ျမန္မာက ကုိဗစ္ကူးစက္ႏႈန္း ၂၀ ရာခုိင္ႏႈန္း ပုိျမန္ေနေၾကာင္း ထုိင္းပါေမာကၡေျပာ

ျမန္မာႏုိင္ငံမွာ လက္ရွိ ကူးစက္ ျပန္႔ပြားေနတဲ့ ကုိဗစ္-၁၉ အမ်ဳိးအစားဟာ တျခားေနရာေတြမွာ ျဖစ္ေနတဲ့ အမ်ဳိးအစားနဲ႔ မတူတဲ့အျပင္ ကူးစက္သူ လူနာေတြကုိ

ေနာက္ေၾကာင္းျပန္လုိက္ဖုိ႔ ေကာင္းမြန္တဲ့စနစ္ ရွိမေနတာေၾကာင့္ ေရာဂါပုိးကူးစက္ ျမန္ဆန္ေနတာလုိ႔ ထုိင္းႏုိင္ငံ၊ Mahidol တကၠသုိလ္ ေဆးပညာဌာနမွဴး

ပါေမာကၡ ေဒါက္တာ Prasit Watanapa က အဂၤါေန႔မွာ ေျပာပါတယ္။

ေရာဂါပုိး ကူးစက္ျပန္႔ပြားေနတဲ့ေနရာေတြကေန ေရႊ႕ေျပာင္း သြားလာေနသူ စုစုေပါင္းရဲ႕ ၅၀% ေအာက္ကုိသာ ေနာက္ေၾကာင္း လုိက္ႏုိင္တာမုိ႔

ျမန္မာႏုိင္ငံအတြင္းမွာ ေရာဂါပုိးကူးစက္မႈဟာ အဆ ၂၀၀ အထိ ျဖစ္ေပၚေနတယ္လုိ႔ ေဒါက္တာ Watanapa က ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ လက္ရွိ ကူးစက္ျပန္႔ႏွ႔ံေနတဲ့ ေရာဂါပုိး အမ်ဳိးအစားဟာ ကုိရုိနာဗုိင္းရပ္စ္ ပထမဆုံး စတင္ျဖစ္ေပၚခဲ့တဲ့ တရုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕မွာေတြ႔ခဲ့တဲ့ D614 နဲ႔

လုံး၀ မတူဘူးလုိ႔ ဆုိပါတယ္။ ျမန္မာႏုိင္ငံမွာ ေရာဂါပုိး စတင္ေတြ႔ရွိတဲ့ မတ္လ ၂၃ ရက္ေန႔ကစလုိ႔ ေတြ႔ရွိခဲ့တဲ့ ေရာဂါပုိး အမ်ဳိးအစားေတြထဲမွာ အေနာက္ႏုိင္ငံမွာ

လက္ရွိ ကူးစက္ ျပန္႔႔ႏွံ႔ေနတဲ့ G614 အမ်ဳိးအစားေတြလည္း ပါ၀င္ေနတာကုိ ေတြ႔ရတယ္လုိ႔ ဆုိပါတယ္။ ဒီ ေရာဂါပုိး အမ်ဳိးအစားဟာ မူရင္း ေရာဂါပုိးထက္ အဆ

၂၀ ကူးစက္မႈ ျမန္ဆန္တယ္လုိ႔ ဆုိပါတယ္။

ထုိင္းႏုိင္ငံအေနနဲ႔ AstraZeneca က ထုတ္တဲ့ ကာကြယ္ေဆး အလုံးေရ ၂၆ သန္းကုိ ၀ယ္ဖုိ႔အတြက္ သေဘာတူထားၿပီးျဖစ္တဲ့အျပင္ ႏုိင္ငံတြင္းမွာ

ထုတ္ဖုိ႔ႀကိဳးစားေနတဲ့ ကာကြယ္ေဆးေတြလည္း ရွိေနပါတယ္။

ဒီအေတာအတြင္း ဗုဒၶဟူးေန႔က ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္သူ ၁,၄၂၇ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၃ ဦး ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕

ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၂,၁၇၄ ဦးနဲ႔ ေရာဂါပိုး ကူးစက္ စုစုေပါင္း ၁၀၃,၁၆၆ ဦး ရွိသြားပါၿပီ ျဖစ္ပါတယ္။

VOA

မြန်မာက ကိုဗစ်ကူးစက်နှုန်း ၂၀ ရာခိုင်နှုန်း ပိုမြန်နေကြောင်း ထိုင်းပါမောက္ခပြော

(Unicode)

မြန်မာနိုင်ငံမှာ လက်ရှိ ကူးစက် ပြန့်ပွားနေတဲ့ ကိုဗစ်-၁၉ အမျိုးအစားဟာ တခြားနေရာတွေမှာ ဖြစ်နေတဲ့ အမျိုးအစားနဲ့ မတူတဲ့အပြင် ကူးစက်သူ

လူနာတွေကို နောက်ကြောင်းပြန်လိုက်ဖို့ ကောင်းမွန်တဲ့စနစ် ရှိမနေတာကြောင့် ရောဂါပိုးကူးစက် မြန်ဆန်နေတာလို့ ထိုင်းနိုင်ငံ၊ Mahidol တက္ကသိုလ်

ဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာ Prasit Watanapa က အင်္ဂါနေ့မှာ ပြောပါတယ်။

ရောဂါပိုး ကူးစက်ပြန့်ပွားနေတဲ့နေရာတွေကနေ ရွှေ့ပြောင်း သွားလာနေသူ စုစုပေါင်းရဲ့ ၅၀% အောက်ကိုသာ နောက်ကြောင်း လိုက်နိုင်တာမို့

မြန်မာနိုင်ငံအတွင်းမှာ ရောဂါပိုးကူးစက်မှုဟာ အဆ ၂၀၀ အထိ ဖြစ်ပေါ်နေတယ်လို့ ဒေါက်တာ Watanapa က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကူးစက်ပြန့်နှံ့နေတဲ့ ရောဂါပိုး အမျိုးအစားဟာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး စတင်ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာတွေ့ခဲ့တဲ့

D614 နဲ့ လုံး၀ မတူဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုး စတင်တွေ့ရှိတဲ့ မတ်လ ၂၃ ရက်နေ့ကစလို့ တွေ့ရှိခဲ့တဲ့ ရောဂါပိုး အမျိုးအစားတွေထဲမှာ

အနောက်နိုင်ငံမှာ လက်ရှိ ကူးစက် ပြန့့်နှံ့နေတဲ့ G614 အမျိုးအစားတွေလည်း ပါဝင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီ ရောဂါပိုး အမျိုးအစားဟာ

မူရင်း ရောဂါပိုးထက် အဆ ၂၀ ကူးစက်မှု မြန်ဆန်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ AstraZeneca က ထုတ်တဲ့ ကာကွယ်ဆေး အလုံးရေ ၂၆ သန်းကို ဝယ်ဖို့အတွက် သဘောတူထားပြီးဖြစ်တဲ့အပြင် နိုင်ငံတွင်းမှာ

ထုတ်ဖို့ကြိုးစားနေတဲ့ ကာကွယ်ဆေးတွေလည်း ရှိနေပါတယ်။

ဒီအတောအတွင်း ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၁,၄၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့

အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကြောင့် သေဆုံးသူ စုစုပေါင်း ၂,၁၇၄ ဦးနဲ့ ရောဂါပိုး ကူးစက် စုစုပေါင်း ၁၀၃,၁၆၆ ဦး

ရှိသွားပါပြီ ဖြစ်ပါတယ်။

VOA

 

Leave a Reply

Your email address will not be published. Required fields are marked *