” Covid အေၾကာက္လြန္ဒုကၡႏွင့္ အႏၲရာယ္မ်ား “

” Covid အေၾကာက္လြန္ဒုကၡႏွင့္ အႏၲရာယ္မ်ား ”

Dettol နဲ႔ေရခ်ိဳး အေသဆိုးနဲ႔ေသ၊ပိုးသတ္ေဆးအားကိုး အေသဆိုးနဲ႔ေသလို့ မေျပာခ်င္ေပမယ့္မေသသင့္ဘဲ ေသခဲ့ရပါၿပီ။

က်ေနာ့္ရပ္ကြက္ထဲမွ က်ေနာ့္ဆီသူ႔ေျမးေလးလက္ဆြဲ ကြန္ပ်ဴတာသင္ဖို့ လာအပ္၊ ေနာက္ေျမးကေလးကို ေျခာက္တန္းစာေလးႀကိဳသင္ေပးဖို့လာအပ္ေပးၿပီး

ႏွစ္ေပါင္းမ်ားစြာ ခင္မင္ခဲ့သူ နယ္မွ အသက္ ၇၀ အရြယ္ရွိ အမ်ိဳးသမီးႀကီး။ သူ႔အစ္ကို ေရာဂါသည္ကို ျပဳစုေစာင့္ေရွာက္ေပးေနသူ။ သူ႔တူမေလးႏွင့္ ကေလးေပါက္စႏွစ္ေယာက္ကို ကူညီေပးေနသူ။

အသက္ႀကီးလို့ ေထြလီကာလီေရာဂါေလးေတြ
ရွိေပမယ့္ မေသနိုင္ေသးသူ။ Covid ေၾကာင့္မေသ၊ Covid အေၾကာက္လြန္လို့ ေသရပါပေကာ။

အသက္ႀကီးသူေတြ Covid ျဖစ္ရင္ အသက္အႏၲရာယ္ရွိတယ္လို့ ၾကားထားေတာ့ သူ႔တူမက ေရခ်ိဳးရင္ အဆိုပါ Dettol ပိုးသတ္ေဆးေလး နည္းနည္းထည့္ ခ်ိဳးခိုင္းသတဲ့။

ပိုးေသေအာင္ေပါ့။ Dettol, Acceptol ဆိုတဲ့ ပိုးသတ္ေဆးက အိမ္သာ၊ ေထြးခံ၊ ဆီးအိုးစသည္တို့ကိုသာ တစ္စက္ ႏွစ္စက္ ထည့္ရတာမ်ိဳး။

သိပ္ကို လိုအပ္လို့ လက္ေဆး ေျခေဆး အနာသန႔္စင္ရင္ေတာင္ ခ်က္ခ်င္း ေရေႏြးအျဖဴထည္နဲ႔ ျပန္သန႔္စင္ပစ္ရတာမ်ိဳးပါ။ လူ႔ခႏၶာကိုယ္နဲ႔ သိပ္မသုံးသင့္လို့ နားလည္ထားပါတယ္။ သုံးရင္လည္း ျပန္သန႔္စင္ေပါ့။

အဲဒါ ဒီ Covid ကာလမွာ Dettol ထည့္ၿပီး ေရခ်ိဳးေနက်ေပါ့။ ျဖစ္မယ့္ေန႔မွာ လာကူေပးေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ေရခ်ိဳးဖို့ျပင္ေပးခိုင္းရင္း Dettol ေလး နည္းနည္း ထည့္ခိုင္းလိုက္သတဲ့။

ၾကည့္ရတာ မ်ားသြားပုံရတယ္၊ ေရခ်ိဳး႐ုံမက ပါးစပ္ထဲထည့္၊ ပလုတ္ပါက်င္းလိုက္သတဲ့။ သြားၿပီေပါ့၊ ေဆး႐ုံေရာက္၊ ဆုံးပါးသြားသည္အထိ။ ေနာက္တစ္ရက္က် ရွိတဲ့လူနဲ႔သၿဂႋဳလ္။

Covid နဲ႔ မေသ၊ Covid အေၾကာက္လြန္ၿပီးေတာ့ေသ။

ေနာက္ စိတ္ေရာဂါ၊

တစ္ခ်ိဳ့က ကိုယ့္ကိုယ္ကို ေၾကာက္တာ၊ အခန္းတံခါးပိတ္ၿပီး ကိုယ့္အိမ္သားေတာင္အ၀င္မခံေတာ့ပဲ ကလိုရင္း၊ စပရစ္ အထပ္ထပ္ျဖန္းေနတာ။

အဲဒီ့ ေဆးေတြ ႏွာေခါင္းထဲ၀င္၊ အဲဒီ့ေဆးေတြျဖန္းထားတဲ့ လက္ေတြနဲ႔ မုန႔္ေတြ အစားအစာေတြ ကိုင္စား၊ ပါးစပ္ထဲ၀င္။ အဆိပ္ေတြပါ၊ ပိုးသတ္ေဆးေတြ ခႏၶာကိုထဲ ၀င္ေနတာ။

အဲဒီ့အထဲ ပိုဆိုးတာက ႏွာေခါင္းနဲ႔ပါးစပ္ကိုဖုံးမယ့္ Mask ကို Hand Gel Spray ျဖန္းၿပီးမွ ႏွာေခါင္းနဲ႔ပါးစပ္ကို အုပ္လိုက္တာ၊ အသက္ရွူတိုင္း ပိုးသတ္ေဆးေတြ အဆုတ္ထဲဝင္ၿပီးေပါ့။

အႀကိမ္ေရမ်ားလာရင္ ပိုးသတ္ေဆး ယဥ္ပါးတာထက္ ေက်ာက္ကပ္လိုေရာဂါမ်ိဳး ျဖစ္လာနိုင္တာေပါ့။ ေသြးအဆိပ္ျဖစ္မယ့္ေရာဂါမ်ိဳး ျဖစ္လာနိုင္တာေပါ့။

တစ္ခ်ိဳ့က ကိုယ့္မိသားစုကိုပါ ဂ႐ုစိုက္လြန္ အစိုးရိမ္လြန္တာ၊

အျပင္က ျပန္လာရင္ အိမ္ေပါက္၀မွာ အကုန္ခၽြတ္၊ ဘယ္ေလာက္ေအးေအး၊ ညဘက္ႀကီး ျဖစ္ပါေစ၊ ေရခ်ိဳးသင့္တဲ့ အခ်ိန္လား၊

မခ်ိဳးသင့္တဲ့ အခ်ိန္လား၊ မစဥ္းစားေတာ့ဘဲ အတင္းခ်ိဳးခိုင္း၊ ေခါင္းေလၽွာ္ခိုင္း။ က်ေနာ္တို့ မသိလိုက္ရဘဲ အပူရွပ္ အဖ်ားဝင္ ဦးေႏွာက္ေသြးေၾကာျပတ္ ေသသြားတာေတြ ရွိမွာပါပဲ။

အခု က်ေနာ့္နားတင္ ဆုံးသြားတဲ့ကိစၥဆို က်ေနာ္ေတာင္ ခ်က္ခ်င္း မသိရ။ အေဝးကသူမ်ား ပိုဆိုးေပါ့။

ေဈးျပန္ရင္ အသီးအႏွံေတြေရာ အသားငါးေတြပါ ဆပ္ျပာနဲ႔ေဆးသတဲ့၊ ဪ ဒုကၡ။

ေနာက္တစ္မ်ိဳးက စိတ္ေရာဂါျဖစ္သြားပါၿပီ။
အိမ္ထဲမွာ အေၾကာက္လြန္ၿပီး ကိုယ့္ေယာက္်ား၊ ကိုယ့္သားသမီးေတာင္ ပိုးရွိတယ္ထင္၊ သုံးေပမက ေျခာက္ေပကြာေနရင္ေတာင္ စိတ္မခ်ေသး။ တစ္အိမ္ထဲမွာ တစ္ခန္းနဲ႔မွာ ေနရတာကို ပိုးကူးမယ္ခ်ည္းထင္။

တစ္ခုခု ကိုင္မိရင္ လက္ကို ေရနဲ႔ေဆးမဆုံး၊ အႀကိမ္ ၃၀ ေလာက္ ေဆးေနတာကို အားမရ။ ေရကို သုံးေလးငါးခါခ်ိဳး၊ ေခါင္းေလၽွာ္၊ အသားေတြ ‌ေပါက္ျပဲမတတ္ ကုတ္ျခစ္။အဲဒါ စိတ္ေရာဂါျဖစ္ေနပါၿပီ။

ေနာက္ဆုံး စိတ္ေရာဂါဆရာဝန္နဲ႔ ျပၿပီး ကုရတဲ့အဆင့္ေရာက္သြားပါၿပီ။

အဲဒါ က်ေနာ္အထင္ေတာ့ မေပါ့ဆသင့္သလို၊ အေၾကာက္လည္း မလြန္သင့္ပါဘူး။ သိထားရမယ့္၊ သတိထားရမယ့္ အေၾကာင္းအခ်က္ေတြကို သိထားၿပီး သတိထားလိုက္ရင္ အေၾကာက္လြန္စရာ မလိုေတာ့ပါဘူး။

တခ်ိဳ့က ကိုယ္ကိုယ္တိုင္ ေၾကာက္႐ုံမက တစ္ပါးသူကိုလည္း တအားေျခာက္၊ တအားဆရာလုပ္တာကို။ ဆိုးက်ိဳးျဖစ္ခဲ့ရင္ ကာယကံရွင္ပဲ ခံရတာပါ။

Covid မျဖစ္ေအာင္ က်န္းမာေရးစည္းကမ္းမ်ားနဲ႔အညီ လက္ေဆး၊ Mask တပ္၊ ေျခာက္ေပအကြာေန၊ လူစုလူေဝးနဲ႔ဆို သတိထား၊ က်ေနာ္ သတိထားမိသေလာက္ ကိုယ့္လက္နဲ႔ ကိုယ့္မ်က္ႏွာကိုင္၊ ကိုယ္ႏွာေခါင္း မႏွိုက္ရင္ကို မျဖစ္နိုင္ပါဘူး။ က်န္တဲ့ေရာဂါကမွ အလြယ္တကူ ဝင္လာနိုင္ေသးတယ္။

စိတ္ေပါ့ေပါ့ပါးပါးနဲ႔ က်န္းမာ‌ေရးစည္းကမ္းမ်ားကို လိုက္နာပါ။ အျမဲတမ္း လိုက္နာက်င့္သုံးသြားရေတာ့မွာပါ။

New Normal Life Style ဆိုတာေပါ့။
မေၾကာက္ပါနဲ႔၊ မေျခာက္ပါနဲ႔၊ မေပါ့ပါနဲ႔၊ သတိကပ္ၿပီး ေပါ့ေပါ့ပါးပါးေနပါမိတ္ေဆြတို့။

ကိုႏြဲ႕ျမင့္သိန္း။

” Covid အကြောက်လွန်ဒုက္ခနှင့် အန္တရာယ်များ ”

Dettol နဲ့ရေချိုး အသေဆိုးနဲ့သေ၊ပိုးသတ်ဆေးအားကိုး အသေဆိုးနဲ့သေလို့ မပြောချင်ပေမယ့်မသေသင့်ဘဲ သေခဲ့ရပါပြီ။

ကျနော့်ရပ်ကွက်ထဲမှ ကျနော့်ဆီသူ့မြေးလေးလက်ဆွဲ ကွန်ပျူတာသင်ဖို့ လာအပ်၊ နောက်မြေးကလေးကို ခြောက်တန်းစာလေးကြိုသင်ပေးဖို့လာအပ်ပေးပြီး

နှစ်ပေါင်းများစွာ ခင်မင်ခဲ့သူ နယ်မှ အသက် ၇၀ အရွယ်ရှိ အမျိုးသမီးကြီး။ သူ့အစ်ကို ရောဂါသည်ကို ပြုစုစောင့်ရှောက်ပေးနေသူ။ သူ့တူမလေးနှင့် ကလေးပေါက်စနှစ်ယောက်ကို ကူညီပေးနေသူ။

အသက်ကြီးလို့ ထွေလီကာလီရောဂါလေးတွေရှိပေမယ့် မသေနိုင်သေးသူ။ Covid ကြောင့်မသေ၊ Covid အကြောက်လွန်လို့ သေရပါပကော။

အသက်ကြီးသူတွေ Covid ဖြစ်ရင် အသက်အန္တရာယ်ရှိတယ်လို့ ကြားထားတော့ သူ့တူမက ရေချိုးရင် အဆိုပါ Dettol ပိုးသတ်ဆေးလေး နည်းနည်းထည့် ချိုးခိုင်းသတဲ့။

ပိုးသေအောင်ပေါ့။ Dettol, Acceptol ဆိုတဲ့ ပိုးသတ်ဆေးက အိမ်သာ၊ ထွေးခံ၊ ဆီးအိုးစသည်တို့ကိုသာ တစ်စက် နှစ်စက် ထည့်ရတာမျိုး။

သိပ်ကို လိုအပ်လို့ လက်ဆေး ခြေဆေး အနာသန့်စင်ရင်တောင် ချက်ချင်း ရေနွေးအဖြူထည်နဲ့ ပြန်သန့်စင်ပစ်ရတာမျိုးပါ။ လူ့ခန္ဓာကိုယ်နဲ့ သိပ်မသုံးသင့်လို့ နားလည်ထားပါတယ်။ သုံးရင်လည်း ပြန်သန့်စင်ပေါ့။

အဲဒါ ဒီ Covid ကာလမှာ Dettol ထည့်ပြီး ရေချိုးနေကျပေါ့။ ဖြစ်မယ့်နေ့မှာ လာကူပေးနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရေချိုးဖို့ပြင်ပေးခိုင်းရင်း Dettol လေး နည်းနည်း ထည့်ခိုင်းလိုက်သတဲ့။

ကြည့်ရတာ များသွားပုံရတယ်၊ ရေချိုးရုံမက ပါးစပ်ထဲထည့်၊ ပလုတ်ပါကျင်းလိုက်သတဲ့။ သွားပြီပေါ့၊ ဆေးရုံရောက်၊ ဆုံးပါးသွားသည်အထိ။ နောက်တစ်ရက်ကျ ရှိတဲ့လူနဲ့သင်္ဂြိုလ်။

Covid နဲ့ မသေ၊ Covid အကြောက်လွန်ပြီးတော့သေ။

နောက် စိတ်ရောဂါ၊

တစ်ချို့က ကိုယ့်ကိုယ်ကို ကြောက်တာ၊ အခန်းတံခါးပိတ်ပြီး ကိုယ့်အိမ်သားတောင်အဝင်မခံတော့ပဲ ကလိုရင်း၊ စပရစ် အထပ်ထပ်ဖြန်းနေတာ။

အဲဒီ့ ဆေးတွေ နှာခေါင်းထဲဝင်၊ အဲဒီ့ဆေးတွေဖြန်းထားတဲ့ လက်တွေနဲ့ မုန့်တွေ အစားအစာတွေ ကိုင်စား၊ ပါးစပ်ထဲဝင်။ အဆိပ်တွေပါ၊ ပိုးသတ်ဆေးတွေ ခန္ဓာကိုထဲ ဝင်နေတာ။

အဲဒီ့အထဲ ပိုဆိုးတာက နှာခေါင်းနဲ့ပါးစပ်ကိုဖုံးမယ့် Mask ကို Hand Gel Spray ဖြန်းပြီးမှ နှာခေါင်းနဲ့ပါးစပ်ကို အုပ်လိုက်တာ၊ အသက်ရှူတိုင်း ပိုးသတ်ဆေးတွေ အဆုတ်ထဲဝင်ပြီးပေါ့။

အကြိမ်ရေများလာရင် ပိုးသတ်ဆေး ယဉ်ပါးတာထက် ကျောက်ကပ်လိုရောဂါမျိုး ဖြစ်လာနိုင်တာပေါ့။ သွေးအဆိပ်ဖြစ်မယ့်ရောဂါမျိုး ဖြစ်လာနိုင်တာပေါ့။

တစ်ချို့က ကိုယ့်မိသားစုကိုပါ ဂရုစိုက်လွန် အစိုးရိမ်လွန်တာ၊

အပြင်က ပြန်လာရင် အိမ်ပေါက်ဝမှာ အကုန်ချွတ်၊ ဘယ်လောက်အေးအေး၊ ညဘက်ကြီး ဖြစ်ပါစေ၊ ရေချိုးသင့်တဲ့ အချိန်လား၊

မချိုးသင့်တဲ့ အချိန်လား၊ မစဉ်းစားတော့ဘဲ အတင်းချိုးခိုင်း၊ ခေါင်းလျှော်ခိုင်း။ ကျနော်တို့ မသိလိုက်ရဘဲ အပူရှပ် အဖျားဝင် ဦးနှောက်သွေးကြောပြတ် သေသွားတာတွေ ရှိမှာပါပဲ။

အခု ကျနော့်နားတင် ဆုံးသွားတဲ့ကိစ္စဆို ကျနော်တောင် ချက်ချင်း မသိရ။ အဝေးကသူများ ပိုဆိုးပေါ့။

ဈေးပြန်ရင် အသီးအနှံတွေရော အသားငါးတွေပါ ဆပ်ပြာနဲ့ဆေးသတဲ့၊ ဪ ဒုက္ခ။

နောက်တစ်မျိုးက စိတ်ရောဂါဖြစ်သွားပါပြီ။
အိမ်ထဲမှာ အကြောက်လွန်ပြီး ကိုယ့်ယောက်ျား၊ ကိုယ့်သားသမီးတောင် ပိုးရှိတယ်ထင်၊ သုံးပေမက ခြောက်ပေကွာနေရင်တောင် စိတ်မချသေး။ တစ်အိမ်ထဲမှာ တစ်ခန်းနဲ့မှာ နေရတာကို ပိုးကူးမယ်ချည်းထင်။

တစ်ခုခု ကိုင်မိရင် လက်ကို ရေနဲ့ဆေးမဆုံး၊ အကြိမ် ၃၀ လောက် ဆေးနေတာကို အားမရ။ ရေကို သုံးလေးငါးခါချိုး၊ ခေါင်းလျှော်၊ အသားတွေ ‌ပေါက်ပြဲမတတ် ကုတ်ခြစ်။
အဲဒါ စိတ်ရောဂါဖြစ်နေပါပြီ။

နောက်ဆုံး စိတ်ရောဂါဆရာဝန်နဲ့ ပြပြီး ကုရတဲ့အဆင့်ရောက်သွားပါပြီ။

အဲဒါ ကျနော်အထင်တော့ မပေါ့ဆသင့်သလို၊ အကြောက်လည်း မလွန်သင့်ပါဘူး။ သိထားရမယ့်၊ သတိထားရမယ့် အကြောင်းအချက်တွေကို သိထားပြီး သတိထားလိုက်ရင် အကြောက်လွန်စရာ မလိုတော့ပါဘူး။

တချို့က ကိုယ်ကိုယ်တိုင် ကြောက်ရုံမက တစ်ပါးသူကိုလည်း တအားခြောက်၊ တအားဆရာလုပ်တာကို။ ဆိုးကျိုးဖြစ်ခဲ့ရင် ကာယကံရှင်ပဲ ခံရတာပါ။

Covid မဖြစ်အောင် ကျန်းမာရေးစည်းကမ်းများနဲ့အညီ လက်ဆေး၊ Mask တပ်၊ ခြောက်ပေအကွာနေ၊ လူစုလူဝေးနဲ့ဆို သတိထား၊ ကျနော် သတိထားမိသလောက် ကိုယ့်လက်နဲ့ ကိုယ့်မျက်နှာကိုင်၊ ကိုယ်နှာခေါင်း မနှိုက်ရင်ကို မဖြစ်နိုင်ပါဘူး။ ကျန်တဲ့ရောဂါကမှ အလွယ်တကူ ဝင်လာနိုင်သေးတယ်။

စိတ်ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာ‌ရေးစည်းကမ်းများကို လိုက်နာပါ။ အမြဲတမ်း လိုက်နာကျင့်သုံးသွားရတော့မှာပါ။

New Normal Life Style ဆိုတာပေါ့။
မကြောက်ပါနဲ့၊ မခြောက်ပါနဲ့၊ မပေါ့ပါနဲ့၊ သတိကပ်ပြီး ပေါ့ပေါ့ပါးပါးနေပါမိတ်ဆွေတို့။

ကိုနွဲ့မြင့်သိန်း။

Leave a Reply

Your email address will not be published. Required fields are marked *