ေဒၚစုေျပာတဲ့ သား ထိန္လင္း လူမိုက္ႀကီး အေမ့စကားနားမေထာင္လို႔ ဒီလိုအျဖစ္ဆိုးနဲ႔ ေ -သရတာတဲ့

Zawgyi ျဖင့္ဖတ္ရန္

ေဒၚစုေျပာတဲ့ သား ထိန္လင္း လူမိုက္ႀကီး အေမ့စကားနားမေထာင္လို႔ ဒီလိုအျဖစ္ဆိုးနဲ႔ ေ -သရတာတဲ့ (အေမတစ္ေယာက္ရဲ႕ရင္တြင္းက အပူေသာက)

သား ထိန္လင္း .. လူမိုက္ႀကီး …အေမ့စကားနားမေထာင္လို႔ ဒီလိုအျဖစ္ဆိုးနဲ႔ ေသရတာ ..‘ လူဆိုတာ အထက္ေရာက္ေနရင္ မနာလိုျဖစ္ၿပီး မလိုသူမ်ားက မေကာင္းႀကံစည္တတ္တယ္ … အစစ အရာရာ သတိထားပါ ‘ လို႔

အေမေျပာတုန္းက မင္းက လက္မခံဘူးေလ . . .‘ဗ်ာ .. ဘုရားေတာင္မွ အတိုက္အခံ ရွိေသးတာပဲ ၊ကိုယ္ကသာ လမ္းမွန္ဖက္ကေနၿပီး …..အေၾကာင္းမွန္ကို လက္ကိုင္ထားရင္ ဘာမွေၾကာက္စရာ မလိုပါဘူး . စစ္တိုက္တုန္းကေတာင္ မေသခဲ့တာ ..မပူပါနဲ႔ ‘ တဲ့ ..ဟင္ ….ခုေတာ့ မင္းေျပာသလို တိုက္ပြဲၾကားက က်ည္ဆံေတြေၾကာင့္ က်ဆုံးရတာ မဟုတ္ပဲ…

‘မနာလိုျခင္း က်ည္ဆံေတြ ‘ အသင့္ခံလိုက္ရၿပီမို႔လား … ‘‘ သမီးေလးအတြက္ ခမည္းေလးေပးခ်င္လို႔ပါ..ဆိုၿပီး အေမ့ဆီကို နားကဒ္ကေလး လာေတာင္းခဲ့တဲ့ သားႀကီး . . .တျပားတခ်ပ္မွ မရပဲ တိုင္းျပည္အတြက္ အလုပ္ လုပ္ရင္း အသက္ပါ စြန႔္ခဲ့ရပီေပါ့ ထိန္လင္းရယ္ ..”

ဗိုလ္ခ်ဳပ္အေမ အဖြားစုဟာ ဗိုလ္ခ်ဳပ္အေလာင္းကို ေတြေတြႀကီး ၾကည့္ရင္း ဂ႐ုဏာေဒါေသာနဲ႔….ဗိုလ္ခ်ဳပ္ရဲ႕ အမည္ေအာင္ဆန္းကို မေခၚပဲ ငယ္နာမည္ ထိန္လင္းကိုပဲ တဖြဖြ႐ြက္ဆိုရင္း ေျပာဆိုေနတာဟာ ျမင္ရၾကားရသူအဖို႔ ရင္နင့္ ေၾကကြဲစရာ ျမင္ကြင္းေလးပါ ။၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔မွာ က်ဆုံး သြားၾကတဲ့ အာဇာနည္ ၉ ဦးမွာ အဖြားစုရဲ႕ ဝမ္းဗိုက္ထဲက ညီအကို အရင္းႏွစ္ေယာက္ ပါဝင္သြားခဲ့တာပါ ။

အဖြားစု အားကိုးရတဲ့ သားအႀကီး ဦးဘဝင္းရယ္ ၊ အဖြားစု အခ်စ္ဆုံး အေထြးဆုံး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရယ္ တို႔ပါပဲ ။ဗိုလ္ခ်ဳပ္က က်ည္ဆံ ၁၃ ခ်က္ ၊ အကိုႀကီးျဖစ္တဲ့ ဦးဘဝင္းက က်ည္ဆံ ၈ ခ်က္ သင့္ၿပီး အတြင္းဝန္႐ုံးရဲ႕ အစည္းအေဝး ခန္းမထဲမွာ က်ဆုံးခဲ့ရရွာပါတယ္ ။ဗိုလ္ခ်ဳပ္အသက္က ၃၂ ႏွစ္ ၊ ဦးဘဝင္းအသက္က ၄၄ ႏွစ္ပဲ ရွိပါေသးတယ္ ။သားႏွစ္ေယာက္လုံး အသတ္ခံလိုက္ရတဲ့ အေၾကာင္းၾကားရတဲ့ မိခင္တေယာက္ရဲ႕ ရင္တြင္းက အပူေသာကကို ကိုယ္ခ်င္းစာ သနားမိပါတယ္ ။

နတ္ေမာက္ကေန ရန္ကုန္ကို မိခင္ေသာကအပူေတြနဲ႔ လိုက္လာမွာ ျမင္ေယာင္မိပါတယ္ ။သူ႔ခမ်ာ မုဆိုးမႀကီးေလ . . . ။ ေဖးမေပးမည့္ ေယာက်ၤားသားကလည္း ေဘးမွာ မရွိ ။ဗိုလ္ခ်ဳပ္ရဲ႕အေဖ ေရွ႕ေနႀကီး ဦးဖာက ဗိုလ္ခ်ဳပ္ ၁၆ ႏွစ္သား( ၁၀ တန္းေက်ာင္းသား)ကတည္းက ကြယ္လြန္သြားခဲ့တာပါ ။ပုဂံရာဇဝင္မွာ သားေတြ အသတ္ခံရလို႔ပုပၸါးကေန ေတာင္ၿပဳံးကို မနားတမ္း အေျပးလာရင္း အမရပူရမွာ ရင္ကြဲၿပီး ေသရွာတဲ့ မယ္ဝ႑ေလးရဲ႕ ေသာကအပူထက္ နိမ့္ရွာမယ္မထင္ပါဘူး ။

ဈာပနကိစၥေတြၿပီးလို႔ နတ္ေမာက္ကိုျပန္ဖို႔ ဘူတာမွာ ရထားေစာင့္ေနတုန္း ျဖစ္ရပ္ကေလးကိုလည္း တင္ျပခ်င္ပါတယ္ ။ဇူလိုင္မိုးကေလးကလည္း တဖြဲဖြဲ ..အဖြားစုမ်က္ဝန္းအိမ္မွာလည္းမ်က္ရည္ေတြ ဝဲရွာေနလိမ့္မယ္ ။သူခ်စ္တဲ့သူ႔သားႀကီးေတြကို တသက္တာ ျပန္မေတြ႕ၾကရေတာ့ပဲ ရန္ကုန္မွာအၿပီး ထားရစ္ခဲ့ရၿပီကိုး ။ဘူတာ႐ုံက ခုံကေလးေပၚမွာ အဖြားစု ေငးေနတုန္း အဖိုးႀကီးတေယာက္ဟာ အဖြားစုနားကပ္လာၿပီးကန္ေတာ့ခြင့္ေတာင္းပါတယ္ ။

အဖြားစုက. . .’ မင္းက ငါ့ထက္ေတာင္ ႀကီးမယ္ထင္တယ္ကြဲ႕ ငရဲေတြႀကီးေနပါ့မယ္ကြယ္’ ..လို႔ေျပာေပမဲ့ ..အဲဒီဦးႀကီးက . . .” ကြၽန္ေတာ္ကန္ေတာ့တာဟာ ေဒၚစုရဲ႕အသက္ကို ကန္ေတာ့တာ မဟုတ္ပါဘူးဗ်ာ….ဗိုလ္ခ်ဳပ္လိုပုဂၢိဳလ္မ်ိဳးကို ေမြးဖြားေပးခဲ့တဲ့ ေဒၚစုရဲ႕’ ဗိုက္ ‘ကိုၾကည္ညိဳ ေလးစား ျမတ္ႏိုးလြန္းလို႔ ကန္ေတာ့တာပါ ” လို႔ေျပာၿပီး ႐ို႐ိုေသေသနဲ႔ ထိုင္ ကန္ေတာ့သြားခဲ့ပါတယ္ ။

ဘူတာထဲမွာ သူတို႔ျဖစ္စဥ္ကို ဝိုင္းၾကည့္ေနၾကတဲ့ သူေတြအားလုံးလည္း ဇူလိုင္မိုးနဲ႔အတူ မ်က္ရည္ေတြ ၿဖိဳင္ခဲ့ၾကရတယ္ေပါ့ .. ။( စြန႔္လႊတ္အနစ္နာခံရင္း တိုင္းျပည္အတြက္အလုပ္လုပ္ေနၾကသူေတြ အားလုံး . . .’ မနာလိုျခင္း က်ည္ဆံေတြ ‘ ကင္းေဝးၾကပါေစ….)။

Credit …..orginal writer

Unicode ျဖင့္ဖတ္ရန္

ဒေါ်စုပြောတဲ့ သား ထိန်လင်း လူမိုက်ကြီး အမေ့စကားနားမထောင်လို့ ဒီလိုအဖြစ်ဆိုးနဲ့ ေ -သရတာတဲ့ (အမေတစ်ယောက်ရဲ့ရင်တွင်းက အပူသောက)

သား ထိန်လင်း .. လူမိုက်ကြီး …အမေ့စကားနားမထောင်လို့ ဒီလိုအဖြစ်ဆိုးနဲ့ သေရတာ ..‘ လူဆိုတာ အထက်ရောက်နေရင် မနာလိုဖြစ်ပြီး မလိုသူများက မကောင်းကြံစည်တတ်တယ် … အစစ အရာရာ သတိထားပါ ‘ လို့

အမေပြောတုန်းက မင်းက လက်မခံဘူးလေ . . .‘ဗျာ .. ဘုရားတောင်မှ အတိုက်အခံ ရှိသေးတာပဲ ၊ကိုယ်ကသာ လမ်းမှန်ဖက်ကနေပြီး …..အကြောင်းမှန်ကို လက်ကိုင်ထားရင် ဘာမှကြောက်စရာ မလိုပါဘူး . စစ်တိုက်တုန်းကတောင် မသေခဲ့တာ ..မပူပါနဲ့ ‘ တဲ့ ..ဟင် ….ခုတော့ မင်းပြောသလို တိုက်ပွဲကြားက ကျည်ဆံတွေကြောင့် ကျဆုံးရတာ မဟုတ်ပဲ…

‘မနာလိုခြင်း ကျည်ဆံတွေ ‘ အသင့်ခံလိုက်ရပြီမို့လား … ‘‘ သမီးလေးအတွက် ခမည်းလေးပေးချင်လို့ပါ..ဆိုပြီး အမေ့ဆီကို နားကဒ်ကလေး လာတောင်းခဲ့တဲ့ သားကြီး . . .တပြားတချပ်မှ မရပဲ တိုင်းပြည်အတွက် အလုပ် လုပ်ရင်း အသက်ပါ စွန့်ခဲ့ရပီပေါ့ ထိန်လင်းရယ် ..”

ဗိုလ်ချုပ်အမေ အဖွားစုဟာ ဗိုလ်ချုပ်အလောင်းကို တွေတွေကြီး ကြည့်ရင်း ဂရုဏာဒေါသောနဲ့….ဗိုလ်ချုပ်ရဲ့ အမည်အောင်ဆန်းကို မခေါ်ပဲ ငယ်နာမည် ထိန်လင်းကိုပဲ တဖွဖွရွက်ဆိုရင်း ပြောဆိုနေတာဟာ မြင်ရကြားရသူအဖို့ ရင်နင့် ကြေကွဲစရာ မြင်ကွင်းလေးပါ ။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံး သွားကြတဲ့ အာဇာနည် ၉ ဦးမှာ အဖွားစုရဲ့ ဝမ်းဗိုက်ထဲက ညီအကို အရင်းနှစ်ယောက် ပါဝင်သွားခဲ့တာပါ ။

အဖွားစု အားကိုးရတဲ့ သားအကြီး ဦးဘဝင်းရယ် ၊ အဖွားစု အချစ်ဆုံး အထွေးဆုံး ဗိုလ်ချုပ်အောင်ဆန်းရယ် တို့ပါပဲ ။ဗိုလ်ချုပ်က ကျည်ဆံ ၁၃ ချက် ၊ အကိုကြီးဖြစ်တဲ့ ဦးဘဝင်းက ကျည်ဆံ ၈ ချက် သင့်ပြီး အတွင်းဝန်ရုံးရဲ့ အစည်းအဝေး ခန်းမထဲမှာ ကျဆုံးခဲ့ရရှာပါတယ် ။ဗိုလ်ချုပ်အသက်က ၃၂ နှစ် ၊ ဦးဘဝင်းအသက်က ၄၄ နှစ်ပဲ ရှိပါသေးတယ် ။သားနှစ်ယောက်လုံး အသတ်ခံလိုက်ရတဲ့ အကြောင်းကြားရတဲ့ မိခင်တယောက်ရဲ့ ရင်တွင်းက အပူသောကကို ကိုယ်ချင်းစာ သနားမိပါတယ် ။

နတ်မောက်ကနေ ရန်ကုန်ကို မိခင်သောကအပူတွေနဲ့ လိုက်လာမှာ မြင်ယောင်မိပါတယ် ။သူ့ခမျာ မုဆိုးမကြီးလေ . . . ။ ဖေးမပေးမည့် ယောင်္ကျားသားကလည်း ဘေးမှာ မရှိ ။ဗိုလ်ချုပ်ရဲ့အဖေ ရှေ့နေကြီး ဦးဖာက ဗိုလ်ချုပ် ၁၆ နှစ်သား( ၁၀ တန်းကျောင်းသား)ကတည်းက ကွယ်လွန်သွားခဲ့တာပါ ။ပုဂံရာဇဝင်မှာ သားတွေ အသတ်ခံရလို့ပုပ္ပါးကနေ တောင်ပြုံးကို မနားတမ်း အပြေးလာရင်း အမရပူရမှာ ရင်ကွဲပြီး သေရှာတဲ့ မယ်ဝဏ္ဍလေးရဲ့ သောကအပူထက် နိမ့်ရှာမယ်မထင်ပါဘူး ။

ဈာပနကိစ္စတွေပြီးလို့ နတ်မောက်ကိုပြန်ဖို့ ဘူတာမှာ ရထားစောင့်နေတုန်း ဖြစ်ရပ်ကလေးကိုလည်း တင်ပြချင်ပါတယ် ။ဇူလိုင်မိုးကလေးကလည်း တဖွဲဖွဲ ..အဖွားစုမျက်ဝန်းအိမ်မှာလည်းမျက်ရည်တွေ ဝဲရှာနေလိမ့်မယ် ။သူချစ်တဲ့သူ့သားကြီးတွေကို တသက်တာ ပြန်မတွေ့ကြရတော့ပဲ ရန်ကုန်မှာအပြီး ထားရစ်ခဲ့ရပြီကိုး ။ဘူတာရုံက ခုံကလေးပေါ်မှာ အဖွားစု ငေးနေတုန်း အဖိုးကြီးတယောက်ဟာ အဖွားစုနားကပ်လာပြီးကန်တော့ခွင့်တောင်းပါတယ် ။

အဖွားစုက. . .’ မင်းက ငါ့ထက်တောင် ကြီးမယ်ထင်တယ်ကွဲ့ ငရဲတွေကြီးနေပါ့မယ်ကွယ်’ ..လို့ပြောပေမဲ့ ..အဲဒီဦးကြီးက . . .” ကျွန်တော်ကန်တော့တာဟာ ဒေါ်စုရဲ့အသက်ကို ကန်တော့တာ မဟုတ်ပါဘူးဗျာ….ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးကို မွေးဖွားပေးခဲ့တဲ့ ဒေါ်စုရဲ့’ ဗိုက် ‘ကိုကြည်ညို လေးစား မြတ်နိုးလွန်းလို့ ကန်တော့တာပါ ” လို့ပြောပြီး ရိုရိုသေသေနဲ့ ထိုင် ကန်တော့သွားခဲ့ပါတယ် ။

ဘူတာထဲမှာ သူတို့ဖြစ်စဉ်ကို ဝိုင်းကြည့်နေကြတဲ့ သူတွေအားလုံးလည်း ဇူလိုင်မိုးနဲ့အတူ မျက်ရည်တွေ ဖြိုင်ခဲ့ကြရတယ်ပေါ့ .. ။( စွန့်လွှတ်အနစ်နာခံရင်း တိုင်းပြည်အတွက်အလုပ်လုပ်နေကြသူတွေ အားလုံး . . .’ မနာလိုခြင်း ကျည်ဆံတွေ ‘ ကင်းဝေးကြပါစေ….)။

Credit …..orginal writer

Leave a Reply

Your email address will not be published. Required fields are marked *