ဆံပင်အရောင်ဆိုးလိုက်လို့ 5ရက်လောက်ခေါင်းတွေယောင်ကိုင်းသွားခဲ့ပြီး မျက်စိပါကွယ်ခဲ့ရတဲ့ အမျိုးသမီး

Steph O’Dell ဆိုတဲ့အမျိုးသမီးဟာ သူမ၏ညီမလေးအသက် 18နှစ်ပြည့်တဲ့မွေးနေ့မှာ နယ်သာလန်နိုင်ငံ ၊

Amsterdam မြို့သို့အလည်အပတ်ခရီးသွားရန်စီစဉ်ခဲ့ပြီးနောက် အလှဆုံးဖြစ်ရန်အတွက်သူမ၏ဆံပင်ကိုအရောင်ဆိုးရန်ဆုံးဖြတ်ခဲ့ပါတယ် ။သူမဟာ အရောင်ဆိုးဆေးတွေမှာပါတဲ့ PPD

ဆိုသောအရာနှင့်ဓာတ်မတည့်ခြင်းဖြစ်တတ်သည်ကိုအစကတည်းကသိရှိထားခဲ့ပါတယ် ။ ထို့ကြောင့်သူမဟာ ဆံပင်ညှပ်ဆိုင်ကို သူမဟာအရောင်ဆိုးဆေးတွေမှာပါဝင်တဲ့

PPDနှင့်ဓာတ်မတည့်ကြောင်း ဦးစွာပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်းဆံပင်ညှပ်ဆိုင်က ဦးရေပြားကိုမထိမိအောင်ဆံပင်အရောင်ဆိုးပေးမည် ၊ ဆံပင်ဆိုးဆေးမှာသဘာဝ organic သာဖြစ်ကြောင်းသူမကိုအာမခံခဲ့ပါတယ် ။

သူမဆံပင်အရောင်ဆိုးပြီးနောက်တစ်ရက်မှာတော့ သူမရဲ့လည်ပင်းဟာယားယံလာခဲ့ပါတယ် ။ သို့ပေမဲ့လည်းသူမ၏အရေးပြားပေါ်မှာ ဆံပင်ဆိုးဆေးအနည်းငယ်ကျန်နေခဲ့တယ်လို့သာ ထင်မှတ်ပြီးနောက်ရေဆေးချ ပြီး

ယားနာပျောက်ဆေးကိုသာလိမ်းခဲ့ပါတယ် ။ထို့နောက်သူမ၏ညီမဖြစ်သူနှင့် Amsterdam မြို့သို့သွားရောက်လည်ပတ်ခဲ့ပြီး နောက်တစ်ရက်မှာတော့သူမ၏မျက်နှာမှာ စတင်ပြီးရောင်ကိုင်းလာပါတော့တယ် ။

သူမ၏ပြောပြချက်အရ – ‘ကျွန်မတပ်ထားတဲ့မျက်မှန်တောင်အရမ်းကျပ်နေသလိုဖြစ်နေပြီး ၊ လည်ပင်းမှာလဲမီးကင်ထားသလိုခံစားခဲ့ရပါတယ် ။နောက်ထပ်တစ်ရက်ရောက်တော့ကျွန်မခေါင်းဟာကြီးလာပြီး

မျက်စိတစ်ဖက်ကလည်းရောင်ကိုင်းလွန်းလို့ဖွင့်လို့မရတော့လောက်အောင်ပိတ်သွားခဲ့ပါတယ် ။ မျက်နှာ နဲ့ခေါင်းတစ်ခုလုံးဟာတအားနာကျင်နေခဲ့လို့ ဆေးရုံသွားပြခဲ့ပါတယ် ။

သို့ပေမဲ့လည်းနောက်တစ်ရက်မှာ မျက်နှာဟာပိုယောင်ကိုင်းလာခဲ့ပြီး မျက်စိနှစ်ဖက်လုံးကလုံးဝဖွင့်လို့မရတော့တဲ့

အခြေအနေထိရောက်သွားခဲ့ပါတယ်’ ဟူ၍ ပြောပြထားခဲ့ပါတယ်။

ထို့နောက်ဖခင်ဖြစ်သူကိုလှမ်းဆက်သွယ်အကြောင်းကြားပြီး နေရပ်သို့ပြန်လာခဲ့ကာ လေဆိပ်သို့ရောက်ရောက်ချင်းမှာပဲဖခင်ဖြစ်သူက သူမငယ်ရွယ်စဉ်ကတည်းက

ပြသခဲ့သော Milton Keynes Hospital သို့ချက်ချင်ခေါ်ဆောင်သွားခဲ့ပါတယ် ။

သူမဟာအဆိုပါဆေးရုံမှာ5ရက်လောက်ဆေးကုသမှုခံယူခဲ့ရပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ကာ

နောက်ပိုင်တွင်ဘယ်တော့အခါမှဆံပင်အရောင်မဆိုးတော့ကြောင်း သူမရဲ့အတွေ့အကြုံကိုဝေမျှသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: thesun

Unicode

Leave a Reply

Your email address will not be published. Required fields are marked *