
Zawgyi ဖြင့်ဖတ်ရန်












Unicode ဖြင့်ဖတ်ရန်

“ဆိုင်ကယ်သူခိုးမိလို့ပြေးကြည့်မိတာ ကြားလိုက်ရတဲ့ အသံက…တကယ်ကိုစိတ်မကောင်းစရာ”

ဆိုင်ကယ်သူခိုးမိလို့ ပြေးကြည့်မိတာ ကြားလိုက်ရတဲ့ အသံ တကိုယ်လုံးတုန်ပြီး ငယ်သံပါအောင် လက်အုပ်လေးချီ အော်နေတာ

” ကျနော့်ကို မလုပ်ကြပါနဲ့ ဗျာ ”

” ကျနော်သမီးလေး ဆေးရုံတင်ထားရလို့ပါဗျာ ကျနော့်ကို မလုပ်ကြပါနဲ့ ”

” အမေရေ အမေ ကျုပ်ကို ကယ်ပါအုံးးး အမေရယ် ” တဲ့

မျက်ရည်တွေကျ ခေါင်းငုံ့ပြီး တအားးငို ” သမီးရေ ဖေကြီးးဒုက္ခ ရောက်နေပြီ သမီးရေ ဖေကြီးကို ကယ်ပါအုံးး”

လူအုပ်ဝိုင်းထားတဲ့ အလယ်မှ ခပ်နွမ်းနွမ်းးယောက်ျားတယောက် လက်အုပ်ချီပြီးးငိုပြောနေတာ ” သမီးလေးးအတွက် ငွေရှာ မရလို့လမ်းက တွေ့တဲ့ ဆိုင်ကယ် တွန်းလာရတာပါ ” တဲ့

ဘေးက ကြည့်နေတဲ့သူတွေတောင်တချို့ စိတ်မကောင်းးဖြစ်နေကြတာ ရဲကလဲ အတင်းးချော့ခေါ်” ငါ့ညီကို ဘာမှ မလုပ်ပါဘူးးတဲ့ “ဆေးရုံကို ဖုန်းဆက်မေးတော့လဲ တကယ်ပဲ သူ့သမီးလေးး ဆေးရုံတက်နေရတာ တဲ့

ဆိုင်ကယ် ပိုင်ရှင်ကလဲ လေးစားးစရာပါ အမှု မလုပ်တဲ့ အပြင် ဆေးဖိုးးဆိုပြီးး ၂သောင်းးပါ ထပ်ကူညီလိုက်တယ်။

ကိုဗစ်ကာလမှာ အသင့်အတင့် ပိုက်ဆံရှိတဲ့ သူတွေကဟန်မပျက် နေနိုင်ကြပေမယ့် အလုပ်လက်မဲ့ ဖြစ်နေတဲ့အခြေခံလူတန်းစားတွေထဲမှာကြံမိ ကြံရာ ကြံမိတဲ့သူလိုလူတွေဒီကာလ ဆိုးကြီးထဲမှာ ဘယ်နှစ်ယောက်များ ဒုက္ခတွေနဲ့ ကြုံနေကြပီလဲမသိနိုင်ဘူး လေ။

စာနာမိပါရဲ့ ဗျာ တောင်ပံနီလူလေး(ပခုက္ကူ )

Leave a Reply

Your email address will not be published. Required fields are marked *