စိန္ပြင့္ေလးတစ္ခု ေ႐ြးၿပီး သင့္အခ်စ္ေရးသာယာဖို႔ ျပင္ရမယ့္အခ်က္တစ္ခ်က္ကို ေျပာျပေပးမယ္

စိန္ပြင့္ေလးတစ္ခု ေ႐ြးၿပီး သင့္အခ်စ္ေရးသာယာဖို႔ ျပင္ရမယ့္အခ်က္တစ္ခ်က္ကို ေျပာျပေပးမယ္

(၁) ေငြေရာင္စိန္ပြင့္

အခ်စ္ေရးမွာသာယာေပ်ာ္႐ႊင္ဖို႔ဆိုရင္ေတာ့ သင့္အေနနဲ႔ ရင့္က်က္မွရပါလိမ့္မယ္။ ရင့္က်က္တယ္ဆိုတာ အေနအထိုင္အျပဳအမူကို ဆိုလိုတာမဟုတ္ဘဲ စိတ္ဓာတ္ကိုပါ။

သင့္ခ်စ္သူက သူ႔ရဲ႕ ဘဝတစ္ခုလုံးကို ရင့္က်က္တည္ၿငိမ္တဲ့ ပါရမီျဖည့္ဖက္ေကာင္းတစ္ေယာက္ကို လက္တြဲၿပီး ဘဝရဲ႕ပန္းတိုင္ေတြကို အတူတူပန္းဝင္ခ်င္တာပါတဲ့ေနာ္။

(၂) မိုးျပာေရာင္စိန္ပြင့္

သင္တို႔ႏွစ္ေယာက္ၾကားမွာ ေဖာ္ေ႐ြမႈလိုအပ္ေနပါတယ္။ တရင္းတႏွီးရွိမႈေတြ၊ အခ်ိန္ေပးဖို႔ေတြ၊ ၾကင္ၾကင္နာနာဆက္ဆံဖို႔ေတြ စသျဖင့္ေပါ့။ လြယ္လြယ္ေျပာရရင္ သမီးရည္းစားလိုဆက္ဆံေပးပါ

လူတစ္ေယာက္ဟာ သူမ်ားအတြက္ႀကီးပဲ အခ်ိန္ေပးရမယ္လို႔မဆိုလိုေပမယ့္ ကြၽန္ေတာ္တို႔ဟာ ဒီလူသားနဲ႔အတူတူရွိေနဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီးမွေတာ့ သူတို႔ကို

ခ်စ္ခင္ၾကင္နာယုယရပါေတာ့မယ္မဟုတ္လား။

(၃) အစိမ္းေရာင္စိန္ပြင့္

အခ်စ္ေရးေလးသာသာယာယာျဖစ္ေစခ်င္ရင္ေတာ့ သင့္ရဲ႕သဝန္တိုမႈေတြကို ေလွ်ာ့ေပးဖို႔ပဲလိုအပ္ပါတယ္။ ခ်စ္သူခ်င္းကေတာ့ သဝန္တိုတာေတြဘာေတြရွိမွာပဲ။ ဒါေပမဲ့ အလကားေန အလကား

အလြန္အၾကဴး သဝန္တိုတာကိုေတာ့ ဘယ္သူမွ လက္ခံႏိုင္မွာမဟုတ္ပါဘူး။ တစ္ဖက္လူက အေနမွန္ၿပီး လူႀကီးဆန္ေနရင္ ပိုလို႔ေတာင္ဆိုး။ ၾကာလာရင္ အႀကီးအက်ယ္ေပါက္ကြဲၿပီး သင့္ကိုထားသြားလိမ့္မယ္ေနာ္။

(၄) ပန္းေရာင္စိန္ပြင့္

အတိတ္ကျဖစ္ရပ္ေတြေၾကာင့္ သင္ဟာ ခဲမွန္ဖူးတဲ့စာသူငယ္ဆိုတဲ့အတိုင္း ဘယ္သူ႔ကိုမွ မယုံၾကည္ေတာ့ဘူး၊ ခ်စ္လို႔လည္းမရေတာ့ဘူး၊ လူတစ္ေယာက္နဲ႔ ရည္ရွည္ခ်စ္သူေတာ္ဖို႔ဆိုတာ ဝန္ေလးေနလိမ့္မယ္။

ဒီလိုစိတ္ေတြေၾကာင့္ အခုသူမွ မဟုတ္ဘူး၊ ဘယ္သူနဲ႔ပဲ တြဲတြဲ သင့္အခ်စ္ေရးဟာ အလုံးစုံေပ်ာ္႐ႊင္ႏိုင္မွာမဟုတ္ပါဘူး။ ဒီေတာ့ အေကာင္းဆုံးက စိတ္ကိုေသခ်ာျပင္ဆင္ပါ။ လူတိုင္းဟာ အရင္တစ္ေယာက္လို မဟုတ္ဘူးဆိုတာ ႏွလုံးသြင္းပါ။

သင့္အေနနဲ႔ တကယ္လိုလိုလားလား ခ်စ္သူထားခ်င္မွ လူတစ္ေယာက္ကို ဘဝထဲကို ေခၚသြင္းပါ။ မဟုတ္ရင္ သူေရာကိုယ္ပါ မေပ်ာ္မ႐ႊင္ျဖစ္ေနရပါလိမ့္မယ္။

credit to lotaya

Unicode
စိန်ပွင့်လေးတစ်ခု ရွေးပြီး သင့်အချစ်ရေးသာယာဖို့ ပြင်ရမယ့်အချက်တစ်ချက်ကို ပြောပြပေးမယ်

(၁) ငွေရောင်စိန်ပွင့်

အချစ်ရေးမှာသာယာပျော်ရွှင်ဖို့ဆိုရင်တော့ သင့်အနေနဲ့ ရင့်ကျက်မှရပါလိမ့်မယ်။ ရင့်ကျက်တယ်ဆိုတာ အနေအထိုင်အပြုအမူကို ဆိုလိုတာမဟုတ်ဘဲ စိတ်ဓာတ်ကိုပါ။

သင့်ချစ်သူက သူ့ရဲ့ ဘဝတစ်ခုလုံးကို ရင့်ကျက်တည်ငြိမ်တဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ကို လက်တွဲပြီး ဘဝရဲ့ပန်းတိုင်တွေကို အတူတူပန်းဝင်ချင်တာပါတဲ့နော်။

(၂) မိုးပြာရောင်စိန်ပွင့်

သင်တို့နှစ်ယောက်ကြားမှာ ဖော်ရွေမှုလိုအပ်နေပါတယ်။ တရင်းတနှီးရှိမှုတွေ၊ အချိန်ပေးဖို့တွေ၊ ကြင်ကြင်နာနာဆက်ဆံဖို့တွေ စသဖြင့်ပေါ့။ လွယ်လွယ်ပြောရရင် သမီးရည်းစားလိုဆက်ဆံပေးပါ။

လူတစ်ယောက်ဟာ သူများအတွက်ကြီးပဲ အချိန်ပေးရမယ်လို့မဆိုလိုပေမယ့် ကျွန်တော်တို့ဟာ ဒီလူသားနဲ့အတူတူရှိနေဖို့ ရွေးချယ်ခဲ့ပြီးမှတော့ သူတို့ကို ချစ်ခင်ကြင်နာယုယရပါတော့မယ်မဟုတ်လား။

(၃) အစိမ်းရောင်စိန်ပွင့်

အချစ်ရေးလေးသာသာယာယာဖြစ်စေချင်ရင်တော့ သင့်ရဲ့သဝန်တိုမှုတွေကို လျှော့ပေးဖို့ပဲလိုအပ်ပါတယ်။ ချစ်သူချင်းကတော့ သဝန်တိုတာတွေဘာတွေရှိမှာပဲ။ ဒါပေမဲ့ အလကားနေ အလကား

အလွန်အကြူး သဝန်တိုတာကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။ တစ်ဖက်လူက အနေမှန်ပြီး လူကြီးဆန်နေရင် ပိုလို့တောင်ဆိုး။ ကြာလာရင် အကြီးအကျယ်ပေါက်ကွဲပြီး သင့်ကိုထားသွားလိမ့်မယ်နော်။

(၄) ပန်းရောင်စိန်ပွင့်

အတိတ်ကဖြစ်ရပ်တွေကြောင့် သင်ဟာ ခဲမှန်ဖူးတဲ့စာသူငယ်ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး၊ ချစ်လို့လည်းမရတော့ဘူး၊ လူတစ်ယောက်နဲ့ ရည်ရှည်ချစ်သူတော်ဖို့ဆိုတာ ဝန်လေးနေလိမ့်မယ်။

ဒီလိုစိတ်တွေကြောင့် အခုသူမှ မဟုတ်ဘူး၊ ဘယ်သူနဲ့ပဲ တွဲတွဲ သင့်အချစ်ရေးဟာ အလုံးစုံပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အကောင်းဆုံးက စိတ်ကိုသေချာပြင်ဆင်ပါ။ လူတိုင်းဟာ အရင်တစ်ယောက်လို မဟုတ်ဘူးဆိုတာ နှလုံးသွင်းပါ။

သင့်အနေနဲ့ တကယ်လိုလိုလားလား ချစ်သူထားချင်မှ လူတစ်ယောက်ကို ဘဝထဲကို ခေါ်သွင်းပါ။ မဟုတ်ရင် သူရောကိုယ်ပါ မပျော်မရွှင်ဖြစ်နေရပါလိမ့်မယ်။
credit to lotaya

Leave a Reply

Your email address will not be published. Required fields are marked *