“ ျပင္းထန္ေသာေဝဒနာနဲ႔ ပ်ံလြန္ေတာ္မူရေသာ္လည္းၿပဳံးေနတဲ့ ေက်ာက္ဂူေတာရဆရာေတာ္၏ မ်က္ႏွာေတာ္ ”

Zawgyi ျဖင့္ဖတ္ရန္

“ ျပင္းထန္ေသာေဝဒနာနဲ႔ ပ်ံလြန္ေတာ္မူရေသာ္လည္းၿပဳံးေနတဲ့ ေက်ာက္ဂူေတာရဆရာေတာ္၏ မ်က္ႏွာေတာ္ ”

ေသျခင္းတရားသည္ သူေတာ္ေကာင္းမ်ားအတြက္ ခ်စ္စရာမိတ္ေဆြသာျဖစ္သည္ လူမိုက္မ်ားအတြက္ကား ေၾကာက္စရာ ရန္သူသာျဖစ္သည္။ ျပင္းထန္ေသာေဝဒနာျဖင့္ပ်ံေတာ္မူရေသာ္လည္းၿပဳံးေနေသာ ဂန႔္ေဂါေက်ာက္ဂူေတာရဆရာေတာ္၏ မ်က္ႏွာေတာ္…

ၿမိဳင္ႀကီးငူ ဆရာေတာ္ႀကီး ေက်ာက္ဂူေတာရ ဆရာေတာ္ႀကီးတို႔ဆက္တိုက္ဆိုသလို ပ်ံလြန္ေတာ္မူၾကတာဟာ ျမန္မာနိုင္ငံအတြက္ ဝမ္းနည္းစရာပါ။

ေမတၱာဓာတ္ႀကီးမားသူေတြ ဆုံးရႈံးရတာဟာ ပုထုဇဥ္ ေတြအတြက္ အေၾကာင္းမေကာင္းလွပါဘူး သူေတာ္ေကာင္းႀကီးေတြရဲ႕ ေမတၱာဓာတ္ဟာ ကမာၻသူကမာၻသားေတြအတြက္ မ်ားစြာ အကာအကြယ္ေပးပါတယ္။ ဥပေစၦဒက ကံေတြရဲ႕ အက်ိ ု းေပးဟာလည္း ဆန္းၾကယ္လွပါတယ္ ေသတတ္တဲ့သေဘာတရားရွိလို႔လူေသတာ မဆန္းေပမဲ့ ခုေနာက္ပိုင္းမွာ အကုသိုလ္ေတြရဲ႕ အက်ိ ု းေပးေတြဟာ ဆန္းက်ယ္လွပါတယ္။

သူေတာ္ေကာင္းေတြ ဥပေစၦဒက ကံနဲ႔ေသဆုံးသလို သာမန္လူေတြ အစုလိုက္အၿပဳံ လိုက္ မၾကာခဏ ေသဆုံးတာဟာလည္း အကုသိုလ္ ႀကီးမားလွတဲ့ အခ်ိန္အခါ မို႔ပါပဲ။

သတၱဝါေတြ အကုသိုလ္ႀကီးလာၿပီဆိုရင္ ကယ္တင္မဲ့ သူေတြပါ ပိုၿပီး ဒုကၡေရာက္တတ္တာဟာ သဘာဝတရားပါပဲ အရွင္သာရိပုၾတာမေထရ္ျမတ္ႀကီးေတာင္ အကုသိုလ္ကံ ႀကီးမားလွတဲ့ ခေလးတစ္ေယာက္ကို သာမေဏဝတ္ေပးၿပီး ကယ္မိလို႔ မေထရ္ျမတ္ႀကီး ဆြမ္းခံႂကြတဲ့အခါ ဆြမ္းခံမရလို႔ ခေလးကို ထားခဲ့ၿပီး တစ္ပါးတည္းဆြမ္းခံမွဆြမ္းခံလို႔ရပါတယ္။

ရဟန္းသံဃာေတာ္မ်ားကိုေစာ္ကားတဲ့ အရိယူပ ကံထိုက္တဲ့သူမ်ားေနတဲ့ ခုလိုေခတ္ႀကီးမွာ အကယ္ခံရမဲ့သူေတြရဲ႕ အကုသိုလ္ကံေၾကာင့္ ကယ္မဲ့သူေတြပါ ေရာၿပီး ပ်က္စီးတတ္တာ သံေဝဂယူစရာေကာင္းလွပါတယ္။ ငါကေတာ့ သာသနာေတာ္အတြက္ လုပ္ေနတာပဲ ငါကေတာ့ေကာင္းတာလုပ္ေနတာပဲ ဘာမွမျဖစ္နိ ုင္ဘူးလို႔ မထင္ၾကပါနဲ႔ဗုဒၶက သတၱဝါတဦးဟာ သံသရာမွာ မျပဳ လုပ္ဘူး တဲ့အကုသုလ္မရွိဘူးလို႔ေဟာထားပါတယ္။

အကုသိုလ္ အက်ိ ု းေပးခ်ိန္ ငါးခ်ိန္ ရွိပါတယ္။၁ အခ်ိန္မဲ့ အခါမဲ့ သြားလာခ်ိန္ ၂ မိတ္ေကာင္းေဆြေကာင္း ကင္း မဲ့ခ်ိန္ ၃ ေျပာမွား ဆိုမွာ လုပ္မိခ်ိန္ ( စကားအေျပာအဆိုေၾကာင့္ ဒုကၡေရာက္တာကို ေျပာတာပါ ဒီအခ်ိန္မွာ အဲလိုလူေတြ အမ်ား ႀကီးေတြ႕ရနိ ုင္ပါတယ္) ၄ မေတာ္တဲ့အခါ ေနမိခ်ိန္ ( သူမ်ားရန္ျဖစ္တဲ့အခ်ိန္ မွာ ကိုယ္ကအနားမွာ ရွိေနခ်ိန္မ်ိဳး ကိုေျပာတာပါ ) ၅ ေခတ္ဆိုး ေခတ္ပ်က္ ႀကဳံေတြ႕ခ်ိန္ ( အခုလို အခ်ိန္ကိုေျပာတာပါ )

သံသရာကမေကာင္းမႈ႕ေတြဟာ လူေတြရဲ႕ အကုသိုလ္ႀကီးမားခ်ိန္မွာ ဝင္ေရာက္အက်ိ ု းေပးတတ္ပါတယ္ အထူးသျဖင့္ အခုလို ေခတ္ဆိုးေခတ္ပ်က္ႀကဳံေတြ႕ခ်ိန္မွာ ဝင္ေရာက္အက်ိ ု းေပးတတ္ပါတယ္။ဒါ့ေၾကာင့္ လူေတြ အစုလိုက္အၿပဳံ လိုက္ ေသတာမ်ိ ု းေတြ အံ့ၾသစရာေကာင္းတဲ့ ေသျခင္းတရားနဲ႔ေသတာမ်ိဴး ( ကုန္းျမင့္ေဒသမွာ ေရႀကီးလို႔ေရနစ္ေသတာေတြ ဟိုတေလာက ေလယာဥ္ပ်က္က်လို႔ ေအာက္က ခေလးတေယာက္ စာက်က္ေနရင္း ေသတာမ်ိ ု းေတြ ) ႀကဳံ ေတြ႕ရသလို သူေတာ္ေကာင္းေတြ ႐ုတ္တရက္ ေသတာမ်ိ ု းေတြ လည္း ႀကဳံေတြ႕ရတတ္ပါတယ္

ဒါဟာ အေၾကာင္းတရားမကင္းတဲ့ အက်ိဳးတရား ေသျခင္းမ်ိဴ းေတြပါပဲ ဒါ့ေၾကာင့္ ဓမၼမိတ္ေဆြမ်ား အထူးသတိထားရမွာက ရတနာသုံးပါကို ေစာ္ကားလို႔ရရွိတဲ့ အရိယူပ ကံမထိုက္ေအာင္သတိထားၾကပါ။ တစ္သံသရာလုံးက ျပဳလုပ္ခဲ့ဘူးတဲ့ အကုသိုလ္ကံေတြက ဝင္ေရာက္ အက်ိ ု းေပးေနလို႔ သူေတာ္ေကာင္းရယ္ သူရဲေကာင္းရယ္ သာမာန္လူရယ္ မခြဲ ျခားပါဘူး သတိတခ်က္ လြတ္တာနဲ႔ ေသဆုံးတတ္ၿပီး သာသနာနဲ႔လြဲ ရတတ္တာမို႔အထူးသတိထားၾကပါ ေသျခင္းတရားဆိုတာ ေသသင့္လို႔ ေသရတာရွိသလို မေသသင့္တဲ့ အခ်ိန္ေတြမွာ ေသရတာလည္း ရွိပါတယ္ ေသျခင္းခုနစ္ မ်ိဴး ရွိတာ ဗုဒၶဘာသာဝင္ေတြ သိပါလိမ့္မယ္။ ဓမၼမိတ္ေဆြမ်ား အေျပာအဆို အေနအထိုင္ အစစ အရာရာ ပညာဉာဏ္နဲ႔ယွဥ္နိ ုင္ၾကပါေစ ေစတနာ မ်ားစြာျဖင့္

Credit: Myint Khaing

Unicode ျဖင့္ဖတ္ရန္

“ ပြင်းထန်သောဝေဒနာနဲ့ ပျံလွန်တော်မူရသော်လည်းပြုံးနေတဲ့ ကျောက်ဂူတောရဆရာတော်၏ မျက်နှာတော် ”

သေခြင်းတရားသည် သူတော်ကောင်းများအတွက် ချစ်စရာမိတ်ဆွေသာဖြစ်သည် လူမိုက်များအတွက်ကား ကြောက်စရာ ရန်သူသာဖြစ်သည်။ ပြင်းထန်သောဝေဒနာဖြင့်ပျံတော်မူရသော်လည်းပြုံးနေသော ဂန့်ဂေါကျောက်ဂူတောရဆရာတော်၏ မျက်နှာတော်…

မြိုင်ကြီးငူ ဆရာတော်ကြီး ကျောက်ဂူတောရ ဆရာတော်ကြီးတို့ဆက်တိုက်ဆိုသလို ပျံလွန်တော်မူကြတာဟာ မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာပါ။

မေတ္တာဓာတ်ကြီးမားသူတွေ ဆုံးရှုံးရတာဟာ ပုထုဇဉ် တွေအတွက် အကြောင်းမကောင်းလှပါဘူး သူတော်ကောင်းကြီးတွေရဲ့ မေတ္တာဓာတ်ဟာ ကမ္ဘာသူကမ္ဘာသားတွေအတွက် များစွာ အကာအကွယ်ပေးပါတယ်။ ဥပစ္ဆေဒက ကံတွေရဲ့ အကျိ ု းပေးဟာလည်း ဆန်းကြယ်လှပါတယ် သေတတ်တဲ့သဘောတရားရှိလို့လူသေတာ မဆန်းပေမဲ့ ခုနောက်ပိုင်းမှာ အကုသိုလ်တွေရဲ့ အကျိ ု းပေးတွေဟာ ဆန်းကျယ်လှပါတယ်။

သူတော်ကောင်းတွေ ဥပစ္ဆေဒက ကံနဲ့သေဆုံးသလို သာမန်လူတွေ အစုလိုက်အပြုံ လိုက် မကြာခဏ သေဆုံးတာဟာလည်း အကုသိုလ် ကြီးမားလှတဲ့ အချိန်အခါ မို့ပါပဲ။

သတ္တဝါတွေ အကုသိုလ်ကြီးလာပြီဆိုရင် ကယ်တင်မဲ့ သူတွေပါ ပိုပြီး ဒုက္ခရောက်တတ်တာဟာ သဘာဝတရားပါပဲ အရှင်သာရိပုတြာမထေရ်မြတ်ကြီးတောင် အကုသိုလ်ကံ ကြီးမားလှတဲ့ ခလေးတစ်ယောက်ကို သာမဏေဝတ်ပေးပြီး ကယ်မိလို့ မထေရ်မြတ်ကြီး ဆွမ်းခံကြွတဲ့အခါ ဆွမ်းခံမရလို့ ခလေးကို ထားခဲ့ပြီး တစ်ပါးတည်းဆွမ်းခံမှဆွမ်းခံလို့ရပါတယ်။

ရဟန်းသံဃာတော်များကိုစော်ကားတဲ့ အရိယူပ ကံထိုက်တဲ့သူများနေတဲ့ ခုလိုခေတ်ကြီးမှာ အကယ်ခံရမဲ့သူတွေရဲ့ အကုသိုလ်ကံကြောင့် ကယ်မဲ့သူတွေပါ ရောပြီး ပျက်စီးတတ်တာ သံဝေဂယူစရာကောင်းလှပါတယ်။ ငါကတော့ သာသနာတော်အတွက် လုပ်နေတာပဲ ငါကတော့ကောင်းတာလုပ်နေတာပဲ ဘာမှမဖြစ်နိ ုင်ဘူးလို့ မထင်ကြပါနဲ့ဗုဒ္ဓက သတ္တဝါတဦးဟာ သံသရာမှာ မပြု လုပ်ဘူး တဲ့အကုသုလ်မရှိဘူးလို့ဟောထားပါတယ်။

အကုသိုလ် အကျိ ု းပေးချိန် ငါးချိန် ရှိပါတယ်။၁ အချိန်မဲ့ အခါမဲ့ သွားလာချိန် ၂ မိတ်ကောင်းဆွေကောင်း ကင်း မဲ့ချိန် ၃ ပြောမှား ဆိုမှာ လုပ်မိချိန် ( စကားအပြောအဆိုကြောင့် ဒုက္ခရောက်တာကို ပြောတာပါ ဒီအချိန်မှာ အဲလိုလူတွေ အများ ကြီးတွေ့ရနိ ုင်ပါတယ်) ၄ မတော်တဲ့အခါ နေမိချိန် ( သူများရန်ဖြစ်တဲ့အချိန် မှာ ကိုယ်ကအနားမှာ ရှိနေချိန်မျိုး ကိုပြောတာပါ ) ၅ ခေတ်ဆိုး ခေတ်ပျက် ကြုံတွေ့ချိန် ( အခုလို အချိန်ကိုပြောတာပါ )

သံသရာကမကောင်းမှု့တွေဟာ လူတွေရဲ့ အကုသိုလ်ကြီးမားချိန်မှာ ဝင်ရောက်အကျိ ု းပေးတတ်ပါတယ် အထူးသဖြင့် အခုလို ခေတ်ဆိုးခေတ်ပျက်ကြုံတွေ့ချိန်မှာ ဝင်ရောက်အကျိ ု းပေးတတ်ပါတယ်။ဒါ့ကြောင့် လူတွေ အစုလိုက်အပြုံ လိုက် သေတာမျိ ု းတွေ အံ့သြစရာကောင်းတဲ့ သေခြင်းတရားနဲ့သေတာမျိူး ( ကုန်းမြင့်ဒေသမှာ ရေကြီးလို့ရေနစ်သေတာတွေ ဟိုတလောက လေယာဉ်ပျက်ကျလို့ အောက်က ခလေးတယောက် စာကျက်နေရင်း သေတာမျိ ု းတွေ ) ကြုံ တွေ့ရသလို သူတော်ကောင်းတွေ ရုတ်တရက် သေတာမျိ ု းတွေ လည်း ကြုံတွေ့ရတတ်ပါတယ်

ဒါဟာ အကြောင်းတရားမကင်းတဲ့ အကျိုးတရား သေခြင်းမျိူ းတွေပါပဲ ဒါ့ကြောင့် ဓမ္မမိတ်ဆွေများ အထူးသတိထားရမှာက ရတနာသုံးပါကို စော်ကားလို့ရရှိတဲ့ အရိယူပ ကံမထိုက်အောင်သတိထားကြပါ။ တစ်သံသရာလုံးက ပြုလုပ်ခဲ့ဘူးတဲ့ အကုသိုလ်ကံတွေက ဝင်ရောက် အကျိ ု းပေးနေလို့ သူတော်ကောင်းရယ် သူရဲကောင်းရယ် သာမာန်လူရယ် မခွဲ ခြားပါဘူး သတိတချက် လွတ်တာနဲ့ သေဆုံးတတ်ပြီး သာသနာနဲ့လွဲ ရတတ်တာမို့အထူးသတိထားကြပါ သေခြင်းတရားဆိုတာ သေသင့်လို့ သေရတာရှိသလို မသေသင့်တဲ့ အချိန်တွေမှာ သေရတာလည်း ရှိပါတယ် သေခြင်းခုနစ် မျိူး ရှိတာ ဗုဒ္ဓဘာသာဝင်တွေ သိပါလိမ့်မယ်။ ဓမ္မမိတ်ဆွေများ အပြောအဆို အနေအထိုင် အစစ အရာရာ ပညာဉာဏ်နဲ့ယှဉ်နိ ုင်ကြပါစေ စေတနာ များစွာဖြင့်

Credit: Myint Khaing

Leave a Reply

Your email address will not be published. Required fields are marked *