Zawgyi ဖြင့်ဖတ်ရန်
၁။ဆင်စွယ် ဂမုန်း
၂။ဆင်ဂမုန်း
၃။ ကုမုဒ်ကြာဂမုန်း
Unicode ဖြင့်ဖတ်ရန်
“သတိမထားမိဘဲ အိမ်မှာစိုက်မိရင် လူကိုခိုက်တ တ်သည့် ဂမုန်းပင် (၃) မျိုး”
ဂမုန်းဆိုတဲ့ အပင်မျိုးနွယ် လေးကတော့ မြန်မာလူမျိုးတွေ အတွက် သိပ်မစိမ်းတဲ့ အပင်တစ်မျိုး ပဲဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံ ခေါ်ဝေါ် ကြပြီးတော့ တစ်ချို့ဂမုန်းပင် တွေက အပင်ကြီးတွေ မှာတွယ်ကပ် ပေါက်တက်တဲ့
အပင်မျိုး ဖြစ်ပါတယ်။ ရှေးခေတ် မြန်မာလူမျိုးတွေဟာ ဂမုန်းပင် လေးတွေကို စီးပွားလာဘ်လာ ဘ တိုးတက်ဖို့၊ ရာထူးအာဏာ တိုးတက်ဖို့၊ ဧည့်ကောင်း ဆောင်ကောင်း လာဖို့၊ မီးကွင်းဖို့၊ သူခိုးဓားပြ အန္တရာယ် ကင်းဖို့ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြ သလို အခုခေတ်မှာ တော့အိမ်တွင်း အ
ပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာ ကြပါတယ်။ဒါက ပြဿနာ မဟုတ်ပေမယ့် ဂမုန်းပင်တွေ ထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက် ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။ အဲအပင် (၃)မျိုးကိုစိုက်ပျိုးရေး ဝါသနာရှင်တွေ သထိထား ဆင်ခြင်နိုင် အောင်ဖော်ပြပေး လိုက်ပါတယ်။
၁။ဆင်စွယ် ဂမုန်း
ဆင်စွယ်ဂမုန်း ကတော့ မြေကြီးမှ တစ်ပင်ချင်း ပေါက်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်း တူပါတယ်။ ဆင်စွယ် ဂမုန်းဟာ စို က်ပျိုးသူကို စီးပွားလာဘ်လာဘ ဖြစ်စေတဲ့ ဂမုန်
မျိုးမဟုတ်ပဲ အမျိုးသားတွေ ဒီအပင်ကိုကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက် တယ်လို့တချို့ကလည်း ပြောကြပါတယ်။ ဒါ့အပြင် ငါးရံ့ ငါးကွင်းနှင့် ဆင်စွယ် တစ်ထောင့်ရော ချက်ပါက
ဒူလာသွေး ဝမ်းပျက်တယ် လို့လဲ ပြောကြပတယ် ဆင်စွယ်ဂမုန်း စိုက်ပျိုးပြီး စီးပွားတက် လာပါကတဦးနဲ့တဦး အကြောင်းမရှိ ပဲရန်လိုခြင်း မိသားစု အတွင်း ပြဿနာ အမျိုးမျိုး ဖြစ်ရခြင်း မှုခင်းတ
ခုခု ဖြစ်တက်ခြင်းနဲ့ ဘေးရန် များခြင်း စတဲ့ စိတ်သောက မျိုးစုံဖြစ်ပွား တက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂမုန်းစိုက်ပျိုး သူတွေအနေ နဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင် ကြဉ်စေချင်ပါတယ်။
၂။ဆင်ဂမုန်း
ဆင်ဂမုန်းရဲ့အရွက်ကတော့ ကွမ်းရွက်နဲ့ ပုံစံတူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက် ထားတဲ့ ပုံစံမျိုးပါ။ ဒီဂမုန်းပင်ကို စိုက်မယ် ဆိုရင် စီးပွားလာဘ် လာဘတွေ တိုးတက် စေသည်မှန်သော်လည်း မိသားစုထဲမှ တယောက်ယောက်
ကိုကျန်းမာရေး ချို့ယွင်းစေ ပါတယ်။ ဆင်ဂမုန်းစိုက်ပျိုးသူ ၉၀ ရာခိုင်နှုန်းဟာ ကျန်းမာရေးအ န္တ ရာယ် ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိ သူတွေ က ဖော်ပြထားပါတယ်။ ဒါကြောင့် ဆင်ဂမုန်းဟာ အိမ်တွင်းမှာ စိုက်ပျိုးဖို့ လုံးဝမသင့်တော်တဲ့ဂမုန်ပင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
၃။ ကုမုဒ်ကြာဂမုန်း
ကုမုဒ်ကြာဂမုန်း ကတော့ အရွက်ရှည်ပြီး ဘေးအ နားတွေက လှိုင်းတွန့်နေတဲ့ အရွက်ပုံစံ မျိုးလေးပါ။ ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင် ပွင့်လေးတွေ ပွင့်တက် ပါတယ်။ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်
နဲ့ပုံစံတူ တာကြောင့် ကုမုဒ်ကြာ ဂမုန်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ကုမုဒ်ကြာ ဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအ တွင်း ပဋိပက္ခ မကြာခဏ ဖြစ်ပွားတက် ပါတယ်။သုတေသန လုပ်သူတွေမှ ကုမုဒ်ကြာ ဂမုန်းကို
စိုက်ပျိုး လေ့လာခဲ့ရာ မိသားစုတွင်း ပြဿနာမျိုးစုံကြုံ တွေ့ရတယ်လို့ ဆိုပါတယ် ကုမုဒ်ကြာဂမုန်းကို နုတ်ပြီးစွန့် ပစ်ခဲ့ချိန်မှာ တော့မိသားစု သော က တွေငြိမ်းအေး သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်အိမ်တွင်းမှာ ကုမုဒ်ကြာ ဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက် ရပါတယ်။ credit
Leave a Reply
Your email address will not be published. Required fields are marked *