“ မဲ႐ုံတာဝန္ထမ္းရင္းကူးစက္ခံရသည့္ပညာေရးဝန္ထမ္းမ်ားကို ဝန္ႀကီးဌာနကတစ္ဦးလၽွင္ က်ပ္သုံးသိန္းေထာက္ပံ့ ”

Zawgyi ျဖင့္ဖတ္ရန္

“ မဲ႐ုံတာဝန္ထမ္းရင္း COVID-19 ကူးစက္ခံရသည့္ ပညာေရးဝန္ထမ္းမ်ားကို ဝန္ႀကီးဌာနက တစ္ဦးလၽွင္ က်ပ္သုံးသိန္းေထာက္ပံ့ ”

ေရြးေကာက္ပြဲတြင္ မဲ႐ုံတာဝန္ထမ္းရင္း C0VID-19 ေရာဂါ ကူးစက္ခံရသည့္ ဆရာ၊ ဆရာမမ်ား၊ ပညာေရးဝန္ထမ္း မ်ားကို ပညာေရးဝန္ႀကီးဌာနက တစ္ဦးလၽွင္ က်ပ္သုံးသိန္းေထာက္ ပံ့မည္ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမို ကေရစီ အေထြေထြေရြးေကာက္ပြဲ က်င္းပရာတြင္ မဲ႐ုံတာဝန္ထမ္း ေဆာင္ၿပီး ေနာက္ COVID—19 ကူးစက္ခံရေသာ အေျခခံပညာ ဦးစီးဌာနမွ ပညာေရးဝန္ထမ္း ၇၁ ဦးရွိၿပီး တစ္ဦးလၽွင္ က်ပ္သုံးသိန္း ႏွုန္းျဖင့္ ေဆးဝါးကုသစရိတ္ကို သက္ဆိုင္ရာၿမိဳ့နယ္ပညာေရးမွူး႐ုံးမ်ားသို့ ခြဲေဝေပးထားၿပီးျဖစ္ ေၾကာင္း အေျခခံပညာဦးစီးဌာန က ဒီဇင္ဘာ ၈ ရက္တြင္ ပညာ ေရးမွူး႐ုံးမ်ားသို့ အေၾကာင္းၾကား ထားသည္။

အေျခခံပညာဦးစီးဌာန စာ ရင္းအရ မဲ႐ုံတာဝန္ထမ္းေဆာင္ ရင္း COVID-19 ေရာဂါ ကူးစက္ ခံရသည့္ ဆရာ၊ ဆရာမဦးေရ သည္ ကရင္ျပည္နယ္တြင္ ၁၁ ဦး၊ တနသၤာရီတိုင္းေဒသႀကီးတြင္ တစ္ဦး၊ ပဲခူးတိုင္းေဒသႀကီးတြင္ တစ္ဦး၊ မေကြးတိုင္းေဒသႀကီး တြင္ ႏွစ္ဦး၊ မႏၲေလးတိုင္းေဒသ ႀကီးတြင္ ႏွစ္ဦး၊ မြန္ျပည္နယ္တြင္ ေလးဦး၊ ရခိုင္ျပည္နယ္တြင္ ႏွစ္ဦး၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ၃၆ ဦး၊ ဧရာဝတီတိုင္းေဒသႀကီး တြင္ ၁၂ ဦး ရွိသည္။

မဲ႐ုံတာဝန္ထမ္းေဆာင္စဥ္ COVID-19 ေရာဂါကူးစက္ခံရ သည့္ ပညာေရးဝန္ထမ္းမ်ားအား ေထာက္ပံ့ေပးနိုင္ရန္ စီစဥ္ေန ေၾကာင္း အေျခခံပညာဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္က နိုဝင္ ဘာလေနာက္ဆုံးပတ္က ေျပာ ၾကားခဲ့ၿပီးေနာက္ ေရာဂါကူးစက္ ခံရသည့္ ပညာေရးဝန္ထမ္းတစ္ဦး လၽွင္ က်ပ္သုံးသိန္းႏွုန္း အေျခခံ ပညာဦးစီးဌာန အသုံးစရိတ္မွ ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္သည္။

မဲ႐ုံတာဝန္ထမ္းေဆာင္စဥ္ COVID-19 ေရာဂါကူးစက္ခံရ သည့္ ဆရာ၊ ဆရာမမ်ား၊ ပညာ ေရးဝန္ထမ္းမ်ားအတြက္ ျမန္မာ နိုင္ငံလုံးဆိုင္ရာဆရာ၊ ဆရာမ မ်ားအဖြဲ႕ခ်ဳပ္ကလည္း တစ္ဦး လၽွင္ က်ပ္ငါးေသာင္းႏွုန္းျဖင့္ ေထာက္ပံ့ကူညီေပးခဲ့သည္။

နိုဝင္ဘာ ၈ ရက္က က်င္းပ ခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္ ပညာေရးဝန္ႀကီးဌာနမွ ဆရာ၊ ဆရာမ၊ ပညာေရးဝန္ထမ္း တစ္သိန္းခြဲခန႔္က မဲ႐ုံမွူး၊ ဒုမဲ႐ုံမွူး၊ မဲ႐ုံအဖြဲ႕ဝင္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

မဲ႐ုံတာဝန္ထမ္းရင္း C0VID -19 ေရာဂါ ကူးစက္ခံရသည့္ ဆရာ၊ဆရာမမ်ားအနက္ ရန္ကုန္ တိုင္းေဒသႀကီးမွ ဆရာမႏွစ္ဦး သည္ COVID-19 ေရာဂါျဖင့္ ေသဆုံးခဲ့သည္။

ေရြးေကာက္ပြဲတြင္ မဲ႐ုံတာ ဝန္ထမ္းေဆာင္သည့္ ပညာေရး ဝန္ထမ္းမ်ားကို ပညာေရးဝန္ႀကီး ဌာနက ဂုဏ္ျပဳလက္မွတ္ထုတ္ ေပးမည္ျဖစ္ၿပီး ရာထူးတိုး၊ေျပာင္း မူဝါဒတြင္လည္း မဲ႐ုံတာဝန္ထမ္း ေဆာင္မွုကို အမွတ္တစ္ခုအျဖစ္ ထည့္သြင္းသတ္မွတ္မည္ဟု အ ေျခခံပညာဦးစီးဌာန ညႊန္ၾကား ေရးမွူးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားထားသည္။

@7Day Newsမွကူးယူေဝမၽွေဖာ္ျပပါသည္။

Unicode ျဖင့္ဖတ္ရန္

“ မဲရုံတာဝန်ထမ်းရင်း COVID-19 ကူးစက်ခံရသည့် ပညာရေးဝန်ထမ်းများကို ဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ်သုံးသိန်းထောက်ပံ့ ”

ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းရင်း C0VID-19 ရောဂါ ကူးစက်ခံရသည့် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်း များကို ပညာရေးဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ်သုံးသိန်းထောက် ပံ့မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံတာဝန်ထမ်း ဆောင်ပြီး နောက် COVID—19 ကူးစက်ခံရသော အခြေခံပညာ ဦးစီးဌာနမှ ပညာရေးဝန်ထမ်း ၇၁ ဦးရှိပြီး တစ်ဦးလျှင် ကျပ်သုံးသိန်း နှုန်းဖြင့် ဆေးဝါးကုသစရိတ်ကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများသို့ ခွဲဝေပေးထားပြီးဖြစ် ကြောင်း အခြေခံပညာဦးစီးဌာန က ဒီဇင်ဘာ ၈ ရက်တွင် ပညာ ရေးမှူးရုံးများသို့ အကြောင်းကြား ထားသည်။

အခြေခံပညာဦးစီးဌာန စာ ရင်းအရ မဲရုံတာဝန်ထမ်းဆောင် ရင်း COVID-19 ရောဂါ ကူးစက် ခံရသည့် ဆရာ၊ ဆရာမဦးရေ သည် ကရင်ပြည်နယ်တွင် ၁၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ဦး၊ မကွေးတိုင်းဒေသကြီး တွင် နှစ်ဦး၊ မန္တလေးတိုင်းဒေသ ကြီးတွင် နှစ်ဦး၊ မွန်ပြည်နယ်တွင် လေးဦး၊ ရခိုင်ပြည်နယ်တွင် နှစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၁၂ ဦး ရှိသည်။

မဲရုံတာဝန်ထမ်းဆောင်စဉ် COVID-19 ရောဂါကူးစက်ခံရ သည့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေ ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုဝင် ဘာလနောက်ဆုံးပတ်က ပြော ကြားခဲ့ပြီးနောက် ရောဂါကူးစက် ခံရသည့် ပညာရေးဝန်ထမ်းတစ်ဦး လျှင် ကျပ်သုံးသိန်းနှုန်း အခြေခံ ပညာဦးစီးဌာန အသုံးစရိတ်မှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

မဲရုံတာဝန်ထမ်းဆောင်စဉ် COVID-19 ရောဂါကူးစက်ခံရ သည့် ဆရာ၊ ဆရာမများ၊ ပညာ ရေးဝန်ထမ်းများအတွက် မြန်မာ နိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမ များအဖွဲ့ချုပ်ကလည်း တစ်ဦး လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ကူညီပေးခဲ့သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပ ခဲ့သည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်း တစ်သိန်းခွဲခန့်က မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မဲရုံတာဝန်ထမ်းရင်း C0VID -19 ရောဂါ ကူးစက်ခံရသည့် ဆရာ၊ဆရာမများအနက် ရန်ကုန် တိုင်းဒေသကြီးမှ ဆရာမနှစ်ဦး သည် COVID-19 ရောဂါဖြင့် သေဆုံးခဲ့သည်။

ရွေးကောက်ပွဲတွင် မဲရုံတာ ဝန်ထမ်းဆောင်သည့် ပညာရေး ဝန်ထမ်းများကို ပညာရေးဝန်ကြီး ဌာနက ဂုဏ်ပြုလက်မှတ်ထုတ် ပေးမည်ဖြစ်ပြီး ရာထူးတိုး၊ပြောင်း မူဝါဒတွင်လည်း မဲရုံတာဝန်ထမ်း ဆောင်မှုကို အမှတ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်မည်ဟု အ ခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားထားသည်။

@7Day Newsမှကူးယူဝေမျှဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *