
Zawgyi ဖြင့်ဖတ်ရန်





#ခန္တီးဒေသ သတင်းစုံ

Unicode ဖြင့်ဖတ်ရန်

“ ကိုဗစ်လူနာခေါ်ဆောင်လာတဲ့ကား ချောက်ထဲကျ ”

နာဂဒေသမှ ပထမဆုံး ကိုဗစ်လူနာ သွားရောက် ခေါ်ဆောင်တဲ့ နန်းယွန်းမြို့မှ ဆေးရုံကား ကလပ် ပေါက်၍ ချောက်ထဲ ထိုးကျခဲ့တာကြောင့် သွားရောက် ခေါ်ဆောင်တဲ့ ကိုဗစ်လူနာ ၂ဦးကိုယ်တိုင် ဆိုင်ကယ်ဖြင့် မောင်း၍ နန်းယွန်းမြို့ဆေးရုံထိ သွားရောက်ကုသခံခဲ့ ရပါတယ်။

ချောက်ထဲကျတဲ့ ကျန်းမာရေးဝန်ထမ်းများသည် စိုးရိမ်ရတဲ့ ဒဏ်ရာမရရှိခဲ့လို့ ကံကောင်းတယ်ဆိုရမယ် ဖြစ်ပါတယ်။ အဆိုပါဒေသဟာ ပွင့်လင်းရာသီမှ သွားလာလို့အဆင်ပြေတဲ့ ဒေသဖြစ်ပြီး မိုးတွင်းဆို သွားလာရေးခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။

ယခုလိုရောဂါဖြစ်လာပြီဆို ဆေးဝါး ကုသဆေးကအစ လိုအပ်တဲ့အရာများကို မန္တလေးကနေ အမြန်သယ်ယူ ရမယ်ဆိုရင်တောင်မှ ကိုဗစ်ကာလ အနေထားနဲ့ တစ်ပါတ်ဆယ်ရက်အထိ ကြာမြင့်တဲ့ ဒေသ ဖြစ်တာကြောင့်ကြိုတင်ကာကွယ်မှု့ အင်မတန်မှ သတိထားရတဲ့ ဒေသဖြစ်ပါတယ်။

#ခန္တီးဒေသ သတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *