မႏၲေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ႐ုံး တစ္ခုလုံး ကိုဗစ္ ကူးခံရ

Zawgyi ျဖင့္ဖတ္ရန္

မႏၲေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ႐ုံး တစ္ခုလုံး ကိုဗစ္ ကူးခံရ

မႏၲေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး တစ္ခုလုံးမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ေတြ႕ရွိတာမွန္ကန္တယ္လို့ တိုင္းေကာ္မရွင္ အတြင္းေရးမွူး ဦးေက်ာ္ေက်ာ္စိုးက ဘီဘီစီ ကို ေျပာပါတယ္။

“တိုင္းစာရင္းစစ္က စေတြ႕တာ၊ ေရြးေကာက္ပြဲ ရလဒ္ေတြလာၿပီး စစ္ေပးတာ၊ အဲ့ကေန စတာေပါ့ တ႐ုံးလုံးျဖစ္သြားတာ။ ဒီေန႔ Swab ယူတာ ဒီေန႔ေတြ႕တာပဲ”လို့ ဦးေက်ာ္ေက်ာ္စိုးက နိုဝင္ဘာ ၁၆ ရက္ ေန႔ခင္းပိုင္းက ေျပာပါတယ္။မႏၲေလးတိုင္း ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ ဥကၠ႒ ဦးရွိန္ဝင္းကေတာ့ က်န္သူေတြနဲ႔ ထိေတြ႕မွု မရွိဘူးလို့ ဆိုပါတယ္။

“အဲ့ဒီ စျဖစ္တဲ့လူနာနဲ႔က ထိေတြ႕မွုလည္း မရွိဘူးခဲ့ပါဘူး။ တိုင္း႐ုံးကိုလည္း ခဏပဲ လာၿပီး ျပန္တာပါ”လို့ ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။ လက္ရွိမွာေတာ့ ဦးရွိန္ဝင္းဟာ အိမ္မွာ သီးျခား ေစာင့္ၾကည့္မွု ခံယူေနတယ္လို့ သိရပါတယ္။

တိုင္းေကာ္မရွင္႐ုံးမွာ စာရင္းစစ္ အဖြဲ႕က ေရြးေကာက္ပြဲရလဒ္စစ္ေဆးတြက္ခ်က္ေနရင္း အဖြဲ႕ဝင္ တစ္ဦးဟာ ၁၃ ရက္ ေန႔မွာ ဖ်ားနာမွု စတင္ခဲ့တာျဖစ္ပါတယ္။ ဒီေနာက္မွာမွ ကိုဗစ္-၁၉ အတည္ျပဳလူနာ ျဖစ္လာၿပီး အဖြဲ႕ခြဲအားလုံးကို Swab ယူစစ္ေဆးရာမွ ၆ ေယာက္ ထပ္မံ ပိုးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

မႏၲေလးတိုင္းမွာ ေရြးေကာက္ပြဲၿပီးေနာက္ တစ္ပတ္အတြင္း ကိုဗစ္-၁၉ အတည္ျပဳလူနာေပါင္း ငါးရာေက်ာ္ ေတြ႕ရွိထားပါတယ္။ နိုဝင္ဘာ ၁၅ရက္ထိ တိုင္းအတြင္း ကိုဗစ္-၁၉ အတည္ျပဳလူနာေပါင္း ၃,၁၇၁ ဦးျဖစ္ၿပီး ေသဆုံးသူ ၁၈ ေယာက္ ရွိၿပီ ျဖစ္ပါတယ္။

ဓာတ္ပုံ – တာရာ / ဘီဘီစီျမန္မာပိုင္းမွကူးယူေဝမၽွေဖာ္ျပပါသည္။

Unicode ျဖင့္ဖတ္ရန္

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး တစ်ခုလုံး ကိုဗစ် ကူးခံရ

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တစ်ခုလုံးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိတာမှန်ကန်တယ်လို့ တိုင်းကော်မရှင် အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ဘီဘီစီ ကို ပြောပါတယ်။

“တိုင်းစာရင်းစစ်က စတွေ့တာ၊ ရွေးကောက်ပွဲ ရလဒ်တွေလာပြီး စစ်ပေးတာ၊ အဲ့ကနေ စတာပေါ့ တရုံးလုံးဖြစ်သွားတာ။ ဒီနေ့ Swab ယူတာ ဒီနေ့တွေ့တာပဲ”လို့ ဦးကျော်ကျော်စိုးက နိုဝင်ဘာ ၁၆ ရက် နေ့ခင်းပိုင်းက ပြောပါတယ်။မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကတော့ ကျန်သူတွေနဲ့ ထိတွေ့မှု မရှိဘူးလို့ ဆိုပါတယ်။

“အဲ့ဒီ စဖြစ်တဲ့လူနာနဲ့က ထိတွေ့မှုလည်း မရှိဘူးခဲ့ပါဘူး။ တိုင်းရုံးကိုလည်း ခဏပဲ လာပြီး ပြန်တာပါ”လို့ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ ဦးရှိန်ဝင်းဟာ အိမ်မှာ သီးခြား စောင့်ကြည့်မှု ခံယူနေတယ်လို့ သိရပါတယ်။

တိုင်းကော်မရှင်ရုံးမှာ စာရင်းစစ် အဖွဲ့က ရွေးကောက်ပွဲရလဒ်စစ်ဆေးတွက်ချက်နေရင်း အဖွဲ့ဝင် တစ်ဦးဟာ ၁၃ ရက် နေ့မှာ ဖျားနာမှု စတင်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ဖြစ်လာပြီး အဖွဲ့ခွဲအားလုံးကို Swab ယူစစ်ဆေးရာမှ ၆ ယောက် ထပ်မံ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းမှာ ရွေးကောက်ပွဲပြီးနောက် တစ်ပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ငါးရာကျော် တွေ့ရှိထားပါတယ်။ နိုဝင်ဘာ ၁၅ရက်ထိ တိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃,၁၇၁ ဦးဖြစ်ပြီး သေဆုံးသူ ၁၈ ယောက် ရှိပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ – တာရာ / ဘီဘီစီမြန်မာပိုင်းမှကူးယူဝေမျှဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *