
Zawgyi ဖြင့်ဖတ်ရန်








Unicode ဖြင့်ဖတ်ရန်

“ ပုဂံမှ QR ကုတ် ပုံသဏ္ဍာန်ရှိတဲ့ လူအရောက် အပေါက်နည်းပြီး ထူးခြားသော နေရာတစ်ခု ”

လူအရောက် အပေါက်နည်းတဲ့ ပုဂံမှာ ရှိတဲ့ နေရာ တစ်ခု ရေကန်လိုလို ဘာလိုလို ကျောက်တုံးကြီး တစ်ခုကို ထွင်းထားတာ တစ်ဖက်မှာ တော့ ပုဂံခေတ်က အုတ်တွေလို ပဲ ရှေ့ဟောင်း အုတ်တွေ တွေ့ရတယ် ထူးဆန်းနေတာက ဒီကျောက်တုံး ပေါ်မှာ ဘယ်သူထွင်းထု ခဲ့တာလဲ မသိတဲ့ QR Code ပုံစံလိုလို

အလယ်မှာကတော့ နာဇီ logo နဲ့ လည်းတူသလိုလို ဘယ်သူတွေက ဒါကိုဘာအတွက်လုပ်ထားလဲ ဆိုတာတော့ မသိဘူးဗျာ လုပ်ထားတာ ကတော့သေသေသပ်သပ်ပဲ တချို့နေရာလေးတွေကတော့ ပျက်စီးနေပြီဝင်္ကဘာ ပတ်လမ်းလား ဘာလား ? ဒီဘက် ခေတ်မှ ဒါကို ထွင်းထားတာ မဟုတ်တာတော့ သေချာလောက်တယ် အားအားယားယား ဘယ်သူကမှာ ဒီတောင်ပေါ်ကို တက်ပြီး လုပ်မှာတော့ မဟုတ်ဘူးး

Alien လုပ်ခဲ့တာလား အရင် ဒီနေရာက ဘာကြီးလဲ ?ဓမ္မရံကြီး ဘုရားတောင် Egypt က ပိရစ်မစ်တွေ နဲ့ ပုံစံတူလို့အလောင်စည်သူမင်း စီးခဲ့တဲ့ ဖောင်စကြာယာဉ် က UFO လို့ပြောတာတွေ ရှိခဲ့ဖူးတယ်ဆိုတော့ နာဆာအဖွဲ့အစည်းထံမှ လျိုဝှက်စွာပေါက်ကြားလာတဲ့ဓါတ်ပုံ များထဲ မှာ ဓမ္မံရံကြီးဘုရားဓါတ်ပုံပါဝင်တယ်ဆိုတာတော့ ဟုတ်တယ် ပုဂံ ဘုရားတွေ ပေါ်မှာ UFO ပျံဝဲတယ် ဘာတယ် ဆိုတာကတော့ ယုံတမ်းစကားလား ဘာလား သေချာမသိဘူး

Egypt မှာ တွေ့ခဲ့တဲ့ရှေ့ဟောင်း ရုပ်ထု လေးလဲ အောက်ဆုံးမှာပြထားတယ် ကျွန်တော်တို့တွေ အခုသုံးနေတဲ့ QR Code ဆိုတာအဲ့ ရုပ်ထုကနေ ပုံစံကို copy ယူထားတာလို့ ဖတ်ဖူးပါတယ်။အခုဒါက ဘာမှန်တော့ မသိဘူး စိတ်ဝင်စားစရာတော့ကောင်းတယ်ဒီနေရာကို ကျွန်တော်သိတာကတော့ ကြာနေပြီ တချို့လူတွေလဲဒီနေရာကို သွားတယ် ဓာတ်ပုံရိုက်ကျတယ် လူသိတော့ နည်းတယ်။

ဒီနေရာက တုရင်တောင် ဘုရားကြီး ရဲ့ တောင်ဘက်မှာ ရှိပါတယ်Google ကနေလဲ နေရာကိုပြထားပါတယ်နော်။ပုဂံရောက်လို့ စိတ်ဝင်စားရင်တော့ သွားကြည့်ပါ ဆိုင်ကယ်နဲ့ဆိုပို အဆင်ပြေပါတယ်။

#HlaThanAung #Baganlover_Horsecart_Rental

Leave a Reply

Your email address will not be published. Required fields are marked *