တကယ္ ခ်မ္းသာခ်င္ရင္ မျဖစ္ မ ေန လုပ္ရမယ့္ အရာ(၅) ခု

တကယ္ ခ်မ္းသာခ်င္ရင္ မျဖစ္ မ ေန လုပ္ရမယ့္ အရာ(၅) ခု

လူတိုင္းက ေတာ့ ခ်မ္းသာခ်င္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ခ်မ္းသာတဲ့သူကေတာ့ လူနည္းစုသာ ရွိပါတယ္။ လူတိုင္း မဆင္းရဲခ်င္ၾကပါဘူး။ ဒါေပမယ့္ ဆင္းရဲတဲ့သူေတြက

သန္းနဲ႔ခ်ီရွိေနၾကပါတယ္။ ဒါ့ျဖင့္ လူတိုင္းနီးပါး ဘာလို႔ဆင္းရဲေနတာလဲ၊ ဒါမွမဟုတ္ လူတိုင္းနီးပါး ဘာလို႔ မခ်မ္းသာတာလဲ … ?။ ေအာက္မွာ ေဖာ္ျပမယ့္အခ်က္ေတြကေတာ့

ခ်မ္းသာလိုသူေတြ မျဖစ္ မ ေန လုပ္ရမယ့္ အရာ(၅)ခုျဖစ္ပါတယ္။ ခ်မ္းသာခ်င္တဲ့သူေတြအတြက္ ျပန္လည္မွ်ေဝလိုက္ပါဦးေနာ္။

(၁) မပ်င္းနဲ႔

ခ်မ္းသာခ်င္ရင္ မပ်င္းပါနဲ႔။ ပ်င္းတဲ့သူေတြဟာ မခ်မ္းသာၾကပါဘူး။ ဒါဆို တစ္ခ်ိဳ႕သူေဌးႀကီးေတြ ဘာမွအလုပ္ လုပ္စရာမလိုဘူး သူတို႔တစ္ေတြရဲ႕ အလုပ္ခ်ိန္ဟာ အလြန္နည္းပါတယ္။ ပ်င္းေနတယ္ဆိုရင္ ဘာမွမလုပ္ပဲနဲ႔ ထိုင္စားေနလို႔ရတယ္။ သူတို႔ကေတာ့ ဘာလို႔ ပ်င္းရတာလဲဆိုေတာ့ … သူတို႔မွာ ပစၥည္းဥစၥာလုံေလာက္ၿပီးသားျဖစ္လို႔ ပ်င္းခ်င္တဲ့အခ်ိန္ ပ်င္းလို ႔ရပါတယ္

။သူတို႔ဟာ လုပ္ငန္း အသီးသီးမွာ ကိုယ္ခြဲေတြ ထားရွိႏိုင္လို႔ ဒီေန႔ ပ်င္းလို႔အားမရရင္ ေနာက္ထပ္ တစ္လေလာက္ ပ်င္းခ်င္ ပ်င္းေနလို႔ ရပါေသးတယ္။ ဒီလို ပ်င္းလို႔ ရ ေအာင္ သူတို႔တစ္ေတြဟာ ဒီ မတိုင္ခင္က ဘယ္ေလာက္အလုပ္လုပ္ခဲ့ရသလဲဆိုတာ သင္ သိႏိုင္မွာ မဟုတ္ပါဘူး။ ဒီေတာ့ ခ်မ္းသာ ခ်င္ရင္ မပ်င္းပါနဲ႔။ အလုပ္ လုပ္ပါ။ အလုပ္မလုပ္ပဲ ခ်မ္းသာလာသူဆိုတာ ဘယ္ႏိုင္ငံမွာမွ မရွိေသးပါဘူး။

(၂) ေငြစုပါ

ခ်မ္းသာခ်င္ရင္ ပါးစပ္က, စိတ္ကူးထဲကေန ခ်မ္းသာေနခ်င္႐ုံနဲ႔ေတာ့ မရပါဘူး။ တကယ္လက္ေတြ႕ ခ်မ္းသာေစမယ့္ နည္းလမ္းေကာင္းကေတာ့ ကိုယ္ရွာထားသမွ်ကို က်စ္က်စ္ လစ္လစ္နဲ႔

သိမ္းဆည္းၿပီး တိုးေအာင္ပြားေအာင္ ၊ စီးပြားေရး လုပ္ငန္းေတြမွာ ရင္းနီးျမႇဳပ္ႏွံ ရတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သင္ဟာ စီးပြားေရးသမား၊ စီးပြားေရးလုပ္ငန္းရွင္၊ ကုမၸဏီဒါ႐ိုက္တာႀကီး၊ သူေဌးႀကီးဆိုတဲ့ ဘဝ အဆင့္ဆင့္ကို ျဖတ္ ေက်ာ္ႏိုင္ပါလိမ့္မယ္။

(၃) ေငြမျဖဳန္းပါနဲ႔

ေနာက္တစ္ခုက ခ်မ္းသာခ်င္ရင္ ေငြမျဖဳန္းပါနဲ႔။ ဟုတ္ပါတယ္။ ေငြကို လိုအပ္လို႔ သုံးတာကလြဲရင္ မသုံးတာ အ ေကာင္းဆုံးပါ။ ဒါမွလည္း ပိုက္ဆံက စုျဖစ္မွာ ျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ဘဲ ရွာလိုက္သုံးလိုက္ဆိုရင္ေတာ့ အိတ္ေပါက္နဲ႔ ဖားေကာက္သလို၊ သမင္ေမြးရင္း က်ားစားရင္း ျဖစ္ေနမွာပါဘဲ။ ဒီေတာ့ အသုံးနဲ႔အျဖဳန္းကို ခြဲျခားတတ္ပါေစ။ တစ္ခ်ိဳ႕က လစာေလးထုတ္ၿပီဆိုရင္

ဟိုေနရာသြားခ်င္ရ၊ ဟိုဟာ ဝယ္ ခ်င္ရ၊ သူငယ္ခ်င္းေတြနဲ႔ စုၿပီး စားခ်င္တာစားနဲ႔ လုံးလည္လိုက္ေနတတ္ပါတယ္။ ကိုယ့္အတြက္ မရွိလည္းျဖစ္တယ္ဆိုတဲ့အရာေတြ မဝယ္ပါနဲ႔။ ကိုယ့္အတြက္ မရွိမျဖစ္ အရာေတြကိုပဲ ဝယ္ပါ။ ဒါက သူေဌးျဖစ္မယ့္ နည္းလမ္းပါ။

(၄) အ ေၾကြး မ ေပးနဲ႔/ အ ေၾကြး မယူနဲ႔..

သင့္လက္ထဲမွာ ေငြစေငြနေလးျမင္ရင္ သင္နဲ႔ ရင္းနီးသူေတြ၊ သူငယ္ခ်င္းေတြ မိသားစုဝင္ေတြက သူတို႔မ ေျပ လည္တာေတြ ေျပာျပၿပီး ခဏခဏ ေငြ ေခ်းတာမ်ိဳး မလြဲ မ ေသ ႀကဳံ ရ ပါ လိမ့္ မယ္ ။ တခ်ဳိ႕က ေတာ့ ေႂကြးယူ ၿပဳံးၿပဳံး ေတာင္းေတာ့ မုန္းဆိုတဲ့ အထဲမွာပါ ဝင္တတ္ပါတယ္။ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ အကုသလို မ်ားရတတ္ပါတယ္။ မိဘေမာင္ဖြားေတြကို

ကူညီခ်င္ရင္လည္း ကိုယ္တိုင္က အိမ္ေထာင္သည္ဆိုရင္ အေႂကြးမဟုတ္တဲ့ ေထာက္ပံ့မႈမ်ိဳး၊ မိမိတတ္ႏိုင္သေလာက္ ေထာက္ပံ့ပါ။ ဒီလိုပဲ တစ္ျခားဆီကေန ေငြလြယ္လြယ္ရလို႔ဆိုၿပီးလည္း မေခ်းပါနဲ႔။ အထူးသျဖင့္ အတိုးႏႈန္းနဲ႔ ေငြေခ်းတာမ်ိဳးကို တစ္သက္လုံး ေရွာင္ႏိုင္ေလ အေကာင္းဆုံးျဖစ္ေလ၊ ခ်မ္းသာဖို႔ နီးစပ္ေလပါဘဲ။

(၅) မွန္ကန္ေသာ ရင္းနီးျမႇဳပ္ႏွံမႈ

ေငြ ေတြ ရွိေနၿပီး မွန္ကန္တဲ့ရင္းနီးျမႇဳပ္ႏွံမႈ မလုပ္ဘူးဆိုရင္လည္း သင္ ခ်မ္းသာဖို႔လမ္း မနီးေသးပါဘူး။ ဒီေတာ့ ကိုယ့္မွာရင္းနီးစရာ မ်ားမ်ားစားစားရွိေလ စီးပြားေရးလုပ္ရတဲ့ Scope က က်ယ္ေလ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခုသတိထားရမွာက ကိုယ္စုထားသမွ် အ ေခ်ာင္ ဝင္အုပ္ဖို႔ ႀကံေနတဲ့ လူ႔မသမာေတြနဲ႔လည္း ႀကဳံရႏိုင္ပါတယ္။ ရင္းနီးျမႇဳပ္ႏွံမႈလုပ္မယ္ဆိုရင္

ကိုယ္တိုင္ကလည္း ကြၽမ္းက်င္ေနတဲ့လုပ္ငန္းမ်ိဳးဆို ပိုေကာင္းပါတယ္။ ဒီလိုပဲ ကိုယ္တိုင္သိျမင္ထားတဲ့ ဗဟုသုတအရ တကယ္ျမတ္ေလာက္တယ္လို႔ ယူဆရတဲ့ လုပ္ငန္းမ်ိဳးကို ဦးစားေပးပါ ။ သူငယ္ခ်င္းက ေျပာလို႔ ၊ မိဘက ေျပာလို႔၊ မယားက ခိုင္း လို႔ ရင္းႏွီး ျမႇဳပ္ႏွံ တာထက္ ကုိယ္တိုင္က ဒီ အ ေၾကာင္း ကို ေကာင္း ေကာင္း သိထားတယ္ဆိုရင္ သင္ မဆင္းရဲေစရပါဘူး ။

# Credit #

Unicode
တကယ်ချမ်းသာချင်ရင် မဖြစ် မ နေလုပ်ရမယ့် အရာ(၅) ခု

လူတိုင်းက တော့ ချမ်းသာချင်ကြပါလိမ့်မယ်။ ဒါပေမယ့် ချမ်းသာတဲ့သူကတော့ လူနည်းစုသာ ရှိပါတယ်။ လူတိုင်း မဆင်းရဲချင်ကြပါဘူး။ ဒါပေမယ့် ဆင်းရဲတဲ့သူတွေက သန်းနဲ့ချီရှိနေကြပါတယ်။ ဒါ့ဖြင့် လူတိုင်းနီးပါး ဘာလို့ဆင်းရဲနေတာလဲ၊ ဒါမှမဟုတ် လူတိုင်းနီးပါး ဘာလို့ မချမ်းသာတာလဲ … ?။ အောက်မှာ ဖော်ပြမယ့်အချက်တွေကတော့ ချမ်းသာလိုသူတွေ မဖြစ်မနေ လုပ်ရမယ့် အရာ(၅)ခုဖြစ်ပါတယ်။ ချမ်းသာချင်တဲ့သူတွေအတွက် ပြန်လည်မျှဝေလိုက်ပါဦးနော်။

(၁) မပျင်းနဲ့

ချမ်းသာချင်ရင် မပျင်းပါနဲ့။ ပျင်းတဲ့သူတွေဟာ မချမ်းသာကြပါဘူး။ ဒါဆို တစ်ချို့သူဌေးကြီးတွေ ဘာမှအလုပ် လုပ်စရာမလိုဘူး သူတို့တစ်တွေရဲ့ အလုပ်ချိန်ဟာ အလွန်နည်းပါတယ်။ ပျင်းနေတယ်ဆိုရင် ဘာမှမလုပ်ပဲနဲ့ ထိုင်စားနေလို့ရတယ်။ သူတို့ကတော့ ဘာလို့ ပျင်းရတာလဲဆိုတော့ … သူတို့မှာ ပစ္စည်းဥစ္စာလုံလောက်ပြီးသားဖြစ်လို့ ပျင်းချင်တဲ့အချိန်

ပျင်းလို့ရပါတယ် ။သူတို့ဟာ လုပ်ငန်း အသီးသီးမှာ ကိုယ်ခွဲတွေ ထားရှိနိုင်လို့ ဒီနေ့ ပျင်းလို့အားမရရင် နောက်ထပ် တစ်လလောက် ပျင်းချင် ပျင်းနေလို့ ရပါသေးတယ်။ ဒီလို ပျင်းလို့ ရ အောင် သူတို့တစ်တွေဟာ ဒီ မတိုင်ခင်က ဘယ်လောက်အလုပ်လုပ်ခဲ့ရသလဲဆိုတာ သင် သိနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ချမ်းသာ ချင်ရင် မပျင်းပါနဲ့။ အလုပ် လုပ်ပါ။ အလုပ်မလုပ်ပဲ ချမ်းသာလာသူဆိုတာ ဘယ်နိုင်ငံမှာမှ မရှိသေးပါဘူး။

(၂) ငွေစုပါ

ချမ်းသာချင်ရင် ပါးစပ်က, စိတ်ကူးထဲကနေ ချမ်းသာနေချင်ရုံနဲ့တော့ မရပါဘူး။ တကယ်လက်တွေ့ ချမ်းသာစေမယ့် နည်းလမ်းကောင်းကတော့ ကိုယ်ရှာထားသမျှကို ကျစ်ကျစ်

လစ်လစ်နဲ့ သိမ်းဆည်းပြီး တိုးအောင်ပွားအောင် ၊ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနီးမြှုပ်နှံ ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သင်ဟာ စီးပွားရေးသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီဒါရိုက်တာကြီး၊ သူဌေးကြီးဆိုတဲ့ ဘဝ အဆင့်ဆင့်ကို ဖြတ် ကျော်နိုင်ပါလိမ့်မယ်။

(၃) ငွေမဖြုန်းပါနဲ့

နောက်တစ်ခုက ချမ်းသာချင်ရင် ငွေမဖြုန်းပါနဲ့။ ဟုတ်ပါတယ်။ ငွေကို လိုအပ်လို့ သုံးတာကလွဲရင် မသုံးတာ အကောင်းဆုံးပါ။ ဒါမှလည်း ပိုက်ဆံက စုဖြစ်မှာ ဖြစ်ပါတယ်။


ဒီလိုမှမဟုတ်ဘဲ ရှာလိုက်သုံးလိုက်ဆိုရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလို၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမှာပါဘဲ။ ဒီတော့ အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ပါစေ။ တစ်ချို့က လစာလေးထုတ်ပြီဆိုရင် ဟိုနေရာသွားချင်ရ၊ ဟိုဟာဝယ်ချင်ရ၊ သူငယ်ချင်းတွေနဲ့ စုပြီး စားချင်တာစားနဲ့ လုံးလည်လိုက်နေတတ်ပါတယ်။ ကိုယ့်အတွက် မရှိလည်းဖြစ်တယ်ဆိုတဲ့အရာတွေ မဝယ်ပါနဲ့။ ကိုယ့်အတွက် မရှိမဖြစ်အရာတွေကိုပဲ ဝယ်ပါ။ ဒါက သူဌေးဖြစ်မယ့် နည်းလမ်းပါ။

(၄) အ ကြွေး မ ပေးနဲ့/ အ ကြွေး မယူနဲ့..

သင့်လက်ထဲမှာ ငွေစငွေနလေးမြင်ရင် သင်နဲ့ ရင်းနီးသူတွေ၊ သူငယ်ချင်းတွေ မိသားစုဝင်တွေက သူတို့မ ပြေ လည်တာတွေ ပြောပြပြီး ခဏခဏ ငွေ ချေးတာမျိုး မလွဲ မ သေ ကြုံ ရ ပါ လိမ့် မယ် ။ တချို့က တော့ ကြွေးယူ ပြုံးပြုံး တောင်းတော့ မုန်းဆိုတဲ့ အထဲမှာပါ ဝင်တတ်ပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသလို များရတတ်ပါတယ်။ မိဘမောင်ဖွားတွေကို

ကူညီချင်ရင်လည်း ကိုယ်တိုင်က အိမ်ထောင်သည်ဆိုရင် အကြွေးမဟုတ်တဲ့ ထောက်ပံ့မှုမျိုး၊ မိမိတတ်နိုင်သလောက် ထောက်ပံ့ပါ။ ဒီလိုပဲ တစ်ခြားဆီကနေ

ငွေလွယ်လွယ်ရလို့ဆိုပြီးလည်း မချေးပါနဲ့။ အထူးသဖြင့် အတိုးနှုန်းနဲ့ ငွေချေးတာမျိုးကို တစ်သက်လုံး ရှောင်နိုင်လေ အကောင်းဆုံးဖြစ်လေ၊ ချမ်းသာဖို့ နီးစပ်လေပါဘဲ။

(၅) မှန်ကန်သော ရင်းနီးမြှုပ်နှံမှု

ငွေ တွေ ရှိနေပြီး မှန်ကန်တဲ့ရင်းနီးမြှုပ်နှံမှု မလုပ်ဘူးဆိုရင်လည်း သင် ချမ်းသာဖို့လမ်း မနီးသေးပါဘူး။ ဒီတော့ ကိုယ့်မှာရင်းနီးစရာ များများစားစားရှိလေ စီးပွားရေးလုပ်ရတဲ့ Scope က ကျယ်လေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ်စုထားသမျှ အ ချောင် ဝင်အုပ်ဖို့ ကြံနေတဲ့ လူ့မသမာတွေနဲ့လည်း ကြုံရနိုင်ပါတယ်။

ရင်းနီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် ကိုယ်တိုင်ကလည်း ကျွမ်းကျင်နေတဲ့လုပ်ငန်းမျိုးဆို ပိုကောင်းပါတယ်။ ဒီလိုပဲ ကိုယ်တိုင်သိမြင်ထားတဲ့ ဗဟုသုတအရ တကယ်မြတ်လောက်တယ်လို့ ယူဆရတဲ့ လုပ်ငန်းမျိုးကို ဦးစားပေးပါ ။ သူငယ်ချင်းက ပြောလို့ ၊ မိဘက ပြောလို့၊ မယားက ခိုင်း လို့ ရင်းနှီး မြှုပ်နှံ တာထက် ကိုယ်တိုင်က ဒီ အ ကြောင်း ကို ကောင်း ကောင်း သိထားတယ်ဆိုရင် သင် မဆင်းရဲစေရပါဘူး ။

# Credit #

Leave a Reply

Your email address will not be published. Required fields are marked *