ဖခင်ဖြစ်သူနဲ့အတူ လေ့ကျင့်ရေးလုပ်ချင်နေပြီး အောင်လနဲ့တစ်ပုံတည်းဆိုတဲ့ အောင်လအန်ဆန်ရဲ့သမီးလေး

ဖခင်ဖြစ်သူနဲ့အတူ လေ့ကျင့်ရေးလုပ်ချင်နေပြီး အောင်လနဲ့တစ်ပုံတည်းဆိုတဲ့ အောင်လအန်ဆန်ရဲ့သမီးလေး

ပရိသတ်ကြီးရေ နိုင်ငံအလယ်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အောင်လအန်ဆန် ကတော့ အောင်မြင်မှုတွေကို ရရှိထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်က နိုင်ငံခြားသူလေးနဲ့သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေး အန့်ဆိုင်းနှစ်ယောက်ကလည်း ဖေဖေမေမေတို့အပြင် အောင်လအန်ဆန်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ချစ်နေရတာဖြစ်ပါတယ်။

အောင်လအန်ဆန် ကတော့ သူဝါသနာပါရာ အားကစားကို ယုံကြည်မှုရှိရှိ လုပ်ဆောင်နေသလို သူ့ရဲ့ မိသားစုလေးကို အချိန်ပြည့်ဂရုစိုက်ပြီး ပျော်ရွှင်မှုလေးတွေကိုလည်း ဖန်တီးပေးကာ တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ မိသားစုလေးကိုလည်း ပရိသတ်တွေချစ်အားပိုအောင် လှုပ်ရှားမှု့လေးတွေ ဖော်ပြပေးပါတယ်။ ယခုမှာတော့ အောင်လန်အန်ဆန်က သူ့ရဲ့အဖွဲ့သားတွေနဲ့ လေ့ကျင့်ရေးပြုလုပ်နေရင်း သမီးလေးအန့်ဆိုင်းရဲ့ ချစ်စရာအပြုအမူလေးကို ဖော်ပြလာခဲ့ပါတယ်။

ဒီပုံလေးနဲ့လည်း အောင်လအန်ဆန် က ” သောကြာနေ့ညမှာပြုလုပ်တဲ့၊ခွန်အားနဲ့ကြံခိုင်မှုအတွက်လေ့ကျင့်ခန်းတွေမှာ၊သမီးလေးဆန့်ဆိုင်းကကျွန်တော်တို့နဲ့ အတူပူးပေါင်းလေ့ကျင့်ချင်နေပါတယ်”ဆိုပြီး ရေးသားထားပါတယ်။

သမီးလေး အန့်ဆိုင်းက ဖခင်လေ့ကျင့်ရေးလုပ်နေသလို အရှေ့ကနေပြီး လက်ကလေးဟန်ပြလုပ်နေတာကတော့ ချစ်စရာကောင်းလောက်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ ဖခင်နဲ့အတူ လေ့ကျင့်ချင်နေတဲ့ သမီးအန့်ဆိုင်းရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

crd-မူရင်းတင်သူအားလေးစားစွာဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *