ေဒါက္တာေနစိုးေမာင္ေရးတဲ့NLD ကို မဲေပးရျခင္း အေၾကာင္းရင္း

Zawgyi ျဖင့္ဖတ္ရန္

ေဒါက္တာေနစိုးေမာင္ေရးတဲ့NLD ကို မဲေပးရျခင္း အေၾကာင္းရင္း

တေလာက ဆရာဦးျမတ္ခိုင္က interview ဘို့ ကၽြန္ ေတာ့္ ကို ဖိတ္ေခၚေပမဲ့ ႏွစ္ဦးအားတဲ့အခ်ိန္ေတြ မတိုက္ ဆိုင္ၾကလို့ မေျဖျဖစ္ပါဘူး… ဒါနဲ႔ message နဲ႔ေျပာရင္ လည္းရပါ တယ္ဆိုလို့ ယခုျပန္ေျဖေပးပါ့မယ္…။ဦးျမတ္ခိုင္ရဲ့ ေမးခြန္းတစ္ခုက “ဆရာေရ…ဆရာက တပ္မေတာ္အရာရွိႀကီးတဦးျဖစ္ခဲ့တယ္၊ အထူးသျဖင့္ ဗိုလ္ခ်ဳပ္မွူးႀကီးသန္းေရႊ ရဲ့သားမက္ ျဖစ္ပါလ်က္ NLD ကိုမဲေပးတယ္ဆိုတာက စိတ္ဝင္စားစရာျဖစ္ေန ပါတယ္… ဘာေၾကာင့္NLDကိုမဲေပးခဲ့တယ္ ဆိုတာရွင္းျပနိုင္မလားဗ်… ”

ကၽြန္ေတာ္ NLD ကိုမဲေပးခဲ့လို့ အမ်ားကေထာက္ခံအား ေပးေပမဲ့ တေယာက္စႏွစ္ေယာက္စက ဆဲေရးျပစ္တင္တာ သာကူး လို့ေျပာတာေတြရွိခဲ့ပါတယ္… ကၽြန္ေတာ္တို့ရဲ့ ပုံရိပ္ကို အသုံးခ်ၿပီး ထင္ေပၚခ်င္တဲ့ နိုင္ငံေရးသမား ေယာင္ေယာင္ တစ္ေယာက္ကလည္း ေနာက္ေၾကာင္းျပန္ မွာ ေၾကာက္လို့ ဘက္ေျပာင္းတာလို့ ေျပာျပန္ပါတယ္… ကိုယ္က ေနာက္ ေၾကာင္းရွင္းလို့ ဘာမွေၾကာက္စရာမလို သလို အရင္ငါးႏွစ္ တုံးကလည္း NLD ကိုဘဲ မဲေပးခဲ့တာမို့ ဘက္ေျပာင္းလာ တာမဟုတ္ပါ… မူလအရင္းအတိုင္းပါ…။

ကၽြန္ေတာ့္ရဲ့ေယာကၡမ ကၽြန္ေတာ့္မိသားစုကေတာင္ဘာ မွမေျပာ မကန္႔ကြက္တာ သူတိုကဘာျဖစ္ေနၾကတာလဲလို့ လည္း သိခ်င္ေနမိပါတယ္… (အစကေတာ့ကိုယ္ကလည္း စိတ္ရွင္းၿပီး ေဝဖန္တာေတြ ကို ျပန္ေျပာရင္လည္း သူတို့နဲ႔ယွဥ္ၿပီး ကိုယ့္အဆင့္အတန္း ကိုယ္ခ်သလိုျဖစ္မွာစိုးလို့ျပန္မေျပာခဲ့ပါ…)။ကၽြန္ေတာ္ NLD ကိုမဲေပးရျခင္းမွာ အဓိကကေတာ့ ကိုယ့္နိုင္ငံႏွင့္ ကိုယ့္လူမ်ိဳးကို ခ်စ္၍ျဖစ္ပါတယ္။ကၽြန္ေတာ္တို့နိုင္ငံဟာ ကမၻာကိုရင္ေဘာင္တန္းဘို့ မဆို ထားနဲ႔ အေရွ႕ေတာင္အာရွမွာေတာင္အေတာ္ေနာက္က် ေနပါၿပီ

အေရွ႕ေတာင္အာရွ ၁၁နိုင္ငံမွာ ေျမဧရိယာ နဲ႔ယွဥ္ရင္ အင္ဒိုနီးရွားၿပီးရင္ ျမန္မာက ဒုတိယ အက်ယ္ ဆုံးပါ၊ လူဦးေရနဲ႔ယွဥ္ရင္ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဗီယက္ နမ္၊ ထိုင္းၿပီးရင္ ပဥၥမေနရာမွာရွိပါတယ္၊သဘာဝ သယံဇာ တေတြ ေရ၊ေျမအရင္းအျမစ္ေတြလည္းေပါႂကြယ္ပါတယ္။ဒါေပမဲ့ တိုင္းျပည္ရဲ့ ဖြံ့ၿဖိဳးတိုးတက္မွုကိုၾကည့္ရင္ေတာ့ အေတာ္ေနာက္က်က်န္ခဲ့ၿပီး LDC Least Developed Country အျဖစ္ကိုေတာင္အေျခအေနေကာင္းေတြရွိရက္ နဲ႔ ေရာက္သြားခဲ့ရဘူးတယ္…

အခုလည္း အေျခအေန ေကာင္းေတြ ျပန္ရဘို့ ႀကိဳးစား႐ုန္းကန္ ေနရတုံးပါ…။တခ်ိန္ကအာရွမွာေတာင္ ဖြံ့ၿဖိဳးမွုထိပ္ပိုင္းကရပ္တည္ခဲ့ ၿပီး ခ်မ္းသာခဲ့တဲ့ နိုင္ငံကအခုေတာ့တစ္ဦးခ်င္းအသားတင္ ထုတ္ကုန္ GDP per capita ၾကည့္ရင္ အေရွ႕ေတာင္ အာရွနိုင္ငံေတြထဲမွာ ေအာက္ဆုံးနား ေရာက္ေနၿပီး ျပည္ သူ အမ်ားစုကဆင္းရဲေနတာကိုလည္း စိတ္မေကာင္းစြာ ေတြ႕ရပါတယ္…။ဒီလိုအေနအထားေတြက ႐ုန္းထြက္ဘို့ဆိုတာျပည္သူအ မ်ား ကိုကိုယ္စားျပဳၿပီး ျပည္သူေတြရဲ့ အသံကိုနားေထာင္ မဲ့အစိုးရ၊ လုပ္ပိုင္ခြင့္ေတြကို အဂတိကင္းစြာ ခ်ေပးမဲ့အစိုး ရ၊ ေဒသအသီးသီးရဲ့ အရင္းအျမစ္ေတြကို သက္ဆိုင္ ရာ ေဒသခံေတြ စီမံခန္႔ခြဲ ခံစားခြင့္ေပးမဲ့ အစိုးရ မ်ိဳးလို တယ္လို့ ကၽြန္ေတာ္ ခံယူမိပါတယ္….။

လက္ရွိမွာ NLD ဟာ အစိုးရသက္တမ္း၅ ႏွစ္တာဝန္ယူ ခဲ့ၿပီး အားနည္းခ်က္အခ်ိဳ့ရွိခဲ့ေပမဲ့ ျပည္သူေတြရဲ့ အသံ ကို နားေထာင္ၿပီး အဂတိနည္းစြာ ဖိႏွိပ္မွုနည္းစြာ ေဆာင္ ရြက္ခဲ့တယ္လို့ ယူဆပါတယ္… အဂတိလိုက္စားရင္ ျပည္ နယ္ ဝန္ႀကီးခ်ဳပ္ကိုေတာင္ ထိေရာက္စြာ အေရးယူခဲ့တာ ကိုလည္းေတြ႕ရပါတယ္… ။အထူးသျဖင့္ေတာ့ ျပည္သူေတြ အေၾကာက္တရားလႊမ္း မိုးခံရၿပီး က်ီးလန္႔စာစားရတဲ့ ဘဝကေနကင္းလြတ္လို့ စိတ္ေအးခ်မ္းသာ ေနလာရတာေတာ့ အမ်ားအသိပါ…

အရင္က မတရားသိမ္းပိုက္ခဲ့တဲ့ ေျမယာေတြေတာင္ ျပန္ရ ေအာင္ လုပ္ေဆာင္ေပးနိုင္ခဲ့တာလည္းေတြ႕ရပါတယ္..။ကၽြန္ေတာ္ ငယ္စဥ္က လူရည္ခၽြန္ျဖစ္ခဲ့ဘူးၿပီး လူငယ္ မ်ားေတြ႕ဆုံပြဲလုပ္ေတာ့ “ကၽြန္ေတာ္ႀကီးလ်င္ အိမ္ေလး တစ္လုံး ကားေလးတစ္စီး မိန္းမတစ္ေယာက္ရရင္ေတာ္ ပါၿပီ၊ ကိုယ္ဆရာဝန္ျဖစ္ရင္လည္း မရွိဆင္းရဲသားေတြ ကို အခမဲ့ ေဆးကုသေပးခ်င္တယ္”လို့ ေျပာခဲ့ဘူးပါတယ္…။

ဒါ့ေၾကာင့္လည္း ဝန္ထမ္းဘဝမွာကိုယ္တတ္နိုင္တဲ့ဘက္ က အမ်ားကို ကူညီပံ့ပိုးသလို ပင္စင္ယူၿပီးေတာ့လည္း အခမဲ့ ေရြ႕လ်ားေဆးခန္း လမ္းေဘးကေလးငယ္ေတြ အ တြက္ လမ္းေဘးစာသင္ဝိုင္း၊ အျခားပရဟိတေတြနဲ႔ ပညာ ေပးလုပ္ငန္းေတြ ကိုဘဲ အေျခခံလူတန္းစားေတြ ဘဝတိုး တက္ ေရးေတြကို အဆက္မျပတ္လုပ္ခဲ့ပါတယ္…။ပထမေတာ့ တခ်ိဳ့ကဒါေတြဟာ နိုင္ငံေရးမဲဆြယ္ဘို့ ဟန္ ျပ လုပ္ေနတယ္လို့ ထင္ၾကေပမဲ့ ၾကာလာေတာ့ သေဘာ ေပါက္လာၾကပါတယ္..

တကယ္ေတာ့ကၽြန္ေတာ္က ကိုယ့္ အတြက္ ဘာမွ မေမၽွာ္လင့္ပါဘူး… ဖြံ့ၿဖိဳးမွု နိမ့္က်ေနတဲ့ ကိုယ့္နိုင္ငံ ကိုျပန္လည္ျမႇင့္တင္ဘို့ ကိုယ့္လူမ်ိဳးေတြအဆင့္ အတန္းျပန္ျမင့္လာဘို့ ကိုယ့္ရဲ့က်န္ေနေသးတဲ့ သက္တမ္း မွာ တတ္နိုင္တဲ့ဘက္က တပိုင္တနိုင္လုပ္ေနတာပါ…။ကိုယ့္နိုင္ငံ ၿငိမ္းခ်မ္းၿပီး ဖြံ့ၿဖိဳးတိုးတက္ဘို့ဆိုရင္ ကိုယ့္ ပိုင္ဆိုင္မွုေတြကိုေပးနိုင္တယ္လို့လည္းေျပာခဲ့ၿပီးပါၿပီ… ဒါ့ေၾကာင့္လည္း လတ္တေလာ အေနအထားမွာ ကိုယ္ ေမၽွာ္မွန္းထားတဲ့အတိုင္း ေဆာင္ရြက္ေပးနိုင္မယ္လို့ ယူဆ တဲ့ ပါတီကို မည္သူမွ တိုက္တြန္းျခင္း တားျမစ္ျခင္း မရွိဘဲ ယုံယုံၾကည္ၾကည္ မဲထဲ့ခဲ့တာပါဘဲ…။

@Dr. Nay Soe Maung

Unicode ျဖင့္ဖတ္ရန္

ဒေါက်တာနေစိုးမောင်ရေးတဲ့NLD ကို မဲပေးရခြင်း အကြောင်းရင်း

တလောက ဆရာဦးမြတ်ခိုင်က interview ဘို့ ကျွန် တော့် ကို ဖိတ်ခေါ်ပေမဲ့ နှစ်ဦးအားတဲ့အချိန်တွေ မတိုက် ဆိုင်ကြလို့ မဖြေဖြစ်ပါဘူး… ဒါနဲ့ message နဲ့ပြောရင် လည်းရပါ တယ်ဆိုလို့ ယခုပြန်ဖြေပေးပါ့မယ်…။ဦးမြတ်ခိုင်ရဲ့ မေးခွန်းတစ်ခုက “ဆရာရေ…ဆရာက တပ်မတော်အရာရှိကြီးတဦးဖြစ်ခဲ့တယ်၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့သားမက် ဖြစ်ပါလျက် NLD ကိုမဲပေးတယ်ဆိုတာက စိတ်ဝင်စားစရာဖြစ်နေ ပါတယ်… ဘာကြောင့်NLDကိုမဲပေးခဲ့တယ် ဆိုတာရှင်းပြနိုင်မလားဗျ… ”

ကျွန်တော် NLD ကိုမဲပေးခဲ့လို့ အများကထောက်ခံအား ပေးပေမဲ့ တယောက်စနှစ်ယောက်စက ဆဲရေးပြစ်တင်တာ သာကူး လို့ပြောတာတွေရှိခဲ့ပါတယ်… ကျွန်တော်တို့ရဲ့ ပုံရိပ်ကို အသုံးချပြီး ထင်ပေါ်ချင်တဲ့ နိုင်ငံရေးသမား ယောင်ယောင် တစ်ယောက်ကလည်း နောက်ကြောင်းပြန် မှာ ကြောက်လို့ ဘက်ပြောင်းတာလို့ ပြောပြန်ပါတယ်… ကိုယ်က နောက် ကြောင်းရှင်းလို့ ဘာမှကြောက်စရာမလို သလို အရင်ငါးနှစ် တုံးကလည်း NLD ကိုဘဲ မဲပေးခဲ့တာမို့ ဘက်ပြောင်းလာ တာမဟုတ်ပါ… မူလအရင်းအတိုင်းပါ…။

ကျွန်တော့်ရဲ့ယောက္ခမ ကျွန်တော့်မိသားစုကတောင်ဘာ မှမပြော မကန့်ကွက်တာ သူတိုကဘာဖြစ်နေကြတာလဲလို့ လည်း သိချင်နေမိပါတယ်… (အစကတော့ကိုယ်ကလည်း စိတ်ရှင်းပြီး ဝေဖန်တာတွေ ကို ပြန်ပြောရင်လည်း သူတို့နဲ့ယှဉ်ပြီး ကိုယ့်အဆင့်အတန်း ကိုယ်ချသလိုဖြစ်မှာစိုးလို့ပြန်မပြောခဲ့ပါ…)။ကျွန်တော် NLD ကိုမဲပေးရခြင်းမှာ အဓိကကတော့ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးကို ချစ်၍ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာကိုရင်ဘောင်တန်းဘို့ မဆို ထားနဲ့ အရှေ့တောင်အာရှမှာတောင်အတော်နောက်ကျ နေပါပြီ

အရှေ့တောင်အာရှ ၁၁နိုင်ငံမှာ မြေဧရိယာ နဲ့ယှဉ်ရင် အင်ဒိုနီးရှားပြီးရင် မြန်မာက ဒုတိယ အကျယ် ဆုံးပါ၊ လူဦးရေနဲ့ယှဉ်ရင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ ထိုင်းပြီးရင် ပဉ္စမနေရာမှာရှိပါတယ်၊သဘာဝ သယံဇာ တတွေ ရေ၊မြေအရင်းအမြစ်တွေလည်းပေါကြွယ်ပါတယ်။ဒါပေမဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ရင်တော့ အတော်နောက်ကျကျန်ခဲ့ပြီး LDC Least Developed Country အဖြစ်ကိုတောင်အခြေအနေကောင်းတွေရှိရက် နဲ့ ရောက်သွားခဲ့ရဘူးတယ်…

အခုလည်း အခြေအနေ ကောင်းတွေ ပြန်ရဘို့ ကြိုးစားရုန်းကန် နေရတုံးပါ…။တချိန်ကအာရှမှာတောင် ဖွံ့ဖြိုးမှုထိပ်ပိုင်းကရပ်တည်ခဲ့ ပြီး ချမ်းသာခဲ့တဲ့ နိုင်ငံကအခုတော့တစ်ဦးချင်းအသားတင် ထုတ်ကုန် GDP per capita ကြည့်ရင် အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ အောက်ဆုံးနား ရောက်နေပြီး ပြည် သူ အများစုကဆင်းရဲနေတာကိုလည်း စိတ်မကောင်းစွာ တွေ့ရပါတယ်…။ဒီလိုအနေအထားတွေက ရုန်းထွက်ဘို့ဆိုတာပြည်သူအ များ ကိုကိုယ်စားပြုပြီး ပြည်သူတွေရဲ့ အသံကိုနားထောင် မဲ့အစိုးရ၊ လုပ်ပိုင်ခွင့်တွေကို အဂတိကင်းစွာ ချပေးမဲ့အစိုး ရ၊ ဒေသအသီးသီးရဲ့ အရင်းအမြစ်တွေကို သက်ဆိုင် ရာ ဒေသခံတွေ စီမံခန့်ခွဲ ခံစားခွင့်ပေးမဲ့ အစိုးရ မျိုးလို တယ်လို့ ကျွန်တော် ခံယူမိပါတယ်….။

လက်ရှိမှာ NLD ဟာ အစိုးရသက်တမ်း၅ နှစ်တာဝန်ယူ ခဲ့ပြီး အားနည်းချက်အချို့ရှိခဲ့ပေမဲ့ ပြည်သူတွေရဲ့ အသံ ကို နားထောင်ပြီး အဂတိနည်းစွာ ဖိနှိပ်မှုနည်းစွာ ဆောင် ရွက်ခဲ့တယ်လို့ ယူဆပါတယ်… အဂတိလိုက်စားရင် ပြည် နယ် ဝန်ကြီးချုပ်ကိုတောင် ထိရောက်စွာ အရေးယူခဲ့တာ ကိုလည်းတွေ့ရပါတယ်… ။အထူးသဖြင့်တော့ ပြည်သူတွေ အကြောက်တရားလွှမ်း မိုးခံရပြီး ကျီးလန့်စာစားရတဲ့ ဘဝကနေကင်းလွတ်လို့ စိတ်အေးချမ်းသာ နေလာရတာတော့ အများအသိပါ…

အရင်က မတရားသိမ်းပိုက်ခဲ့တဲ့ မြေယာတွေတောင် ပြန်ရ အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာလည်းတွေ့ရပါတယ်..။ကျွန်တော် ငယ်စဉ်က လူရည်ချွန်ဖြစ်ခဲ့ဘူးပြီး လူငယ် များတွေ့ဆုံပွဲလုပ်တော့ “ကျွန်တော်ကြီးလျင် အိမ်လေး တစ်လုံး ကားလေးတစ်စီး မိန်းမတစ်ယောက်ရရင်တော် ပါပြီ၊ ကိုယ်ဆရာဝန်ဖြစ်ရင်လည်း မရှိဆင်းရဲသားတွေ ကို အခမဲ့ ဆေးကုသပေးချင်တယ်”လို့ ပြောခဲ့ဘူးပါတယ်…။

ဒါ့ကြောင့်လည်း ဝန်ထမ်းဘဝမှာကိုယ်တတ်နိုင်တဲ့ဘက် က အများကို ကူညီပံ့ပိုးသလို ပင်စင်ယူပြီးတော့လည်း အခမဲ့ ရွေ့လျားဆေးခန်း လမ်းဘေးကလေးငယ်တွေ အ တွက် လမ်းဘေးစာသင်ဝိုင်း၊ အခြားပရဟိတတွေနဲ့ ပညာ ပေးလုပ်ငန်းတွေ ကိုဘဲ အခြေခံလူတန်းစားတွေ ဘဝတိုး တက် ရေးတွေကို အဆက်မပြတ်လုပ်ခဲ့ပါတယ်…။ပထမတော့ တချို့ကဒါတွေဟာ နိုင်ငံရေးမဲဆွယ်ဘို့ ဟန် ပြ လုပ်နေတယ်လို့ ထင်ကြပေမဲ့ ကြာလာတော့ သဘော ပေါက်လာကြပါတယ်..

တကယ်တော့ကျွန်တော်က ကိုယ့် အတွက် ဘာမှ မမျှော်လင့်ပါဘူး… ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ ကိုယ့်နိုင်ငံ ကိုပြန်လည်မြှင့်တင်ဘို့ ကိုယ့်လူမျိုးတွေအဆင့် အတန်းပြန်မြင့်လာဘို့ ကိုယ့်ရဲ့ကျန်နေသေးတဲ့ သက်တမ်း မှာ တတ်နိုင်တဲ့ဘက်က တပိုင်တနိုင်လုပ်နေတာပါ…။ကိုယ့်နိုင်ငံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဘို့ဆိုရင် ကိုယ့် ပိုင်ဆိုင်မှုတွေကိုပေးနိုင်တယ်လို့လည်းပြောခဲ့ပြီးပါပြီ… ဒါ့ကြောင့်လည်း လတ်တလော အနေအထားမှာ ကိုယ် မျှော်မှန်းထားတဲ့အတိုင်း ဆောင်ရွက်ပေးနိုင်မယ်လို့ ယူဆ တဲ့ ပါတီကို မည်သူမှ တိုက်တွန်းခြင်း တားမြစ်ခြင်း မရှိဘဲ ယုံယုံကြည်ကြည် မဲထဲ့ခဲ့တာပါဘဲ…။

@Dr. Nay Soe Maung

Leave a Reply

Your email address will not be published. Required fields are marked *