“ အားလုံးက သူေတာင္းစားလို႔ ထင္ထားတဲ့ အဖိုးအို ဆုံးသြားၿပီး မွ သိန္းေပါင္းေျမာက္မ်ားစြာ လႉခဲ့သူအျဖစ္ အံ့ၾသစရာသိလာရတဲ့အျဖစ္ ”

Zawgyi ျဖင့္ဖတ္ရန္

“ အားလုံးက သူေတာင္းစားလို႔ ထင္ထားတဲ့ အဖိုးအို ဆုံးသြားၿပီး မွ သိန္းေပါင္းေျမာက္မ်ားစြာ လႉခဲ့သူအျဖစ္ အံ့ၾသစရာသိလာရတဲ့အျဖစ္ ”

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ခ႐ိုင္၊ ပန္းတေနာ္ၿမိဳ႕က အဖိုးအို တစ္ဦးဟာ ၿမိဳ႕ေပၚမွာ အ လႉလိုက္ခံၿပီး အလႉခံရရွိေငြနဲ႔ RC ကြန္ကရစ္ ဘုန္းႀကီးေက်ာင္းေဆာင္သစ္အျပင္ အျခား ဘာသာေရး ဆိုင္ရာ လႉဒါန္းမႉ ေတြျပဳလုပ္ခဲ့ၿပီး ေသဆုံးသြားၿပီးေနာက္မွာေတာ့ အြန္လိုင္းေပၚမွာ သူ႔ရဲ႕ သိန္းေပါင္းမ်ားစြာ လႉဒါန္းထားတဲ့ သဒၵါ တရားေတြေၾကာင့္ အံ့အားသင့္ စရာေတြျဖစ္ေနၾကရပါတယ္။

ပန္းတေနာ္ ၿမိဳ႕ေပၚက လူေတြ ျမင္ေတြ႕ခဲ့ဖူးတာက ဒီလူႀကီးဟာ ေတာင္းရမ္းစားေသာက္သူႀကီးတစ္ဦး အေနနဲ႔သာျဖစ္တယ္လို႔ ဆိုပါတယ္။ အမ်ားအျမင္ေတာင္းရမ္းစားေသာက္ေနသူလို႔ ထင္ျမင္ ယူဆေနတဲ့ အဖိုးအိုဟာပန္းတေနာ္ၿမိဳ႕နယ္ေ႐ႊျမင္တင္ ေစတီေတာ္ျမတ္ႀကီးရဲ႕ အေနာက္ဘက္ကြၽန္းႀကီး႐ြာဇာတိျဖစ္ၿပီး ဖခင္ဦးဖိုးႏွစ္ အမိေဒၚေမရင္မိဘႏွစ္ပါမွေမြးဖြားခဲ့သူျဖစ္ပါတယ္။

ေမြးခ်င္းခုနစ္ဦးရွိၿပီး ဒုတိယေျမာက္သားျဖစ္ကာ အမည္က ဦးခင္ျမင့္ ဆိုသူ ျဖစ္ပါတယ္။ သူဟာ လမ္းေလွ်ာက္သြားႏိုင္တဲ့ကာလမွာ အလႉလိုက္ခံခဲ့ၿပီး လမ္းမေလွ်ာက္ႏိုင္ေတာ့ဘဲ ျဖစ္လာခ်ိန္မွာေတာ့ ဆိုကၠားငွါးၿပီးသြားလာရတဲ့အခ်ိန္အထိ ပန္းတေနာ္ၿမိဳ႕မေဈး ရဲ႕ လမ္းေဘးေတြမွာ ထိုင္ၿပီး အလႉခံခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ အသက္အ႐ြယ္ေၾကာင့္ က်န္းမာေရးခ်ိဳ႕တဲ့လာခ်ိန္ ပုခန္း ဘုန္းေတာ္ႀကီး ေက်ာင္းသို႔ေရာက္သြားခဲ့ရပါတယ္။ ပုခန္းေက်ာင္း ဆရာေတာ္ႀကီးက အဖိုးအိုနားမွာ ရဟန္းတစ္ပါးကိုအနီးကပ္ ထားေစၿပီး ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့ပါတယ္။

က်န္းမာေရး ခ်ိဳ႕ယြင္းလာတဲ့ အဖိုးအို ဦးခင္ျမင့္ဟာ ပန္းတေနာ္ၿမိဳ႕မေဈးဆီ အလႉခံထြက္တာေတြ မျပဳလုပ္ႏိုင္ေတာ့ဘဲ ပုခန္းဘုန္းႀကီးေက်ာင္း နတ္လမ္းေဘးမွာပဲ တုန္တုန္ရီရီနဲ႔ ဆက္လက္ အလႉခံတာေတြျပဳ လုပ္ခဲ့ပါတယ္။အလႉခံလို႔ ရသမွ် ေငြေၾကးေတြကို စုေဆာင္းၿပီး ပုခန္းေက်ာင္းေဂါပကလူႀကီးနဲ႔ ဆရာေတာ္ႀကီးထံအပ္ႏွံထားခဲ့ တာျဖစ္ပါတယ္။အဖိုးအို ဦးခင္ျမင့္ဟာ အလႉခံ စုေဆာင္းထားတဲ့ ေငြေတြထဲက က်ပ္ေလးသိန္းခြဲ ထုတ္ၿပီးေ႐ႊမ်ိဳးသားခ်င္းတစ္ဦး ကေနတဆင့္ အိႏၵိယႏိုင္ငံဗုဒၶဂါယာက ဘုရားေလးဌာနအတြက္ ေပးပို႔လႉဒါန္းေစခဲ့ပါတယ္။

ဒါ့အျပင္ နဂါး႐ုံဘုရား၊ဝိပႆနာ ရက္တစ္ရာတရားစခန္း၊ မႏၲေလးေျမာက္ျပင္ ပစၥယံရႈပါ႐ုံဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ အလႉေငြေတြ ေပးအပ္လႉဒါန္းခဲ့တယ္လို႔ ပုခန္းေက်ာင္း ေဂါပက လူႀကီး ဦးေမာင္ေမာင္ေဆြကေျပာျပပါတယ္။ ဒါတင္မကေသးပဲ တစ္ဦးတည္းအလႉခံရရွိသမွ် က်န္ေငြနဲ႔ ေက်ာင္းေဆာင္သစ္ လႉဒါန္းလိုတဲ့အေၾကာင္း ပုခန္းေက်ာင္း ဆရာေတာ္ ဦးပညာသာမိထံ ခြင့္ျပဳခ်က္ ေတာင္းခံေလွ်ာက္ထားခဲ့ပါေသးတယ္။

ဆရာေတာ္ခြင့္ျပဳခ်က္နဲ႔ ပုခန္းဘုန္းႀကီးေက်ာင္းအတြင္းမွာ က်ပ္သိန္းတစ္ရာေက်ာ္နဲ႔ RC ကြန္ကရစ္ တစ္ထပ္ေက်ာင္းေဆာင္ သစ္ကို ေဆာက္လုပ္လႉဒါန္းခဲ့ပါတယ္။ျမန္မာသကၠရာဇ္ ၁၃၇၈ ခုနစ္ ဝါဆိုလျပည္ေန႔ ဘုန္းႀကီးေက်ာင္းေဆာင္သစ္ေရစက္ခ်တဲ့အခါ ကေလးေတြနဲ႔လူႀကီးေတြ၊ ရဟန္းသံဃာေတြနဲ႔ သီလရွင္ ဆရာေလးေတြ ၊ေက်ာင္းသား/သူေတြနဲ႔ ဝန္ထမ္းေတြ ၊အနီးအေဝးက ေစတနာရွင္အလႉရွင္ေတြ ဆီက၊ငါးမူးတစ္က်ပ္ကေန စတင္စုေဆာင္းရရွိေငြနဲ႔ ေက်ာင္းေဆာင္သစ္လႉဒါန္း ရတာ ျဖစ္ေၾကာင္း ၊

အလႉေငြထည့္ေပးသူအားလုံးဟာ ဆြမ္းအလႉ ရွင္ေတြ ၊ ဘုရားအလႉရွင္ေတြအျပင္ဘုန္းႀကီးေက်ာင္းေဆာင္ သစ္အလႉရွင္ေတြျဖစ္ေၾကာင္း၊သူ မကြယ္လြန္ခင္ေျပာျပခဲ့တဲ့ အခါမွာေတာ့ ၾကားရသူအေပါင္း အံ့ၾသတုန္လႈပ္မိခဲ့တယ္လို႔ အနီးကပ္ျပဳစုေစာင့္ေရွာက္သူ ဦးဇင္း(ဦးေသာမ)ကေျပာျပပါတယ္။

ေက်ာင္းေဆာင္သစ္ေရစက္ခ်လႉဒါန္းၿပီးေနာက္ႏွစ္နစ္အၾကာ အသက္ ၁၀၃ ႏွစ္အ႐ြယ္ အဖိုးအိုဦးခင္ျမင့္ဟာ ပုခန္းဘုန္းေတာ္ႀကီး ေက်ာင္းမွာပဲ ကြယ္လြန္ခဲ့သြားခဲ့ပါတယ္။အဖိုအိုေသဆုံးၿပီး တစ္ေက်ာ္ၾကာသည့္အခါမွာေတာ့ ေတာင္းရမ္းစားေသာက္သူႀကီးလို႔ ထင္ျမင္ယူဆထားသူေတြက ဦးခင္ျမင့္ကို သဒၵါတရားထက္သန္တဲ့ အဖိုးအို၊ဘုရားနဲ႔ ဘုန္းႀကီးေက်ာင္းအလႉရွင္ႀကီးအဖိုးအို၊ ေက်းဇူးႀကီးမားလွတဲ့အဖိုးအိုအျဖစ္ အသိအမွတ္ျပဳကာ သံေဝဂ တရားမ်ားရရွိခဲ့တယ္လို႔မွတ္ခ်က္ျပဳၾကပါေတာ့တယ္။

ေပးပို႔သူ — ေမာင္ခ်စ္ဦး( ပန္းတေနာ္)

တည္းျဖတ္ — ကိုေအာင္သန႔္

Credit:One News Myanmar

Unicode ျဖင့္ဖတ္ရန္

“ အားလုံးက သူတောင်းစားလို့ ထင်ထားတဲ့ အဖိုးအို ဆုံးသွားပြီး မှ သိန်းပေါင်းမြောက်များစွာ လှူခဲ့သူအဖြစ် အံ့သြစရာသိလာရတဲ့အဖြစ် ”

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့က အဖိုးအို တစ်ဦးဟာ မြို့ပေါ်မှာ အ လှူလိုက်ခံပြီး အလှူခံရရှိငွေနဲ့ RC ကွန်ကရစ် ဘုန်းကြီးကျောင်းဆောင်သစ်အပြင် အခြား ဘာသာရေး ဆိုင်ရာ လှူဒါန်းမှူ တွေပြုလုပ်ခဲ့ပြီး သေဆုံးသွားပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့ သိန်းပေါင်းများစွာ လှူဒါန်းထားတဲ့ သဒ္ဒါ တရားတွေကြောင့် အံ့အားသင့် စရာတွေဖြစ်နေကြရပါတယ်။

ပန်းတနော် မြို့ပေါ်က လူတွေ မြင်တွေ့ခဲ့ဖူးတာက ဒီလူကြီးဟာ တောင်းရမ်းစားသောက်သူကြီးတစ်ဦး အနေနဲ့သာဖြစ်တယ်လို့ ဆိုပါတယ်။ အများအမြင်တောင်းရမ်းစားသောက်နေသူလို့ ထင်မြင် ယူဆနေတဲ့ အဖိုးအိုဟာပန်းတနော်မြို့နယ်ရွှေမြင်တင် စေတီတော်မြတ်ကြီးရဲ့ အနောက်ဘက်ကျွန်းကြီးရွာဇာတိဖြစ်ပြီး ဖခင်ဦးဖိုးနှစ် အမိဒေါ်မေရင်မိဘနှစ်ပါမှမွေးဖွားခဲ့သူဖြစ်ပါတယ်။

မွေးချင်းခုနစ်ဦးရှိပြီး ဒုတိယမြောက်သားဖြစ်ကာ အမည်က ဦးခင်မြင့် ဆိုသူ ဖြစ်ပါတယ်။ သူဟာ လမ်းလျှောက်သွားနိုင်တဲ့ကာလမှာ အလှူလိုက်ခံခဲ့ပြီး လမ်းမလျှောက်နိုင်တော့ဘဲ ဖြစ်လာချိန်မှာတော့ ဆိုက္ကားငှါးပြီးသွားလာရတဲ့အချိန်အထိ ပန်းတနော်မြို့မဈေး ရဲ့ လမ်းဘေးတွေမှာ ထိုင်ပြီး အလှူခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အသက်အရွယ်ကြောင့် ကျန်းမာရေးချို့တဲ့လာချိန် ပုခန်း ဘုန်းတော်ကြီး ကျောင်းသို့ရောက်သွားခဲ့ရပါတယ်။ ပုခန်းကျောင်း ဆရာတော်ကြီးက အဖိုးအိုနားမှာ ရဟန်းတစ်ပါးကိုအနီးကပ် ထားစေပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပါတယ်။

ကျန်းမာရေး ချို့ယွင်းလာတဲ့ အဖိုးအို ဦးခင်မြင့်ဟာ ပန်းတနော်မြို့မဈေးဆီ အလှူခံထွက်တာတွေ မပြုလုပ်နိုင်တော့ဘဲ ပုခန်းဘုန်းကြီးကျောင်း နတ်လမ်းဘေးမှာပဲ တုန်တုန်ရီရီနဲ့ ဆက်လက် အလှူခံတာတွေပြု လုပ်ခဲ့ပါတယ်။အလှူခံလို့ ရသမျှ ငွေကြေးတွေကို စုဆောင်းပြီး ပုခန်းကျောင်းဂေါပကလူကြီးနဲ့ ဆရာတော်ကြီးထံအပ်နှံထားခဲ့ တာဖြစ်ပါတယ်။အဖိုးအို ဦးခင်မြင့်ဟာ အလှူခံ စုဆောင်းထားတဲ့ ငွေတွေထဲက ကျပ်လေးသိန်းခွဲ ထုတ်ပြီးရွှေမျိုးသားချင်းတစ်ဦး ကနေတဆင့် အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာက ဘုရားလေးဌာနအတွက် ပေးပို့လှူဒါန်းစေခဲ့ပါတယ်။

ဒါ့အပြင် နဂါးရုံဘုရား၊ဝိပဿနာ ရက်တစ်ရာတရားစခန်း၊ မန္တလေးမြောက်ပြင် ပစ္စယံရှုပါရုံဘုန်းတော်ကြီးကျောင်းတွေမှာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပုခန်းကျောင်း ဂေါပက လူကြီး ဦးမောင်မောင်ဆွေကပြောပြပါတယ်။ ဒါတင်မကသေးပဲ တစ်ဦးတည်းအလှူခံရရှိသမျှ ကျန်ငွေနဲ့ ကျောင်းဆောင်သစ် လှူဒါန်းလိုတဲ့အကြောင်း ပုခန်းကျောင်း ဆရာတော် ဦးပညာသာမိထံ ခွင့်ပြုချက် တောင်းခံလျှောက်ထားခဲ့ပါသေးတယ်။

ဆရာတော်ခွင့်ပြုချက်နဲ့ ပုခန်းဘုန်းကြီးကျောင်းအတွင်းမှာ ကျပ်သိန်းတစ်ရာကျော်နဲ့ RC ကွန်ကရစ် တစ်ထပ်ကျောင်းဆောင် သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။မြန်မာသက္ကရာဇ် ၁၃၇၈ ခုနစ် ဝါဆိုလပြည်နေ့ ဘုန်းကြီးကျောင်းဆောင်သစ်ရေစက်ချတဲ့အခါ ကလေးတွေနဲ့လူကြီးတွေ၊ ရဟန်းသံဃာတွေနဲ့ သီလရှင် ဆရာလေးတွေ ၊ကျောင်းသား/သူတွေနဲ့ ဝန်ထမ်းတွေ ၊အနီးအဝေးက စေတနာရှင်အလှူရှင်တွေ ဆီက၊ငါးမူးတစ်ကျပ်ကနေ စတင်စုဆောင်းရရှိငွေနဲ့ ကျောင်းဆောင်သစ်လှူဒါန်း ရတာ ဖြစ်ကြောင်း ၊

အလှူငွေထည့်ပေးသူအားလုံးဟာ ဆွမ်းအလှူ ရှင်တွေ ၊ ဘုရားအလှူရှင်တွေအပြင်ဘုန်းကြီးကျောင်းဆောင် သစ်အလှူရှင်တွေဖြစ်ကြောင်း၊သူ မကွယ်လွန်ခင်ပြောပြခဲ့တဲ့ အခါမှာတော့ ကြားရသူအပေါင်း အံ့သြတုန်လှုပ်မိခဲ့တယ်လို့ အနီးကပ်ပြုစုစောင့်ရှောက်သူ ဦးဇင်း(ဦးသောမ)ကပြောပြပါတယ်။

ကျောင်းဆောင်သစ်ရေစက်ချလှူဒါန်းပြီးနောက်နှစ်နစ်အကြာ အသက် ၁၀၃ နှစ်အရွယ် အဖိုးအိုဦးခင်မြင့်ဟာ ပုခန်းဘုန်းတော်ကြီး ကျောင်းမှာပဲ ကွယ်လွန်ခဲ့သွားခဲ့ပါတယ်။အဖိုအိုသေဆုံးပြီး တစ်ကျော်ကြာသည့်အခါမှာတော့ တောင်းရမ်းစားသောက်သူကြီးလို့ ထင်မြင်ယူဆထားသူတွေက ဦးခင်မြင့်ကို သဒ္ဒါတရားထက်သန်တဲ့ အဖိုးအို၊ဘုရားနဲ့ ဘုန်းကြီးကျောင်းအလှူရှင်ကြီးအဖိုးအို၊ ကျေးဇူးကြီးမားလှတဲ့အဖိုးအိုအဖြစ် အသိအမှတ်ပြုကာ သံဝေဂ တရားများရရှိခဲ့တယ်လို့မှတ်ချက်ပြုကြပါတော့တယ်။

ပေးပို့သူ — မောင်ချစ်ဦး( ပန်းတနော်)

တည်းဖြတ် — ကိုအောင်သန့်

Credit:One News Myanmar

Leave a Reply

Your email address will not be published. Required fields are marked *