
Zawgyi ဖြင့်ဖတ်ရန်








Unicode ဖြင့်ဖတ်ရန်

“ Quarantine Center တွင်အသွားအလာကန့်သတ်ခံထားရသူတစ်ဦးမြွေကိုက်ခံရ ”

ယမန်နေ့ ည (၁ဝ)နာရီအချိန်ခန့်ကလက်ပံတန်းမြို့နယ် တာဆုံးကျေးရွာအုပ်စု ထန်းပင်ကုန်းရွာ စာသင်ကျောင်း၌ အသွားအလာကန့်သတ်ထားသူမြွေကိုက်ခံရသဖြင့် ကိုဗစ်ကာကွယ် ထိန်းချုပ် ကုသအထောက်အကူပြု အဖွဲ့၏ လူနာတင်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ပြီး လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

“ညက ဖုန်းဆက်အကြောင်းကြားတဲ့အချိန်သွားခေါ်တာ ဒီကိုရောက်တော့ (၁၀)နာရီအတိ ရောက်တယ် ဟိုမှာက ထမ်းထုတ်ရတယ်’ဟု စေတဝန်ထမ်းကိုကျော်ကြီးမှ ဆိုသည်။

အဆိုပါလူနာအားသွားရောက်သည်ဆောင်ရသည့် ထန်းပင်ကုန်းရွာစာသင်ကျောင်းသို့သွားရောက်ရသည့်လမ်းမှာ လူနာတင်ကားဝင်မရသဖြင့်လူနာကို တာဆိပ်ချောင်းတံတားအလွန်အထိ ထမ်း၍ရန်ကုန်-ပြည်ရထားလမ်းအတိုင်း သယ်ဆောင်ခဲ့ရပြီးလူနာအခြေအနေမှာ ဆေးရုံရောက်တဲ့အထိ ဘာလက္ခဏာမှ မပြဘဲ ပုံမှန်အတိုင်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဟုသိရသည့် လူနာအခြေအနေအား နှင့်
ဆက်သွယ်မေးမြန်ရာတွင် ‘ မြွေကိုက်တယ်လို့သာပြောတာ ဆေးရုံရောက်တော့ မြွေကိုက်တဲ့ ဒဏ်ရာလည်းမတွေ့ဘူး လက္ခဏာလည်းမတွေ့ဘူး အခုလည်းကောင်းတယ်’ဟု‌ မြွေကိုက်ခံရသူ၏အခြေအနေအား လက်ပံတန်းပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဦးရဲဝင်းပြောကြားသည်။

အခင်းဖြစ်နေရာ ထန်းပင်ကုန်းရွာစာသင်ကျောင်း အသွားအလာကန့်သတ်ထားသည့် အခန်းအတွင်းသို့ ရောက်ရှိလာသည့် မြွေဟောက်အမျိုးအစားမြွေအား အသေဖမ်းမိခဲ့သည်။

ဓာတ်ပုံ Kyaw Gyilpn သတင်း ငြိမ်းချမ်း(လက်ပံတန်း)#Bagoweeklyjournal

Leave a Reply

Your email address will not be published. Required fields are marked *