mummy အသက္ကို ကယ္သြားတာပါ။

ေဆး႐ုံတက္ရလို႔ အေျခပ်က္သြားရင္ Mummy ဘာျဖစ္မယ္ မေျပာႏိုင္ပါ။ ကိုဗစ္ျဖစ္တဲ့ လူနာေတြ ေဘးမွာ အထူးသျဖင့္ အသက္ႀကီးသူေတြအတြက္ အနားမွာ အားေပး ေစာင့္ေရွာက္ မည့္သူေတြလိုပါတယ္။ အခုေတာ့ က်န္းမာေရးဝန္ႀကီးဌာန MOHS က ခြင့္ျပဳေပးတယ္ လို႔ သိရပါတယ္။ သိပ္ေကာင္းတဲ့ အစီ အစဥ္ပါ။

ကြၽန္ေတာ့္ရဲ႕ ျမန္မာ့ေရနံက မိတ္ေဆြ အသက္ ၇၂ ႏွစ္ ကိုဗစ္ ႏွင့္ ကြယ္လြန္သြားပါတယ္။ ေဂါက္သီး႐ိုက္ အင္မတန္ ေကာင္းၿပီး က်န္းမာေရး ႏွင့္ျပည့္စုံသူပါ။ ေဆး႐ုံကို တေယာက္တည္းတက္ရတဲ့ အခါ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္မထားရင္ ထိခိုက္မႈေတြမ်ားႏိုင္ပါတယ္။ ကိုဗစ္က သင့္အနားမွာပါ။ ႀကိဳတင္ျပင္ဆင္ထားပါ။

Crd Kyaw Kyaw Hlaing

Unicode ျဖင့္ဖတ္ရန္

ဆေးရုံမတင်ဘဲ အိမ်မှာဘဲ ကုသရင်းနဲ့ ကိုဗစ်ကို အောင်နိုင်ခဲ့တဲ့ အသက် (၉၉) နှစ်အရွယ် အဘွား

ကတိပေးထားတဲ့ အတိုင်း တင်လိုက်ပါပြီ။ ကျွန်တော် အမေ ၉၉ နှစ် ကိုဗစ် အကူးခံရပြီး positive ဖြစ်လို့ ၁၀ ရက်တိတိ အဖျား တက်လိုက် ကျလိုက် ဖြစ်ပါတယ်။ ၁၁ ရက်မြောက်နေ့မှာ အဖျားကျပြီး နေကောင်းသွားပါတယ်။

၉၉ နှစ်က ကိုဗစ် ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ အံ့ဩဖို့ကောင်းပါတယ်။ လေ့လာကြည့်တဲ့ အခါ အချက် ၃ ချက်တွေ့ ပါတယ်။ ၁။ မာမီ ရဲ့ သူနာပြုက လည်း positive ဖြစ်လို့ သူနာပြုက အနီးကပ်ပြုစု ခွင့်ရပါတယ်။

အောက်ဆီဂျင်ကို တချိန်လုံး တိုင်းနေပြီး ၉၅ အောက် ရောက်တာနှင့် oxygen generator နှင့် ပေးပါတယ်။ သူ့ ကျေးဇူးက ကြီးပါတယ်။ ၂။ ဆရာဝန် ဖြစ်တဲ့ ညီမလေး နှင့် ညီ (သြစတြေးလျ) က အဝေးကနေ အချိန် နှင့် တပြေးညီ လုပ်ဆောင်ရမှာတွေကို ညွှန်ကြားပေးပါတယ်။ သူနာပြုက လုပ်ပါတယ်။

၃။ အရေးကြီးဆုံးအချက်ပါ။ စိတ်ပိုင်းဆိုင်ရာ နှင့်ဆိုင်ပါတယ်။ Mummy ကို အခြေမပျက် အိမ်မှာပဲ ထားဖို့ Dr Pe Thet Khin နှင့် Dr Zaw Wai Soe တို့က ကူညီခဲ့ပါတယ်။ ဒီဆရာတွေကို အထူးကျေးဇူးတင်ပါတယ်။ Mummy က ကိုဗစ်ဆိုတာ ဘာမှန်းမသိသလို သူ ကိုဗစ် ဖြစ်နေမှန်းလည်း မသိတာက Mummy အသက်ကို ကယ်သွားတာပါ။

ဆေးရုံတက်ရလို့ အခြေပျက်သွားရင် Mummy ဘာဖြစ်မယ် မပြောနိုင်ပါ။ ကိုဗစ်ဖြစ်တဲ့ လူနာတွေ ဘေးမှာ အထူးသဖြင့် အသက်ကြီးသူတွေအတွက် အနားမှာ အားပေး စောင့်ရှောက် မည့်သူတွေလိုပါတယ်။ အခုတော့ ကျန်းမာရေးဝန်ကြီးဌာန MOHS က ခွင့်ပြုပေးတယ် လို့ သိရပါတယ်။ သိပ်ကောင်းတဲ့ အစီ အစဉ်ပါ။

ကျွန်တော့်ရဲ့ မြန်မာ့ရေနံက မိတ်ဆွေ အသက် ၇၂ နှစ် ကိုဗစ် နှင့် ကွယ်လွန်သွားပါတယ်။ ဂေါက်သီးရိုက် အင်မတန် ကောင်းပြီး ကျန်းမာရေး နှင့်ပြည့်စုံသူပါ။ ဆေးရုံကို တယောက်တည်းတက်ရတဲ့ အခါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မထားရင် ထိခိုက်မှုတွေများနိုင်ပါတယ်။ ကိုဗစ်က သင့်အနားမှာပါ။ ကြိုတင်ပြင်ဆင်ထားပါ။

Crd Kyaw Kyaw Hlaing

Leave a Reply

Your email address will not be published. Required fields are marked *