“ ၁၀.၁၂.၂၀၂၀ မွ ၁၆.၁၂.၂၀၂၀ အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း ”

Zawgyi ျဖင့္ဖတ္ရန္

“ ၁၀.၁၂.၂၀၂၀ မွ ၁၆.၁၂.၂၀၂၀ အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း ”

တနဂၤေႏြ

ဒီကာလအတြင္းမိမိျဖစ္ခ်င္တာေတြကိုျဖစ္ေအာင္လုပ္သြားႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ပဲစိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ ရတတ္ပါတယ္။အပန္းေျဖျခင္း၊ေပ်ာ္ပြဲစားထြက္ျခင္းမ်ားလဲေတြ႕ရႀကဳံရတတ္ပါတယ္။ အႀကီးအကဲမ်ား၏ကူညီ ေထာက္ပံ့မႈ မ်ားေၾကာင့္လုပ္ငန္းမ်ားတိုးတက္မည္။ အိမ္ေထာင္ေရးအဆင္ေျပ မည္။

မိသားစု စိတ္ခ်မ္းသာေပ်ာ္႐ႊင္ မႈမ်ားခံစားရလိမ့္မည္။ လူအမ်ားနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး လုပ္ကိုင္ရတဲ့ အလုပ္ေတြပိုေအာင္ျမင္တယ္။ဝန္ထမ္းေတြ အတြက္ေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အေပး အယူမွ်ေန ပါ လိမ့္မယ္။ အခ်စ္ေရးမွာလဲခ်စ္ရသူဆီက အေျဖရ တတ္ပါတယ္။ အခ်စ္ေရးအတြက္ အဘက္ဘက္ကစိတ္ခ်မ္း သာရပါလိမ့္မယ္။

က်န္းမာေရးကေတာ့ အညံ့အဆိုးမရွိ သေလာက္ပါပဲ။ က်န္းမာေရး အတြက္ေဆးေသာက္တာ၊ သမားေတာ္နဲ႔ ျပသတာ ကုသတာမ်ိဳးေတြလုပ္ေဆာင္တတ္ပါ တယ္။ေငြေၾကးနဲ႔ပတ္သက္ ၿပီးေတာ့လဲ ကံေကာင္း ေနတတ္ပါတယ္။ ရစရာရွိတဲ့ေငြေၾကးေတြကို အျပည့္ အဝျပန္လည္ ရရွိတတ္ပါတယ္။ ထီဝါသနာပါသူမ်ား ထီ ကံစမ္းလို႔ေကာင္းတဲ့ေန႔ရက္ေတြပါပဲ။

၆၊၄၊၈ ဂဏန္းပါေသာ ထီလက္မွတ္ကိုေ႐ြးခ်ယ္ထိုးပါ။ မိသားစုအေရးကိစၥမ်ား အညံ့အဆိုး မရွိသေလာက္ ရွားပါတယ္။ အိမ္တြင္းေရး သာယာအဆင္ေျပမဲ့ ကာလပါပဲ၊ ပညာေရးကေတာ့ အခက္အခဲ ေတြကိုေကာင္းစြာ ေက်ာ္လြားႏိုင္ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း 6/5/8 အထူးေဟာ စိတ္ခ်မ္းသာရပါလိမ့္မယ္။ယၾတာ သံပုရာရည္ဘုရားကပ္လႉၿပီးေတာ့လိုရာဆုေတာင္းလိုက္ပါ။

တနလၤာ

မေတာ္တဆထိခိုက္ ဒဏ္ရာရတတ္သည္။ ေငြေၾကး၊ အဖိုးတန္ပစၥည္းမ်ားခိုးခံရတတ္သည္။ မိခင္၏ က်န္းမာေရး ညံ့ေနလိမ့္မည္။ စိတ္ပါဝင္စားစြာနဲ႔ မိမိလုပ္ကိုင္ရတဲ့ အလုပ္ေတြအေပၚစိတ္ႏွစ္ထားလိုက္ပါ။ကံၾကမၼာအနည္းငယ္ အားနည္းေနတာ ျဖစ္တဲ့အတြက္ မဟုတ္တာကို ဘာမွ မလုပ္လိုက္ပါနဲ႔။ မေကာင္းတာလုပ္ရင္၊ ဥပေဒနဲ႔ မလြတ္ကင္းတာ လုပ္ရင္ ဒုကၡအလြန္ပဲ ေရာက္လြယ္တာကို ေတြ႕ရပါတယ္။

ပညာေရးမွာေတာ့ စာေမးပြဲေျဖရမဲ့သူမ်ား၊ အင္တာဗ်ဴး ေျဖရမဲ့သူမ်ား အရမ္းႀကီး စိုးရိမ္စိတ္မထားဖို႔ ေျပာခ်င္ပါတယ္။ စိုးရိမ္လြန္ၿပီး က်က္ထားတဲ့ စာေတြ ေမ့သြားတာမ်ိဳးက အလြန္ပဲ ျဖစ္လြယ္ပါတယ္။က်န္းမာေရးကေတာ့ သိပ္အဆိုးေတာ့ မေတြ႕ရပါဘူး။ ဒါေပမဲ့အစား မွားၿပီး ဗိုက္ေအာက္ ဗိုက္နာေတာ့ ျဖစ္တတ္ ပါတယ္။ အစာေၾကလြယ္တဲ့ အစားအေသာက္ေတြကိုပဲ ဦးစားေပးစား သုံးပါ။

ေငြနဲ႔ပတ္သက္ၿပီး အလိမ္ခံရတတ္ပါတယ္။ ေလာဘမႀကီးပါနဲ႔။ စာခ်ဳပ္စာတန္း မပါဘဲ လက္လြတ္စပယ္ ေငြေပး လိုက္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ လုပ္ငန္းႀကီးမ်ား ေရာင္းမွား ဝယ္မွား အလြန္ပဲ ျဖစ္ရတတ္ပါတယ္။ကုန္ေတြ မေလွာင္ပါနဲ႔။ အဆုံးအရႈံးမ်ား နိုင္ပါတယ္။ အခ်စ္ေရး ကေတာ့ အခက္အခဲ မ်ားႏိုင္တယ္။ ခ်စ္သူကို စိတ္ေကာက္ စိတ္ဆိုးေအာင္ မလုပ္မိပါေစနဲ႔။ စိတ္ကုန္ သြားတတ္ပါတယ္။

အိမ္ေထာင္ေရးမွာ မိမိရဲ႕အခက္အခဲေတြကို အိမ္ေထာင္ဘက္က ေကာင္းစြာ နားလည္ၿပီး တတ္ႏိုင္သ၍ ေျဖရွင္း ေပးပါလိမ့္မယ္။အက်ိဳးေပးဂဏန္း 7/0/6အထူးေဟာ ကံအနည္းငယ္အားနည္းေနမည္။ယၾတာ အိမ္ကဘုရားေက်ာင္းေဆာင္ကိုသန႔္ရွင္းေရးလုပ္လိုက္ပါ။

အဂၤါ

ဒီကာလအတြင္း အတိုက္အခံရန္ႏွင့္ယွဥ္၍ လုပ္ကိုင္ရတတ္သည္။ အစုစပ္ လုပ္ငန္းမ်ားမလုပ္ကိုင္သင့္ေသး ပါ။ သားသမီး မ်ား ၏ပညာေရးအေလးေပးေဆာင္႐ြက္ရန္လိုအပ္ပါသည္။ လူေနမႈအဆင့္အတန္းတိုးတက္မည္။ကံေကာင္းျခင္းေတြမိမိဆီကိုေရာက္လာတတ္ပါတယ္။ အဓိကေတာ့ မိမိလေပါင္းမ်ားစြာ ၾကပ္တည္းေနတဲ့အခက္ အခဲ ျပႆနာေတြကိုေျဖရွင္းသြားႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ ဝန္ထုတ္ဝန္ပိုး တစ္ခုကို လႊတ္ခ် လိုက္ရသလို

စိတ္ေပါ့ပါး လြတ္လပ္ေနပါလိမ့္မယ္။ ခရီးေတြသြားရမယ္။ အထူးသျဖင့္ခရီးရွည္ေတြ၊ညအိပ္ခရီးေတြ သြားရဖို႔ အေၾကာင္းဖန္ လာတတ္ပါတယ္။ ဒီကာလမွာေတာ့ေရရွည္အတြက္ရည္မွန္းခ်က္စတင္သတ္မွတ္ျခင္းေတြ၊Targetထားႀကိဳးစား ျခင္း ေတြအထူးပဲလုပ္ေဆာင္လို႔သင့္ပါတယ္။ က်န္းမာေရးကေတာ့အေကာင္းဘက္ကိုမ်ားပါ တယ္။ မိမိခံစားေနရတဲ့ ေရာဂါေဝဒနာေတြရွိရင္လဲ ဒီကာလမွာအရွင္းေပ်ာက္ရတတ္ပါတယ္။

ေငြကံေကာင္းေနပါ လိမ့္မယ္။ သားသမီး တပည့္သားခ်င္းေတြ လာေရာက္ကန္ေတာ့တာမ်ိဳးေတြလဲ ႀကဳံေနရ တတ္ပါတယ္။အခ်စ္ေရးကေတာ့ ခ်စ္သူ ရည္းစား အသစ္ဆိုတာမ်ိဳးေတြလဲ ေတြ႕ရတတ္ပါတယ္။ မိမိကိုယ္တိုင္ကလဲငယ္႐ြယ္ႏုပ်ိဳၿပီးမိမိကိုခြၽဲတတ္သူကိုဦးစားေပးေန မိတတ္ပါတယ္။ အိမ္ေထာင္ေရးအလြန္သာယာပါလိမ့္မယ္။ ပညာေရး ကေတာ့ ဒီကာလမိမိႀကိဳးစားသည္ထက္ပိုမို ထြန္းေပါက္ေအာင္ျမင္မႈေတြရရွိတတ္ပါတယ္။အက်ိဳးေပးဂဏန္း 7/1/6အထူးေဟာ ကံသင့္ပါတယ္။ယၾတာ မိမိရတဲ့ပရိတ္ပဌာန္းေတြကိုမ်ားမ်ား႐ြတ္ေပးပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း တတ္ႏိုင္သ၍စီးပြားေရးကို ေကာင္းစြာ ခ်ဲ႕ထြင္သြားႏိုင္ပါလိမ့္မယ္။ မိမိလုပ္ကိုင္ ႀကံစည္သမွ် လမ္းမွန္ေပၚေရာက္ၿပီး ေအာင္ျမင္မႈေတြကိုျဖစ္ထြန္းေစပါလိမ့္မယ္။ ရပ္ေဝးကိုသြား၍စီးပြားရွာျခင္းမ်ား၊နိုင္ငံရပ္ျခား သို႔ ခရီးထြက္ျခင္းမ်ား အထူးေကာင္းပါလိမ့္မယ္။ လူမႈေရးပရဟိတ လုပ္ငန္းမ်ား လုပ္ေဆာင္ရ တတ္သည္။ ဇိမ္ခံ ပစၥည္းမ်ားဝင္မည္။ လုပ္ငန္းမ်ားအဆင့္ျမင့္မားတိုးတတ္မည္။

ၾကန႔္ၾကာေနတဲ့ ေရာင္းမကုန္တဲ့ပစၥည္းေတြ ေရာင္းထြက္ သြားပါလိမ့္မယ္။ အၿပီးမသတ္ႏိုင္တဲ့ အလုပ္မ်ား ဒီကာလမွာ အၿပီးသတ္ လုပ္ကိုင္ နိုင္ပါလိမ့္မယ္။ ဆုံးမယ္လို႔ ထင္ထားတဲ့ ေငြေၾကး ျပန္လည္ ေတာင္းခံျခင္းမ်ိဳး လုပ္ေဆာင္ႏိုင္ပါလိမ့္မယ္။အိမ္ေထာင္သည္ အမ်ိဳးသားမ်ား မိန္းမ ကိစၥ၊ စုတ္ကိစၥ ေတြ မျဖစ္ေအာင္ ထိန္းသိမ္းလိုက္ပါ။ ရႈပ္မိရင္ ရွင္းရ ခက္ပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ မိမိ ကိုယ္တိုင္က ကေလးငယ္လို လက္သာရာကို အေရးေပးေနမိတာမ်ိဳး ေတြ႕ရပါတယ္။

က်န္းမာေရးအတြက္ ထူးထူးျခားျခား ညံ့ေန တာမ်ိဳးေတာ့မရွိဘူး။ ဆီးခ်ိဳး၊ေသြးခ်ိဳသမားမ်ား ပိုမိုသတိထားပါ။ ေလးဖက္နာေရာဂါ သည္မ်ားပိုမိုသတိ ထားလိုက္ပါ။လူမ်ိဳးျခား၊ဘာသာျခားေတြဆီကေန အကူအညီဆိုတာမ်ိဳးေတြရလြယ္ပါတယ္။ ပညာေရးမွာေတာ့ မိမိကိုယ္တိုင္ ကလဲႀကိဳးစားခ်င္စိတ္ရွိသလို ကံၾကမၼာကလဲ အခြင့္အေရးေပးပါလိမ့္မယ္။အက်ိဳးေပးဂဏန္း 9/7/0 အထူးေဟာ အလုပ္စီးပြားတိုးတတ္မည္။ယၾတာ နာနတ္သီးကိုးစိပ္ဘုရားကပ္လႉဆုေတာင္းပါ။

ၾကာသပေတး

မိမိရဲ႕အေတြးအေခၚေတြက မရင့္က်က္သလိုျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ဘာလုပ္လုပ္မိမိအေနနဲ႔ဇြတ္ မလုပ္ ဘဲ အႀကံဉာဏ္ကိုယူေစခ်င္ပါတယ္။ လူမ်ိဳး ျခားမ်ားႏွင့္အဆက္အသြယ္ျပဳရတတ္သည္။စကားမ်ားမ်ားေျပာ ရလိမ့္မည္။ သြားလာလႈပ္ရွားႏိုင္ ေလအက်ိဳးရွိေလျဖစ္မည္။ အလုပ္ေျပာင္းေ႐ႊ႕ဖို့ စာတင္ ထားသူမ်ား ၊အေျပာင္း အေ႐ႊ႕က် လာ တတ္ပါတယ္။ ေနရာသစ္မွာေနထိုင္လုပ္ကိုင္ရတဲ့ကံမ်ိဳးေတြ႕ရပါတယ္။

ပညာေရးနဲ႔ပတ္သက္ၿပီး ေတာ့လဲ ဖိအား ေတြမ်ားေနတတ္ ပါတယ္။ မိတ္ေဆြ ေကာင္းရွားေနတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြက မိမိကို ေခ်ာက္က် တတ္ပါတယ္။ လူႀကီးကို ဂုံးေခ်ာတာမ်ိဳး လုပ္တတ္ပါတယ္။လုပ္ငန္းမ်ားတိုးတက္မႈေႏွးေကြးေနမည္။ ဝင္ေငြထက္ အသုံး စရိတ္မ်ားကပိုေနမည္။ စိုးရိမ္ေသာက မ်ားေနတတ္မည္။ ေငြေၾကးအသုံးအျဖဳန္းႀကီးေနတတ္ ပါတယ္။ လိုအပ္မွေငြထုတ္သုံးပါလို႔ေျပာခ်င္ပါတယ္။

အလုပ္အတြက္လဲ ႀကီးမားတဲ့ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈေတြ မလုပ္လိုက္ပါနဲ႔၊ ဒီကာလအတြင္း က်န္းမာေရးကေတာ့ အနည္းငယ္ေတာ့ ဂ႐ုစိုက္ေပးပါ။ အိပ္ေရး၀၀အိပ္ပါ။အိမ္တြင္းေရး အပူအပင္ေတြကို အခ်ိန္ျပည့္ ေခါင္းထဲထည့္မထားပါနဲ႔။အခ်စ္ေရးကံ ပုံမွန္ပါပဲ ။ အညံ့အဆိုးသိပ္ မေတြ႕ပါဘူး။အိမ္ေထာင္ေရးကေတာ့ အနည္းငယ္ညံ့ဖ်င္းေနတာေတြ႕ရပါတယ္။ သားသမီးမ်ားအတြက္ေသာကျဖစ္ ရ တတ္သည္။ တန္ခိုးအာဏာေမွးမွိန္ေနမည္။အက်ိဳးေပးဂဏန္း 1/2/3အထူးေဟာ ေငြကိုစီမံခန႔္ခြဲတတ္ပါေစ။ယၾတာ ၾသဇာ၄ၫႊန႔္ဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ

ရရန္ရွိေသာေႂကြးၿမီ မ်ား ေတာင္းခံရရွိမည္။ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္နားလည္မႈလြဲမွားတတ္ သည္။ ေသာက မ်ား၍ ဝမ္းနည္းပူေဆြးရလိမ့္မည္။ မီးေဘး၊ ယာဥ္ကားေဘး အႏၲရာယ္မ်ားႀကဳံေတြ႕ရတတ္သည္။အားနာတဲ့ စိတ္ရွိသူေတြကေတာ့ ဒီကာလမွာသူမ်ားကိုအကူအညီေပးရင္းနဲ႔အခ်ိန္ကုန္ေနရတတ္ပါတယ္။ အလုပ္မွာ လဲ မႏိုင္လို႔ ကူညီေပးပါအုံးဆိုတာကို အားနာၿပီး ကူညီေပးမိပါက မိမိရဲ႕ အနားယူခ်ိန္ေတြ ေလ်ာ့သြားတတ္ ပါတယ္။

က်န္းမာေရးက ေတာ့ အညံ့အဆိုးေတြမ်ားေနတာေတြ႕ရပါတယ္။ အထူးသျဖင့္အမ်ိဳးသားမ်ားအရက္အလြန္ အကြၽံေသာက္ျခင္းမ်ိဳး ေရွာင္ပါ။ အမ်ိဳးသမီးမ်ားလဲခ်ဥ္ငန္စပ္အလြန္အကြၽံမစားလိုက္ပါနဲ႔။ဒီကာလမွာ တစ္ေနရာ ကေနတစ္ေနရာကို ေျပာင္းေ႐ႊ႕ျခင္းမ်ား၊ အသစ္တစ္ခုစတင္ျခင္းမ်ားမေကာင္းပါဘူး။ ဒီကာလမွာ ခ်စ္သူရည္းစား အခ်င္းခ်င္းအဆင္ ေျပေပမဲ့ မိမိရဲ႕အခ်စ္ေရးကို မိဘေတြကို ဖြင့္ေျပာတိုင္ပင္လို႔ မေကာင္းေသးတဲ့ ကာလပါပဲ။

ေငြေၾကးလာေခ်းတာ မ်ိဳးေတြရွိရင္ သတိထားပါ။မေပးလိုက္ပါနဲ႔။ အလုပ္ထဲမွာတာဝန္ႀကီးႀကီးယူထားရသူေတြက ေတာ့ ပိုမိုဂ႐ုစိုက္ပါ။ ေအာက္လက္ငယ္သားေတြကို အေရးႀကီးကိစၥေတြမခိုင္းပါနဲ႔ ။မိမိကသာဦးေဆာင္လုပ္ကိုင္ပါ။အိမ္ေထာင္ေရးမွာ ေတာ့ ဒီကာလဟာ အညံ့အဆိုးေတာ့ သိပ္မေတြ႕ရပါဘူး။ ဒါေပမဲ့ေဆြမ်ိဳးကိစၥနဲ႔ပတ္သက္ၿပီး လင္မယားႏွစ္ေယာက္ စကား အေျခအတင္ေလးေတြေတာ့ျဖစ္တတ္ပါတယ္။ပညာေရးအေပၚစိတ္ဝင္စားမႈအား ေလ်ာ့ေနမည္။အက်ိဳးေပးဂဏန္း 2/3/8 အထူးေဟာ အနည္းငယ္စိတ္ပင္ပန္းရမည္။ယၾတာ ကေလးေတြကိုမုန႔္ဝယ္ေကြၽးလိုက္ပါ။

စေန

ဒီကာလအတြင္း မိမိရဲ႕လိုအင္ဆႏၵေတြကိုေကာင္းစြာျဖည့္ဆည္းႏိုင္ပါတယ္။ မိမိရည္႐ြယ္ႀကံစည္ထားတာ ေလးေတြျပည့္ေျမာက္ဖို႔ ကံၾကမၼာအခြင့္အေရးေပးပါလိမ့္မယ္။ ဒါေၾကာင့္ႀကိဳးစားပါ။စိတ္ေကာင္းေစတနာေကာင္း ေမြးပါ။ မိမိရဲ႕ေကာင္းေသာကံေတြျဖစ္ထြန္းပါလိမ့္မယ္။ မၿပီးျပတ္ေသာလုပ္ငန္းမ်ား ၿပီးျပတ္မည္။ မိမိထူေထာင္ထား ေသာႀကိဳးပမ္းမႈမ်ားေအာင္ျမင္ျဖစ္ထြန္းမည္။

မိတ္ေဆြေကာင္းမ်ားႏွင့္ ေတြ႕ဆုံရမည္။ ေအာက္လက္ငယ္ကိုျဖစ္ေစ ၊လုပ္ငန္းရွင္မ်ားဆို ႀကိဳးစားတဲ့ ဝန္ထမ္းကို ျဖစ္ေစ ခ်ီးေျမာက္ပါ။မိမိလုပ္ငန္းအတြက္ လိုအပ္ေသာစက္ပစၥည္း မ်ားကို အသစ္လဲလွယ္တပ္ဆင္ျခင္း၊စတင္ လည္ပတ္ျခင္းမ်ား ဒီကာလမွာ ေဆာာင္႐ြက္လို႔ အထူးေကာင္းပါတယ္။ အေသးစား၊အလတ္စားစီးပြားေရးလုပ္ ငန္းရွင္အားပိုမိုေအာင္ျမင္ထြန္းေပါက္တတ္ပါတယ္။ ခရီးတိုေလးေတြသြား ရဖို႔ အေၾကာင္းဖန္လာတတ္ပါတယ္။

က်န္းမာေရးကေတာ့ အထူးေကာင္းေနပါလိမ့္္မယ္။ က်န္းမာေရးနဲ႔ ပတ္ သက္ၿပီး ေတာ့ စိတ္ခ်မ္းသာရမဲ့အခ်ိန္ပါပဲ။ လိုခ်င္တာေတြကိုရေအာင္လုပ္ေဆာင္ႏိုင္ပါလိမ့္ မယ္။အခ်စ္ေရးက ေတာ့ ခ်စ္သူကမိမိကိုစိတ္ခ်မ္းသာေအာင္ထား ပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာလဲအဆင္ေျပစိတ္ ခ်မ္းသာရ တတ္ပါတယ္။ပညာေရးကေတာ့ အထူးေကာင္းပါ တယ္။ႀကိဳးစားပါ။ထင္ထားသည္ထက္ပိုမိုေအာင္ျမင္ပါတယ္။အက်ိဳးေပးဂဏန္း 3/5/8အထူးေဟာ ကံျမင့္မားေနပါတယ္။ယၾတာ စံပယ္ပန္းဘုရားကပ္လႉဆုေတာင္းပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Unicode ျဖင့္ဖတ္ရန္

“ ၁၀.၁၂.၂၀၂၀ မှ ၁၆.၁၂.၂၀၂၀ အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း ”

တနင်္ဂနွေ

ဒီကာလအတွင်းမိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲစိတ်ချမ်းသာ ပျော်ရွှင် ရတတ်ပါတယ်။အပန်းဖြေခြင်း၊ပျော်ပွဲစားထွက်ခြင်းများလဲတွေ့ရကြုံရတတ်ပါတယ်။ အကြီးအကဲများ၏ကူညီ ထောက်ပံ့မှု များကြောင့်လုပ်ငန်းများတိုးတက်မည်။ အိမ်ထောင်ရေးအဆင်ပြေ မည်။

မိသားစု စိတ်ချမ်းသာပျော်ရွှင် မှုများခံစားရလိမ့်မည်။ လူအများနဲ့ ပျော်ပျော်ပါးပါး လုပ်ကိုင်ရတဲ့ အလုပ်တွေပိုအောင်မြင်တယ်။ဝန်ထမ်းတွေ အတွက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေး အယူမျှနေ ပါ လိမ့်မယ်။ အချစ်ရေးမှာလဲချစ်ရသူဆီက အဖြေရ တတ်ပါတယ်။ အချစ်ရေးအတွက် အဘက်ဘက်ကစိတ်ချမ်း သာရပါလိမ့်မယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးမရှိ သလောက်ပါပဲ။ ကျန်းမာရေး အတွက်ဆေးသောက်တာ၊ သမားတော်နဲ့ ပြသတာ ကုသတာမျိုးတွေလုပ်ဆောင်တတ်ပါ တယ်။ငွေကြေးနဲ့ပတ်သက် ပြီးတော့လဲ ကံကောင်း နေတတ်ပါတယ်။ ရစရာရှိတဲ့ငွေကြေးတွေကို အပြည့် အဝပြန်လည် ရရှိတတ်ပါတယ်။ ထီဝါသနာပါသူများ ထီ ကံစမ်းလို့ကောင်းတဲ့နေ့ရက်တွေပါပဲ။

၆၊၄၊၈ ဂဏန်းပါသော ထီလက်မှတ်ကိုရွေးချယ်ထိုးပါ။ မိသားစုအရေးကိစ္စများ အညံ့အဆိုး မရှိသလောက် ရှားပါတယ်။ အိမ်တွင်းရေး သာယာအဆင်ပြေမဲ့ ကာလပါပဲ၊ ပညာရေးကတော့ အခက်အခဲ တွေကိုကောင်းစွာ ကျော်လွားနိုင်ပါလိမ့်မယ်။အကျိုးပေးဂဏန်း 6/5/8 အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။ယတြာ သံပုရာရည်ဘုရားကပ်လှူပြီးတော့လိုရာဆုတောင်းလိုက်ပါ။

တနင်္လာ

မတော်တဆထိခိုက် ဒဏ်ရာရတတ်သည်။ ငွေကြေး၊ အဖိုးတန်ပစ္စည်းများခိုးခံရတတ်သည်။ မိခင်၏ ကျန်းမာရေး ညံ့နေလိမ့်မည်။ စိတ်ပါဝင်စားစွာနဲ့ မိမိလုပ်ကိုင်ရတဲ့ အလုပ်တွေအပေါ်စိတ်နှစ်ထားလိုက်ပါ။ကံကြမ္မာအနည်းငယ် အားနည်းနေတာ ဖြစ်တဲ့အတွက် မဟုတ်တာကို ဘာမှ မလုပ်လိုက်ပါနဲ့။ မကောင်းတာလုပ်ရင်၊ ဥပဒေနဲ့ မလွတ်ကင်းတာ လုပ်ရင် ဒုက္ခအလွန်ပဲ ရောက်လွယ်တာကို တွေ့ရပါတယ်။

ပညာရေးမှာတော့ စာမေးပွဲဖြေရမဲ့သူများ၊ အင်တာဗျူး ဖြေရမဲ့သူများ အရမ်းကြီး စိုးရိမ်စိတ်မထားဖို့ ပြောချင်ပါတယ်။ စိုးရိမ်လွန်ပြီး ကျက်ထားတဲ့ စာတွေ မေ့သွားတာမျိုးက အလွန်ပဲ ဖြစ်လွယ်ပါတယ်။ကျန်းမာရေးကတော့ သိပ်အဆိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့အစား မှားပြီး ဗိုက်အောက် ဗိုက်နာတော့ ဖြစ်တတ် ပါတယ်။ အစာကြေလွယ်တဲ့ အစားအသောက်တွေကိုပဲ ဦးစားပေးစား သုံးပါ။

ငွေနဲ့ပတ်သက်ပြီး အလိမ်ခံရတတ်ပါတယ်။ လောဘမကြီးပါနဲ့။ စာချုပ်စာတန်း မပါဘဲ လက်လွတ်စပယ် ငွေပေး လိုက်တာမျိုးတွေ မလုပ်ပါနဲ့။ လုပ်ငန်းကြီးများ ရောင်းမှား ဝယ်မှား အလွန်ပဲ ဖြစ်ရတတ်ပါတယ်။ကုန်တွေ မလှောင်ပါနဲ့။ အဆုံးအရှုံးများ နိုင်ပါတယ်။ အချစ်ရေး ကတော့ အခက်အခဲ များနိုင်တယ်။ ချစ်သူကို စိတ်ကောက် စိတ်ဆိုးအောင် မလုပ်မိပါစေနဲ့။ စိတ်ကုန် သွားတတ်ပါတယ်။

အိမ်ထောင်ရေးမှာ မိမိရဲ့အခက်အခဲတွေကို အိမ်ထောင်ဘက်က ကောင်းစွာ နားလည်ပြီး တတ်နိုင်သ၍ ဖြေရှင်း ပေးပါလိမ့်မယ်။အကျိုးပေးဂဏန်း 7/0/6အထူးဟော ကံအနည်းငယ်အားနည်းနေမည်။ယတြာ အိမ်ကဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်လိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း အတိုက်အခံရန်နှင့်ယှဉ်၍ လုပ်ကိုင်ရတတ်သည်။ အစုစပ် လုပ်ငန်းများမလုပ်ကိုင်သင့်သေး ပါ။ သားသမီး များ ၏ပညာရေးအလေးပေးဆောင်ရွက်ရန်လိုအပ်ပါသည်။ လူနေမှုအဆင့်အတန်းတိုးတက်မည်။ကံကောင်းခြင်းတွေမိမိဆီကိုရောက်လာတတ်ပါတယ်။ အဓိကတော့ မိမိလပေါင်းများစွာ ကြပ်တည်းနေတဲ့အခက် အခဲ ပြဿနာတွေကိုဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဝန်ထုတ်ဝန်ပိုး တစ်ခုကို လွှတ်ချ လိုက်ရသလို

စိတ်ပေါ့ပါး လွတ်လပ်နေပါလိမ့်မယ်။ ခရီးတွေသွားရမယ်။ အထူးသဖြင့်ခရီးရှည်တွေ၊ညအိပ်ခရီးတွေ သွားရဖို့ အကြောင်းဖန် လာတတ်ပါတယ်။ ဒီကာလမှာတော့ရေရှည်အတွက်ရည်မှန်းချက်စတင်သတ်မှတ်ခြင်းတွေ၊Targetထားကြိုးစား ခြင်း တွေအထူးပဲလုပ်ဆောင်လို့သင့်ပါတယ်။ ကျန်းမာရေးကတော့အကောင်းဘက်ကိုများပါ တယ်။ မိမိခံစားနေရတဲ့ ရောဂါဝေဒနာတွေရှိရင်လဲ ဒီကာလမှာအရှင်းပျောက်ရတတ်ပါတယ်။

ငွေကံကောင်းနေပါ လိမ့်မယ်။ သားသမီး တပည့်သားချင်းတွေ လာရောက်ကန်တော့တာမျိုးတွေလဲ ကြုံနေရ တတ်ပါတယ်။အချစ်ရေးကတော့ ချစ်သူ ရည်းစား အသစ်ဆိုတာမျိုးတွေလဲ တွေ့ရတတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲငယ်ရွယ်နုပျိုပြီးမိမိကိုချွဲတတ်သူကိုဦးစားပေးနေ မိတတ်ပါတယ်။ အိမ်ထောင်ရေးအလွန်သာယာပါလိမ့်မယ်။ ပညာရေး ကတော့ ဒီကာလမိမိကြိုးစားသည်ထက်ပိုမို ထွန်းပေါက်အောင်မြင်မှုတွေရရှိတတ်ပါတယ်။အကျိုးပေးဂဏန်း 7/1/6အထူးဟော ကံသင့်ပါတယ်။ယတြာ မိမိရတဲ့ပရိတ်ပဌာန်းတွေကိုများများရွတ်ပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း တတ်နိုင်သ၍စီးပွားရေးကို ကောင်းစွာ ချဲ့ထွင်သွားနိုင်ပါလိမ့်မယ်။ မိမိလုပ်ကိုင် ကြံစည်သမျှ လမ်းမှန်ပေါ်ရောက်ပြီး အောင်မြင်မှုတွေကိုဖြစ်ထွန်းစေပါလိမ့်မယ်။ ရပ်ဝေးကိုသွား၍စီးပွားရှာခြင်းများ၊နိုင်ငံရပ်ခြား သို့ ခရီးထွက်ခြင်းများ အထူးကောင်းပါလိမ့်မယ်။ လူမှုရေးပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရ တတ်သည်။ ဇိမ်ခံ ပစ္စည်းများဝင်မည်။ လုပ်ငန်းများအဆင့်မြင့်မားတိုးတတ်မည်။

ကြန့်ကြာနေတဲ့ ရောင်းမကုန်တဲ့ပစ္စည်းတွေ ရောင်းထွက် သွားပါလိမ့်မယ်။ အပြီးမသတ်နိုင်တဲ့ အလုပ်များ ဒီကာလမှာ အပြီးသတ် လုပ်ကိုင် နိုင်ပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်ထားတဲ့ ငွေကြေး ပြန်လည် တောင်းခံခြင်းမျိုး လုပ်ဆောင်နိုင်ပါလိမ့်မယ်။အိမ်ထောင်သည် အမျိုးသားများ မိန်းမ ကိစ္စ၊ စုတ်ကိစ္စ တွေ မဖြစ်အောင် ထိန်းသိမ်းလိုက်ပါ။ ရှုပ်မိရင် ရှင်းရ ခက်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ မိမိ ကိုယ်တိုင်က ကလေးငယ်လို လက်သာရာကို အရေးပေးနေမိတာမျိုး တွေ့ရပါတယ်။

ကျန်းမာရေးအတွက် ထူးထူးခြားခြား ညံ့နေ တာမျိုးတော့မရှိဘူး။ ဆီးချိုး၊သွေးချိုသမားများ ပိုမိုသတိထားပါ။ လေးဖက်နာရောဂါ သည်များပိုမိုသတိ ထားလိုက်ပါ။လူမျိုးခြား၊ဘာသာခြားတွေဆီကနေ အကူအညီဆိုတာမျိုးတွေရလွယ်ပါတယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင် ကလဲကြိုးစားချင်စိတ်ရှိသလို ကံကြမ္မာကလဲ အခွင့်အရေးပေးပါလိမ့်မယ်။အကျိုးပေးဂဏန်း 9/7/0 အထူးဟော အလုပ်စီးပွားတိုးတတ်မည်။ယတြာ နာနတ်သီးကိုးစိပ်ဘုရားကပ်လှူဆုတောင်းပါ။

ကြာသပတေး

မိမိရဲ့အတွေးအခေါ်တွေက မရင့်ကျက်သလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ဘာလုပ်လုပ်မိမိအနေနဲ့ဇွတ် မလုပ် ဘဲ အကြံဉာဏ်ကိုယူစေချင်ပါတယ်။ လူမျိုး ခြားများနှင့်အဆက်အသွယ်ပြုရတတ်သည်။စကားများများပြော ရလိမ့်မည်။ သွားလာလှုပ်ရှားနိုင် လေအကျိုးရှိလေဖြစ်မည်။ အလုပ်ပြောင်းရွှေ့ဖို့ စာတင် ထားသူများ ၊အပြောင်း အရွှေ့ကျ လာ တတ်ပါတယ်။ နေရာသစ်မှာနေထိုင်လုပ်ကိုင်ရတဲ့ကံမျိုးတွေ့ရပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး တော့လဲ ဖိအား တွေများနေတတ် ပါတယ်။ မိတ်ဆွေ ကောင်းရှားနေတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက မိမိကို ချောက်ကျ တတ်ပါတယ်။ လူကြီးကို ဂုံးချောတာမျိုး လုပ်တတ်ပါတယ်။လုပ်ငန်းများတိုးတက်မှုနှေးကွေးနေမည်။ ဝင်ငွေထက် အသုံး စရိတ်များကပိုနေမည်။ စိုးရိမ်သောက များနေတတ်မည်။ ငွေကြေးအသုံးအဖြုန်းကြီးနေတတ် ပါတယ်။ လိုအပ်မှငွေထုတ်သုံးပါလို့ပြောချင်ပါတယ်။

အလုပ်အတွက်လဲ ကြီးမားတဲ့ငွေကြေးရင်းနှီးမြုပ်နှံမှုတွေ မလုပ်လိုက်ပါနဲ့၊ ဒီကာလအတွင်း ကျန်းမာရေးကတော့ အနည်းငယ်တော့ ဂရုစိုက်ပေးပါ။ အိပ်ရေး၀၀အိပ်ပါ။အိမ်တွင်းရေး အပူအပင်တွေကို အချိန်ပြည့် ခေါင်းထဲထည့်မထားပါနဲ့။အချစ်ရေးကံ ပုံမှန်ပါပဲ ။ အညံ့အဆိုးသိပ် မတွေ့ပါဘူး။အိမ်ထောင်ရေးကတော့ အနည်းငယ်ညံ့ဖျင်းနေတာတွေ့ရပါတယ်။ သားသမီးများအတွက်သောကဖြစ် ရ တတ်သည်။ တန်ခိုးအာဏာမှေးမှိန်နေမည်။အကျိုးပေးဂဏန်း 1/2/3အထူးဟော ငွေကိုစီမံခန့်ခွဲတတ်ပါစေ။ယတြာ သြဇာ၄ညွှန့်ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ရရန်ရှိသောကြွေးမြီ များ တောင်းခံရရှိမည်။ မိတ်ဆွေသူငယ်ချင်းများနှင့်နားလည်မှုလွဲမှားတတ် သည်။ သောက များ၍ ဝမ်းနည်းပူဆွေးရလိမ့်မည်။ မီးဘေး၊ ယာဉ်ကားဘေး အန္တရာယ်များကြုံတွေ့ရတတ်သည်။အားနာတဲ့ စိတ်ရှိသူတွေကတော့ ဒီကာလမှာသူများကိုအကူအညီပေးရင်းနဲ့အချိန်ကုန်နေရတတ်ပါတယ်။ အလုပ်မှာ လဲ မနိုင်လို့ ကူညီပေးပါအုံးဆိုတာကို အားနာပြီး ကူညီပေးမိပါက မိမိရဲ့ အနားယူချိန်တွေ လျော့သွားတတ် ပါတယ်။

ကျန်းမာရေးက တော့ အညံ့အဆိုးတွေများနေတာတွေ့ရပါတယ်။ အထူးသဖြင့်အမျိုးသားများအရက်အလွန် အကျွံသောက်ခြင်းမျိုး ရှောင်ပါ။ အမျိုးသမီးများလဲချဉ်ငန်စပ်အလွန်အကျွံမစားလိုက်ပါနဲ့။ဒီကာလမှာ တစ်နေရာ ကနေတစ်နေရာကို ပြောင်းရွှေ့ခြင်းများ၊ အသစ်တစ်ခုစတင်ခြင်းများမကောင်းပါဘူး။ ဒီကာလမှာ ချစ်သူရည်းစား အချင်းချင်းအဆင် ပြေပေမဲ့ မိမိရဲ့အချစ်ရေးကို မိဘတွေကို ဖွင့်ပြောတိုင်ပင်လို့ မကောင်းသေးတဲ့ ကာလပါပဲ။

ငွေကြေးလာချေးတာ မျိုးတွေရှိရင် သတိထားပါ။မပေးလိုက်ပါနဲ့။ အလုပ်ထဲမှာတာဝန်ကြီးကြီးယူထားရသူတွေက တော့ ပိုမိုဂရုစိုက်ပါ။ အောက်လက်ငယ်သားတွေကို အရေးကြီးကိစ္စတွေမခိုင်းပါနဲ့ ။မိမိကသာဦးဆောင်လုပ်ကိုင်ပါ။အိမ်ထောင်ရေးမှာ တော့ ဒီကာလဟာ အညံ့အဆိုးတော့ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ဆွေမျိုးကိစ္စနဲ့ပတ်သက်ပြီး လင်မယားနှစ်ယောက် စကား အခြေအတင်လေးတွေတော့ဖြစ်တတ်ပါတယ်။ပညာရေးအပေါ်စိတ်ဝင်စားမှုအား လျော့နေမည်။အကျိုးပေးဂဏန်း 2/3/8 အထူးဟော အနည်းငယ်စိတ်ပင်ပန်းရမည်။ယတြာ ကလေးတွေကိုမုန့်ဝယ်ကျွေးလိုက်ပါ။

စနေ

ဒီကာလအတွင်း မိမိရဲ့လိုအင်ဆန္ဒတွေကိုကောင်းစွာဖြည့်ဆည်းနိုင်ပါတယ်။ မိမိရည်ရွယ်ကြံစည်ထားတာ လေးတွေပြည့်မြောက်ဖို့ ကံကြမ္မာအခွင့်အရေးပေးပါလိမ့်မယ်။ ဒါကြောင့်ကြိုးစားပါ။စိတ်ကောင်းစေတနာကောင်း မွေးပါ။ မိမိရဲ့ကောင်းသောကံတွေဖြစ်ထွန်းပါလိမ့်မယ်။ မပြီးပြတ်သောလုပ်ငန်းများ ပြီးပြတ်မည်။ မိမိထူထောင်ထား သောကြိုးပမ်းမှုများအောင်မြင်ဖြစ်ထွန်းမည်။

မိတ်ဆွေကောင်းများနှင့် တွေ့ဆုံရမည်။ အောက်လက်ငယ်ကိုဖြစ်စေ ၊လုပ်ငန်းရှင်များဆို ကြိုးစားတဲ့ ဝန်ထမ်းကို ဖြစ်စေ ချီးမြောက်ပါ။မိမိလုပ်ငန်းအတွက် လိုအပ်သောစက်ပစ္စည်း များကို အသစ်လဲလှယ်တပ်ဆင်ခြင်း၊စတင် လည်ပတ်ခြင်းများ ဒီကာလမှာ ဆောာင်ရွက်လို့ အထူးကောင်းပါတယ်။ အသေးစား၊အလတ်စားစီးပွားရေးလုပ် ငန်းရှင်အားပိုမိုအောင်မြင်ထွန်းပေါက်တတ်ပါတယ်။ ခရီးတိုလေးတွေသွား ရဖို့ အကြောင်းဖန်လာတတ်ပါတယ်။

ကျန်းမာရေးကတော့ အထူးကောင်းနေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ် သက်ပြီး တော့ စိတ်ချမ်းသာရမဲ့အချိန်ပါပဲ။ လိုချင်တာတွေကိုရအောင်လုပ်ဆောင်နိုင်ပါလိမ့် မယ်။အချစ်ရေးက တော့ ချစ်သူကမိမိကိုစိတ်ချမ်းသာအောင်ထား ပါလိမ့်မယ်။ အိမ်ထောင်ရေးမှာလဲအဆင်ပြေစိတ် ချမ်းသာရ တတ်ပါတယ်။ပညာရေးကတော့ အထူးကောင်းပါ တယ်။ကြိုးစားပါ။ထင်ထားသည်ထက်ပိုမိုအောင်မြင်ပါတယ်။အကျိုးပေးဂဏန်း 3/5/8အထူးဟော ကံမြင့်မားနေပါတယ်။ယတြာ စံပယ်ပန်းဘုရားကပ်လှူဆုတောင်းပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Leave a Reply

Your email address will not be published. Required fields are marked *