ေထာင္ေဖာက္ေျပးဖို႔ ေဖာက္ထားတဲ့အေပါက္မွာညပ္ေနလို႔ ျပန္ၿပီးအဖမ္းခံလိုက္ရတဲ့ အက်ဥ္းသား

Zawgyi ျဖင့္ဖတ္ရန္

ေထာင္ေဖာက္ေျပးဖို႔ ေဖာက္ထားတဲ့အေပါက္မွာညပ္ေနလို႔ ျပန္ၿပီးအဖမ္းခံလိုက္ရတဲ့ အက်ဥ္းသား

ပရိသတ္ႀကီးေရ အက်ဥ္းေထာင္ဆိုတာ ၾကမ္းေပ့ရမ္းေပ့ လူဆိုးႀကီးေတြကို ထိန္းသိမ္းရတဲ့ ေနရာမို႔လို႔ အေတာ္ေလးကို လုံၿခဳံေရးတင္းၾကပ္ထားထားရတဲ့ ေနရာ တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီလို လုံၿခဳံေရး တင္းက်ပ္ထားတာေတာင္မွ တစ္ခါတစ္ေလ အႀကံဉာဏ္သုံးၿပီးေထာင္ေဖာက္ကာ ထြက္ေျပးဖို႔ ႀကိဳးစားသူေတြလည္းရွိပါတယ္။

ဒီလို ေထာင္ေဖာက္ေျပးတာမွ ေအာင္ျမင္ၿပီး ထြက္ေျပးလြတ္ေျမာက္တဲ့သူ အနည္းငယ္ရွိေပမယ့္ အမ်ားစုကေတာ့ မေအာင္ျမင္ပဲ အက်ဥ္းေထာင္ဝန္မ္းေတြရဲ႕ ဖမ္းဆီးျခင္းကို ခံရတာက မ်ားပါတယ္။ဒီတစ္ခါေဖာ္ျပေပးမယ့္ အေၾကာင္းအရာကလည္း အခုလို ေထာင္ထဲကထြက္ေျပးဖို႔ ႀကိဳးစားရင္း မိမိရဲ႕ လြတ္လမ္းမွာျပန္ပိတ္မိသြားလို႔ အဖမ္းခံလိုက္ရတဲ့ အက်ဥ္းသား တစ္ဦးအေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕ နာမည္ကေတာ့ Raphael valadao ဆိူသူျဖစ္ၿပီး သူဟာ ဘရာဇီးလ္ႏိုင္ငံရဲ႕ အက်ဥ္းေထာင္တစ္ခုမွာ ျပစ္ဒဏ္က်ခံေနရတဲ့သူလည္း ျဖစ္ပါတယ္။ Raphaelဟာ အက်ဥ္းေထာင္မွာ ျပစ္ဒဏ္က်ခံရတဲ့ရက္အတြင္း မေနႏိုင္ပဲ ထြက္ေျပးလြတ္ေျမာက္ဖို႔ ႀကိဳးစားခဲ့တာပါ။ ပထမဆုံးအေနနဲ႔ သူဟာအက်ဥ္းေထာင္ရဲ႕ နံရံကိုေဖာက္ၿပီး ထိုအေပါက္ကေန ထြက္ေျပးဖို႔ စီစဥ္ထားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေအပါက္ေဖာက္တဲ့ေနရာမွာ အခ်ိန္အဆ လြဲသြားတာေၾကာင့္ သူ႔ရဲ႕ ကိုယ္လုံးတစ္ဝက္ေလာက္အေရာက္မွာပဲ အေပါက္မွာ တစ္ေနခဲ့ရပါတယ္။ ေရွ႕မတိုးမရ ေနာက္မဆုတ္မရတဲ့ အေျခအေနမွာ လႈပ္ၿပီး႐ုန္းေလ ပိုနာေလျဖစ္လာတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ မေနနႏိုင္ေတာ့ပဲ ေအာ္ဟစ္အကူအညီေတာင္းရပါေတာ့တယ္။

သူ႔ရဲ႕ ေအာ္သံေၾကာင့္ အက်ဥ္းဝန္းထမ္းေတြေရာက္ရွိလာကာ ေနာက္ဆုံးမွာေတာ့ မီးသတ္ဝန္ထမ္းေတြရဲ႕ အကူအညီနဲ႔ နံရံကိုခြဲၿပီး ခက္ခက္ခဲခဲ ကယ္ထုတ္ခဲ့ရပါတယ္။ အဆိုပါသတင္းဟာ ႏိုင္ငံတကာသတင္းစာမ်က္ႏွာ အမ်ားအျပားမွာ ေရာက္ရွိခဲ့ၿပီး ကမာၻ႔အဆိုးဆုံး ေထာင္ေဖာက္ထြင္းမႈ အျဖစ္ စာရင္းဝင္သြားခဲ့တာလည္း ျဖစ္ပါတယ္။

Source : Daily Mail

Unicode ျဖင့္ဖတ္ရန္

ထောင်ဖောက်ပြေးဖို့ ဖောက်ထားတဲ့အပေါက်မှာညပ်နေလို့ ပြန်ပြီးအဖမ်းခံလိုက်ရတဲ့ အကျဉ်းသား

ပရိသတ်ကြီးရေ အကျဉ်းထောင်ဆိုတာ ကြမ်းပေ့ရမ်းပေ့ လူဆိုးကြီးတွေကို ထိန်းသိမ်းရတဲ့ နေရာမို့လို့ အတော်လေးကို လုံခြုံရေးတင်းကြပ်ထားထားရတဲ့ နေရာ တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒီလို လုံခြုံရေး တင်းကျပ်ထားတာတောင်မှ တစ်ခါတစ်လေ အကြံဉာဏ်သုံးပြီးထောင်ဖောက်ကာ ထွက်ပြေးဖို့ ကြိုးစားသူတွေလည်းရှိပါတယ်။

ဒီလို ထောင်ဖောက်ပြေးတာမှ အောင်မြင်ပြီး ထွက်ပြေးလွတ်မြောက်တဲ့သူ အနည်းငယ်ရှိပေမယ့် အများစုကတော့ မအောင်မြင်ပဲ အကျဉ်းထောင်ဝန်မ်းတွေရဲ့ ဖမ်းဆီးခြင်းကို ခံရတာက များပါတယ်။ဒီတစ်ခါဖော်ပြပေးမယ့် အကြောင်းအရာကလည်း အခုလို ထောင်ထဲကထွက်ပြေးဖို့ ကြိုးစားရင်း မိမိရဲ့ လွတ်လမ်းမှာပြန်ပိတ်မိသွားလို့ အဖမ်းခံလိုက်ရတဲ့ အကျဉ်းသား တစ်ဦးအကြောင်း ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့ နာမည်ကတော့ Raphael valadao ဆိူသူဖြစ်ပြီး သူဟာ ဘရာဇီးလ်နိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုမှာ ပြစ်ဒဏ်ကျခံနေရတဲ့သူလည်း ဖြစ်ပါတယ်။ Raphaelဟာ အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံရတဲ့ရက်အတွင်း မနေနိုင်ပဲ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့တာပါ။ ပထမဆုံးအနေနဲ့ သူဟာအကျဉ်းထောင်ရဲ့ နံရံကိုဖောက်ပြီး ထိုအပေါက်ကနေ ထွက်ပြေးဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အေပါက်ဖောက်တဲ့နေရာမှာ အချိန်အဆ လွဲသွားတာကြောင့် သူ့ရဲ့ ကိုယ်လုံးတစ်ဝက်လောက်အရောက်မှာပဲ အပေါက်မှာ တစ်နေခဲ့ရပါတယ်။ ရှေ့မတိုးမရ နောက်မဆုတ်မရတဲ့ အခြေအနေမှာ လှုပ်ပြီးရုန်းလေ ပိုနာလေဖြစ်လာတာကြောင့် နောက်ဆုံးမှာတော့ မနေနနိုင်တော့ပဲ အော်ဟစ်အကူအညီတောင်းရပါတော့တယ်။

သူ့ရဲ့ အော်သံကြောင့် အကျဉ်းဝန်းထမ်းတွေရောက်ရှိလာကာ နောက်ဆုံးမှာတော့ မီးသတ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ နံရံကိုခွဲပြီး ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပါတယ်။ အဆိုပါသတင်းဟာ နိုင်ငံတကာသတင်းစာမျက်နှာ အများအပြားမှာ ရောက်ရှိခဲ့ပြီး ကမ္ဘာ့အဆိုးဆုံး ထောင်ဖောက်ထွင်းမှု အဖြစ် စာရင်းဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Source : Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *