ရန်ကုန်၊ ဒီဇင်ဘာလ
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) အနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ အထောက်အကူပြုစေရေး ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိစေရန် အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးယူခွင့်ပြုလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
ADB မှ ချေးငွေဖြင့် အလတ်စားဓာတ်အားခွဲရုံ ၄၄ ရုံကိုတည်ဆောက်ခြင်း၊ ကရင်၊ ဧရာဝတီ၊ ပဲခူးအရှေ့နှင့် မကွေးတို့ကို ဖြတ်သန်း၍ ၁၀၀၆ ကီလိုမီတာရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလိုင်းများ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစီမံကိန်းသည် ကျေးရွာ ၂၈၁၅ ရွာရှိ အိမ်ထောင်စုပေါင်း လေးသိန်းကျော်ထံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကို ချဲ့ထွင်ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ကွန်ပျူတာစနစ်သုံး အလိုအလျောက် ဖြန့်ဝေရေးစနစ်ဖြစ်လာမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် အဆိုပါစနစ်သည် လျှပ်စစ် စွမ်းအင်ဖြန့်ဖြူးမှုကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ပြီး ကွန်ရက်အမှားများကို စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
ADB သည်အစိုးရ၏ စွမ်းအင်မူဝါဒပြုပြင်ပြောင်းလဲမှု တိုးတက်လာစေရန် ၂၀၁၂ခုနှစ်မှစတင်ပြီး ချေးငွေနှင့် နည်းပညာ အကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပံ့ပိုးပေးထားကြောင်း သိရပါတယ်။
YMC
အာရွဖြံ႕ၿဖိဳးေရးဘဏ္(ADB) အေနျဖင့္ ျမန္မာႏိုင္ငံ၏ စြမ္းအင္က႑ အေထာက္အကူျပဳေစေရး ေက်းလက္ေဒသ လွ်ပ္စစ္ဓာတ္အားရရွိေစရန္ အေမရိကန္ေဒၚလာ ၁၇၁ ဒသမ ၂၇ သန္း ေခ်းယူခြင့္ျပဳလိုက္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ သိရပါတယ္။
ADB မွ ေခ်းေငြျဖင့္ အလတ္စားဓာတ္အားခြဲ႐ုံ ၄၄ ႐ုံကိုတည္ေဆာက္ျခင္း၊ ကရင္၊ ဧရာဝတီ၊ ပဲခူးအေရွ႕ႏွင့္ မေကြးတို႔ကို ျဖတ္သန္း၍ ၁၀၀၆ ကီလိုမီတာရွိ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးျခင္းလိုင္းမ်ား တည္ေဆာက္ သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
အဆိုပါစီမံကိန္းသည္ ေက်း႐ြာ ၂၈၁၅ ႐ြာရွိ အိမ္ေထာင္စုေပါင္း ေလးသိန္းေက်ာ္ထံ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးကို ခ်ဲ႕ထြင္ေပးႏိုင္မည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ပထမဆုံး ကြန္ပ်ဴတာစနစ္သုံး အလိုအေလ်ာက္ ျဖန႔္ေဝေရးစနစ္ျဖစ္လာမည္ျဖစ္ေၾကာင္း သိရပါတယ္။
ADB သည္အစိုးရ၏ စြမ္းအင္မူဝါဒျပဳျပင္ေျပာင္းလဲမႈ တိုးတက္လာေစရန္ ၂၀၁၂ခုႏွစ္မွစတင္ၿပီး ေခ်းေငြႏွင့္ နည္းပညာ အကူအညီ အေမရိကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ ပံ့ပိုးေပးထားေၾကာင္း သိရပါတယ္။
YMC